Shine's Knowledge

Shine's Knowledge မင်္ဂလာပါ၊ ကျွန်တော် ဒီ page လေးမှာ အထွေထွေဗဟုသုတလေးတွေတင်ပေးမှာပါ။

ပလတ်စတစ် အမျိုးအစားများပလတ်စတစ်ဆိုတာ ကျွန်တော်တို့ နေ့စဉ်ဘဝမှာ မရှိမဖြစ် လိုအပ်လာပါနယ်။ ဒါပေမဲ့ ပလတ်စတစ်အားလုံး အတူတူမဟု...
07/04/2026

ပလတ်စတစ် အမျိုးအစားများ

ပလတ်စတစ်ဆိုတာ ကျွန်တော်တို့ နေ့စဉ်ဘဝမှာ မရှိမဖြစ် လိုအပ်လာပါနယ်။ ဒါပေမဲ့ ပလတ်စတစ်အားလုံး အတူတူမဟုတ်ကြပါဘူး။ သူတို့ကို အပူဒဏ်ခံနိုင်ပုံ ပေါ်မူတည်ပြီး နှစ်မျိုးခွဲခြာလို့ရတယ်။

Thermoplastics ပလက်စတစ်က အပူပေးရင် ပျော့ပြီး အအေးခံရင် မာသွားတယ်။ ဒီအတိုင်း အကြိမ်ကြိမ် ပြန်လုပ်ပြီး ပြနိသုံးလို့ရတယ်။ ဥပမာ - PET (ရေသန့်ဘူး)၊ HDPE (ဆက်ပြာဘူး)၊ PVC (ရေပိုက်)၊ PP (ရေသန့်ဘူးအဖုံးလိုမျိုးဟာ)။

Thermosets ပလက်စတစ် ကျတော့ အပူပေးပြီးပုံသွင်းပြီးရင် ပုံသေ ဖြစ်သွားလိူ့ နောက်ထပ်တခါအပူပေးသည့်အသုံးပြုလို့မရတော့ပါဘူး။ ဥပမာ — Bakelite (ကြွေနဲ့ဆင်တူတယ်)၊ Epoxy resin (ကော်)၊ Melamine (ကော်ထမင်းဘူး)။

ပလတ်စတစ်ဘူးတွေရဲ့ အောက်ခြေမှာ မြှားပုံစံတြိဂံထဲမှာ ဂဏန်းတစ်လုံးပါပါတယ်။ အဲဒါက ပလတ်စတစ်အမျိုးအစားကို ပြတယ်။

ဂဏန်း ၁ က PET — ရေသန့်ဘူး၊ အအေးဘူး။ ပေါ့တယ်၊ ရေစိုခံတယ်။ ဒါပေမဲ့ တစ်ခါသုံးပြီး ပြန်မသုံးသင့်ဘူး။ ပြန်လည်အသုံးပြုလို့ရတယ်။

ဂဏန်း ၂ က HDPE — နို့ဘူး၊ ခေါင်းလျှော်ရည်ဘူး။ ခိုင်ခံ့တယ်၊ ဓာတုဒဏ်ခံနိုင်တယ်။ ပြန်လည်အသုံးပြုလို့ရတယ်။

ဂဏန်း ၃ က PVC — ရေပိုက်၊ လျှပ်စစ်ဝါယာကြိုး။ ခိုင်ခံ့တယ်၊ ဒါပေမဲ့ မီးရှို့ရင် အဆိပ်ဓာတ်ငွေ့‌ေတွထွက်တတ်တယ်။ ပြန်လည်အသုံးပြုရခက်တယ်။

ဂဏန်း ၄ က LDPE — ပလတ်စတစ်အိတ်။ ပျော့တယ်၊ ရေစိုခံတယ်။ ပြန်လည်အသုံးပြုလို့ရတယ်။

ဂဏန်း ၅ က PP — ဘူးအဖုံး။ အပူဒဏ်ခံတယ်၊ ခိုင်ခံ့တယ်။ ပြန်လည်အသုံးပြုလို့ရတယ်။

ဂဏန်း ၆ က PS — အချိုရည်တွေထဲသောက်နေကျ အကြည်‌ေရာင် ခွက်လေးတွေ။ ဈေးသက်သာတယ်၊ ဒါပေမဲ့ ကျိုးလွယ်ပျက်လွယ်တယ်၊ ပြန်လည်အသုံးပြုရခက်တယ်။

