Jasmine poetess

Jasmine poetess Art Form

သွားတွေရှိတုန်းရယ်ပါ ဆံပင်တွေရှိတုန်း သပ်သပ်ရပ်ရပ်ဖီးပါဒီနေ့ထက်ပိုပြီး ငယ်မသွားနိုင်တော့တာမို့ဓါတ်ပုံများများရိုက်ပါ မျက...
24/05/2026

သွားတွေရှိတုန်းရယ်ပါ
ဆံပင်တွေရှိတုန်း သပ်သပ်ရပ်ရပ်ဖီးပါ

ဒီနေ့ထက်ပိုပြီး ငယ်မသွားနိုင်တော့တာမို့
ဓါတ်ပုံများများရိုက်ပါ

မျက်စိကောင်းနေတုန်း
သဘာဝအလှတရားတွေကိုခံစားပါ

လမ်းလျှောက်နိုင်တုန်း ခရီးတွေသွားပါ
အကုန်စားနိုင်တုန်း အရသာရှိတာတွေစားပါ

သေရင်အကုန်ထားခဲ့ရမှာတွေကို
ရဖို့အတင်းကြိုးစားနေတာထက်

အပြည့်အဝနေထိုင်သွားနိုင်ဖို့အရေးကြီးတယ်
🌻

🍀


ဘာမှ မသေချာတော့ဘူးအချစ်ရေ.. တကယ်ဆိုတောင်ပေါ်တောပန်းလေးခူးပေးချင်သေးတာ..၊တကယ်ဆိုလေပြေညှင်းကြောင့် ပြိုဆင်းလာတဲ့ ဆံပင်ထွေး...
12/05/2026

ဘာမှ မသေချာတော့ဘူး
အချစ်ရေ..

တကယ်ဆို
တောင်ပေါ်တောပန်းလေး
ခူးပေးချင်သေးတာ..၊

တကယ်ဆို
လေပြေညှင်းကြောင့်
ပြိုဆင်းလာတဲ့ ဆံပင်ထွေးလေး
သပ်တင်ပေးချင်သေးတာ ၊

တကယ်ဆို
တံစက်မြိတ်က မိုးရေစက်တွေကိုငေး
ကာဖီပူပူနွေး
အတူတူ သောက်ချင်သေးတာ... ၊

တကယ်ဆို
ခြံဝန်းညိုညိုမှာ ပန်းစိုစိုလေးတွေ
စိုက်ပေးချင်သေးတာ..၊

တကယ်ဆို
လက်ကိုမြဲအောင်ဆွဲ
ပျော်စရာကမ္ဘာမြေအနှံ့
ခြေဆန့်ချင်သေးတာ ..၊

အခုတော့ …
ဘာမှမသေချာနေတော့ပါဘူးကွယ်

အချစ်ရယ် ..
အပျက်အစီးတွေကြားက
တဖန်ပြန်လည်လှပလာဦးမဲ့ ကမ္ဘာဝယ်
ကိုယ်တို့လည်း
ပါချင်မှ ပါတော့မယ်…။


Crd

12/05/2026
ငါတို့မရှိလဲ ဖြစ်နေတဲ့ ကမ္ဘာအတွက်ငါတို့ရှိမှ ဖြစ်တယ်ဆိုတဲ့ စိတ္တဇဖယ်ကြည့်မိတဲ့အခါအရာရာဟာ ငြိမ်းချမ်းသွားစေပါတယ် ။Crdဒဿ
12/05/2026

ငါတို့မရှိလဲ ဖြစ်နေတဲ့ ကမ္ဘာအတွက်
ငါတို့ရှိမှ ဖြစ်တယ်ဆိုတဲ့ စိတ္တဇ
ဖယ်ကြည့်မိတဲ့အခါ

အရာရာဟာ ငြိမ်းချမ်းသွားစေပါတယ် ။

Crd
ဒဿ

နင့် ငါ သတိရတဲ့နေ့ကကာဖီတွေ အေးကုန်တယ်လေပြေလဲ ငြိမ်နေတယ် နေခြည်နွေးနွေးလဲ ပုန်းနေတယ်ငှက်လေးတွေ သီချင်းမဆိုကြဘူးကြားမိသမျှ...
30/04/2026