ဂဏန်း ၇ က အခြား — ဖုန်းကိုယ်ထည်၊ ဇီဝပလတ်စတစ်တစ်မျိုး။ အမျိုးအစားပေါ်မူတည်ပြီး ပြန်လည်အသုံးပြုလို့ရတယ် မရဘူး ဆိုတာ ရှိတယ်။

ကျန်းမာရေးအတွက် ဂဏန်း ၃ နဲ့ ၆ က အစားအသောက်ထည့်ဖို့ မသင့်တော်ဘူး။ ဂဏန်း ၇ (PC) တစ်ချို့မှာ BPA ပါတတ်တယ်။ ဂဏန်း ၁ ကို တစ်ခါသုံးပြီး ပြန်မသုံးသင့်ဘူး။ အကောင်းဆုံးက ဂဏန်း ၂ နဲ့ ၅ ပါ။ ဒါကြောင့် နောက်တစ်ခါ ပလတ်စတစ်ဘူးကောက်ကိုင်ရင် အောက်ခြေက ဂဏန်းလေးကို လှန်ကြည့်လိုက်ပါ။ ဘယ်ပလတ်စတစ်နဲ့လုပ်ထားလဲဆိုတာ သိရုံတင်မက ဘယ်လိုသုံးသင့်လဲ၊ ပြန်လည်အသုံးပြုလို့ရလားဆိုတာကိုပါ သိသွားမှာပါဗျာ။


ရာသီခွင်ဆိုင်ရာစရိုက်လက္ခဏာများ ( Zodiac Sign)ရာသီခွင်ဆိုတာ လူတွေရဲ့ မွေးနေ့ကို အခြေခံပြီး စရိုက်လက္ခဏာ၊ အားသာချက်၊ အားန...
03/04/2026

ရာသီခွင်ဆိုင်ရာစရိုက်လက္ခဏာများ ( Zodiac Sign)

ရာသီခွင်ဆိုတာ လူတွေရဲ့ မွေးနေ့ကို အခြေခံပြီး စရိုက်လက္ခဏာ၊ အားသာချက်၊ အားနည်းချက်တွေကို ခွဲခြမ်းစိတ်ဖြာတဲ့ ယုံကြည်မှုတစ်ခုဖြစ်ပါတယ်။ တစ်ချို့က ဒါကို အလွန်အမင်း ယုံကြည်ကြပြီး တစ်ချို့ကတော့ မယုံကြည်ကြပါဘူး။ ဒါပေမဲ့ ဒါကို သိထားရင် ကိုယ့်ကိုယ်ကိုယ် နားလည်ဖို့၊ တခြားသူတွေကို နားလည်ဖို့ ပျော်စရာလေးတစ်ခု ဖြစ်နိုင်ပါတယ်ဗျ။

အောက်မှာ ရာသီခွင် ၁၂ ခုရဲ့ အဓိက စရိုက်လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။ 👇👇



နေအဖွဲ့အစည်းဆိုတာ နေကိုဗဟိုပြုပြီး လှည့်ပတ်နေတဲ့ ဂြိုဟ်တွေ၊ လတွေ၊ ဂြိုဟ်သိမ်တွေ၊ ကြယ်တံခွန်တွေ ပါဝင်တဲ့ အစုအဝေးကြီးတစ်ခု...
02/04/2026

နေအဖွဲ့အစည်းဆိုတာ နေကိုဗဟိုပြုပြီး လှည့်ပတ်နေတဲ့ ဂြိုဟ်တွေ၊ လတွေ၊ ဂြိုဟ်သိမ်တွေ၊ ကြယ်တံခွန်တွေ ပါဝင်တဲ့ အစုအဝေးကြီးတစ်ခုပါ။ ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာဂြိုဟ်လည်း အဲဒိထဲက တစ်ခုအပါအဝင်ပါ။

နေက ဗဟိုမှာရှိပြီး သူ့ကိုပတ်နေတဲ့ ဂြိုဟ် ၈ ခုရှိတယ်။ နေနဲ့အနီးဆုံးကနေ အဝေးဆုံးအထိ - ဗုဒ္ဓဟူးဂြိုဟ် (Mercury)၊ သောကြာဂြိုဟ်(Venus) ၊ ကမ္ဘာဂြိုဟ် (Earth) ၊ အင်္ဂါဂြိုဟ်(Mars) ၊ ကြာသပတေးဂြိုဟ် (Jupiter) ၊ စနေဂြိုဟ် (Saturn) ၊ ယူရေးနပ်စ် (Uranus) ၊ နက်ပကျွန်း (Neptune) တို့ဖြစ်တယ်။ ပြီးတော့ ကျောက်ဆောင်ဂြိုဟ်‌တွေဟာ နေအနီးမှာတည်ရှိပြီး ဓာတ်ငွေ့ဂြိုဟ် (Jupiter ကအစ) တွေက နေအ‌ဝေးမှာတည်ရှိကြပါတယ်။

နေအဖွဲ့အစည်းဟာ ကြီးမားလွန်းလို့ အစွန်းရောက်ဖို့ အလင်းနှစ်ဝက် အထိကြာတတ်ပါတယ် ။ ဒါပေမဲ့ နေဖွဲ့စည်းတည်ရှိတဲ့ Micky Way galaxy နဲ့ယှဥ်ရင် အစက်လေးတစ်စက်စာလောက်ပဲရှိပါတယ်။။

ဂြိုဟ်တွေအကြောင်း အောက်မှာ အသေးစိတ် ရှင်းပြပါမယ် 👇👇



နယူတန်၏ ရူပဗေဒ နိယာမများနယူတန်ရဲ့ နိယာမတွေကို မလေ့လာခင် ဒီအကြောင်းကို သိထားသင့်တယ်၊ ဒီနိယာမတွေဟာ ကျွန်တော်တို့ နေ့စဉ်ဘဝမ...
02/04/2026

နယူတန်၏ ရူပဗေဒ နိယာမများ

နယူတန်ရဲ့ နိယာမတွေကို မလေ့လာခင် ဒီအကြောင်းကို သိထားသင့်တယ်၊ ဒီနိယာမတွေဟာ ကျွန်တော်တို့ နေ့စဉ်ဘဝမှာ ကြုံနေရတဲ့ အရာတွေကို ရှင်းပြပေးတဲ့ အခြေခံအုတ်မြစ်တွေပါ။ ကားတစ်စီး ရွေ့တာ၊ ဘောလုံးပစ်တာ၊ လေယာဉ်ပျံတက်တာ အားလုံးရဲ့ နောက်ကွယ်မှာ နယူတန်ရဲ့ နိယာမတွေ အလုပ်လုပ်နေပါတယ်။ 👇👇

ပထမနိယာမ

အရာဝတ္ထုတစ်ခုဟာ အပြင်အားတစ်ခုခု သက်ရောက်မလာရင် ရပ်နေတာက ရပ်နေမှာ၊ ရွေ့နေတာက ရွေ့နေမှာပါ။

ဒါကို "အရှိန်ထိန်းနိယာမ" လို့လည်း ခေါ်တယ်။ ကားတစ်စီးမှာ ဘရိတ်မနင်းရင် ရပ်မှာမဟုတ်ပါဘူး။ ဓာတ်ဆီမဖြည့်ရင် ရွေ့နေမှာမဟုတ်ဘူး။

✨✨

ဒုတိယနိယာမ

F = ma

ဒီဖော်မြူလာက ရူပဗေဒမှာ အကျော်ကြားဆုံးပါ။ အရာဝတ္ထုတစ်ခုကို သက်ရောက်တဲ့ အား (Force) ဟာ အဲဒီအရာဝတ္ထုရဲ့ ဒြပ်ထု (mass) နဲ့ အရှိန် (acceleration) ကို မြှောက်ထားတာနဲ့ ညီတယ်။

ရိုးရိုးလေးပြောရရင် လေးလံတဲ့ပစ္စည်းကို ရွှေ့ဖို့ အားပိုလိုတယ်။ ပေါ့တဲ့ပစ္စည်းကို ရွှေ့ဖို့ အားနည်းနည်းနဲ့ရတယ်။

✨✨

တတိယနိယာမ

လုပ်ဆောင်ချက်တိုင်းမှာ တန်ပြန်လုပ်ဆောင်ချက် ရှိတယ်။

ဆိုလိုတာက အားတစ်ခုသက်ရောက်ရင် အဲဒီအားကို ဆန့်ကျင်တဲ့ အားတစ်ခု ပြန်ရှိတယ်။ ဥပမာ - ခုန်ချင်ရင် မြေကြီးကို အားနဲ့ကန်ရတယ်။ မြေကြီးက ပြန်တွန်းလိုက်လို့ ခုန်နိုင်တာပါ။


သိပ္ပံ အဓိက ၃ ဘာသာ ရှင်းလင်းချက်။ 👇👇
02/04/2026

သိပ္ပံ အဓိက ၃ ဘာသာ ရှင်းလင်းချက်။ 👇👇




Address

.
Magway

Website

Alerts

Be the first to know and let us send you an email when Shine's Knowledge posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category