နင့် ငါ သတိရတဲ့နေ့က
ကာဖီတွေ အေးကုန်တယ်
လေပြေလဲ ငြိမ်နေတယ်
နေခြည်နွေးနွေးလဲ ပုန်းနေတယ်
ငှက်လေးတွေ သီချင်းမဆိုကြဘူး
ကြားမိသမျှဂီတသံတွေလဲ အက်ကွဲဆွေးမြေ့လို့
ဖိနပ်လေးတရံက မျက်ရည်ဝဲလျက်မော့ငေးတယ်
တိမ်တွေ တောင်အလွမ်းရောင်ပြောင်းကုန်ပါရော့

အဲဒီနေ့က
ငါလွမ်းနေတဲ့နေ့က
နင့်ကိုငါသတိရတဲ့နေ့က...

Zeugma....

ငါ့အချစ်ကို ယုံပါ ပြီးတော့ ငါ့ကိုလည်း စိတ်ချလက်ချ ချစ်ပါ ငါဟာ ခုကစပြီး မင်းရဲ့ တဦးဆိုင်နာမ်ပဲ ။  #လင်းမာအို
23/04/2026

ငါ့အချစ်ကို ယုံပါ
ပြီးတော့
ငါ့ကိုလည်း စိတ်ချလက်ချ ချစ်ပါ
ငါဟာ ခုကစပြီး
မင်းရဲ့ တဦးဆိုင်နာမ်ပဲ ။

#လင်းမာအို

" တကယ်လို့ မပေါင်းဖက်ခဲ့ကြရရင်ရော "“ ချစ်သူဖြစ်ပြီးမှ ကွေကွင်းရတဲ့အခါ ရလာတဲ့ နာကျင်မှုရယ်  တစ်ယောက် နှင့် တစ်ယောက် ချစ်ရ...
22/04/2026

" တကယ်လို့ မပေါင်းဖက်ခဲ့ကြရရင်ရော "

“ ချစ်သူဖြစ်ပြီးမှ ကွေကွင်းရတဲ့အခါ
ရလာတဲ့ နာကျင်မှုရယ်

တစ်ယောက် နှင့် တစ်ယောက် ချစ်ရဲ့သားနဲ့
ချစ်ခြင်းကို ရင်ထဲမှာပဲ တစ်သက်လုံးမျိုသိပ်ရင်း
ဝေးရတဲ့ နာကျင်မှုရယ်

" ဘယ်နာကျင်မှုက ပိုနာကျင်စေသလဲ "

#ပန်းကြာဝတ်မှုန်ခင်ခင်ထူး

#ရသ
#ကဗျာ



Poem Heaven

"သင်နဲ့ ထိုက်တန်တဲ့အရာဆိုရင် ကမ္ဘာပတ်ပြီးပဲဖြစ်ဖြစ် သင့်ဆီ ရောက်လာမှာပါ"​လောကမှာ အရာရာကို အတင်းအဓမ္မ လုပ်ယူလို့ မရနိုင်ပ...
12/04/2026

"သင်နဲ့ ထိုက်တန်တဲ့အရာဆိုရင် ကမ္ဘာပတ်ပြီးပဲဖြစ်ဖြစ် သင့်ဆီ ရောက်လာမှာပါ"

​လောကမှာ အရာရာကို အတင်းအဓမ္မ လုပ်ယူလို့ မရနိုင်ပါဘူး။ အတင်းဆုပ်ကိုင်ထားလေလေ ကိုယ့်လက်ဖဝါးတွေပဲ နာကျင်ရလေလေပါပဲ။ တခါတလေကျရင် "ရအောင်ယူခြင်း" ထက် "လွှတ်ချလိုက်ခြင်း" က ပိုပြီး စွမ်းအားကြီးတတ်ပါတယ်။

🔳 ကြိုးတစ်ချောင်းကို အတင်းမဆွဲပါနဲ့

​ပြတ်တော့မယ့် ကြိုးတစ်ချောင်းကို အတင်းဆွဲထားရင် ကိုယ့်လက်ဖဝါးပဲ ပွန်းပဲ့ဖုထွက်မှာပါ။ လူမှုဆက်ဆံရေးမှာလည်း ဒီလိုပါပဲ။ ကိုယ့်အနားမှာ မနေချင်တော့တဲ့သူကို အတင်းဆွဲထားတာဟာ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်နဲ့ စိတ်ဓာတ်တွေကို ဖျက်ဆီးနေတာနဲ့ အတူတူပါပဲ။

​"ထွက်သွားတဲ့သူက ကိုယ့်ဇာတ်လမ်းထဲမှာ သူ့အခန်းကဏ္ဍ ပြီးဆုံးသွားလို့ပါ။ ဇာတ်ညွှန်းအသစ် ရေးဖို့အတွက် နေရာလွတ် ချန်ထားလိုက်ပါ။"

​🔳 ရွှံ့နွံထဲမှာ အတင်းမရုန်းပါနဲ့

​ရွှံ့နွံထဲ ကျွံနေတဲ့အခါ အတင်းရုန်းလေလေ၊ ပိုနစ်လေလေပါပဲ။ အဲဒီလိုအချိန်မှာ စိတ်ကို အေးအေးထားပြီး ငြိမ်နေမှသာ အပေါ်ကို ပြန်တက်ဖို့ လမ်းစမြင်ရတာပါ။ ဘဝမှာ ပြဿနာတွေ ကြုံလာတဲ့အခါ အတင်းတိုးဝှေ့ ဖြေရှင်းနေမယ့်အစား "အချိန်ကို အချိန်ပေးလိုက်ပါ"။ တခါတလေ ဘာမှမလုပ်ဘဲ နေခြင်းက အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်သွားတတ်ပါတယ်။

​🔳 ရေစီးကြောင်းကို အတင်းမဆန်ပါနဲ့

​မြစ်တစ်စင်းဟာ ကျောက်ဆောင်ကြီးနဲ့ တိုးတဲ့အခါ အဲဒီကျောက်ဆောင်ကို ဖောက်ထွက်ဖို့ မကြိုးစားပါဘူး။ ဘေးကနေ ကွေ့ဝိုက်ပြီး အေးအေးဆေးဆေး စီးဆင်းသွားတာပါ။ ကိုယ့်ဘဝမှာလည်း အတားအဆီးတွေ ရှိလာရင် အတင်းတိုက်ခိုက်မနေပါနဲ့။ လမ်းကြောင်းလေး နည်းနည်းပြောင်းလိုက်ရုံနဲ့ ပင်လယ်ပြင်ကြီးဆီကို ချောချောမောမော ရောက်သွားနိုင်ပါတယ်။

​🔳 ကိုယ့်ဥယျာဉ်ကိုပဲ အလှဆင်ပါ

​လိပ်ပြာတွေကို လိုက်ဖမ်းနေရင် သူတို့က ပြေးနေဦးမှာပါပဲ။ အဲဒီအစား ကိုယ့်ဥယျာဉ်ထဲမှာ ပန်းလေးတွေ စိုက်ပျိုးပြီး အလှဆင်လိုက်ပါ။ အချိန်တန်ရင် လိပ်ပြာတွေတင်မကဘဲ ငှက်ကလေးတွေပါ ပျော်ပျော်ပါးပါး ရောက်လာပါလိမ့်မယ်။

​မိမိကိုယ်ကို တိုးတက်အောင်လုပ်ပါ

​မိမိကိုယ်ကို အရင်ချစ်ပါ

​ကိုယ့်စိတ်ကို အေးချမ်းအောင် ထားပါ

📌 ​တံခါးတစ်ချပ်ကို ခေါက်လို့မှ မပွင့်ရင် အထဲမှာ ကိုယ့်အတွက် "လက်ဆောင်" မရှိလို့ပါ။ အတင်းကန်ဖွင့်ဝင်သွားရင်လည်း ကိုယ်ရမှာက "ဒဏ်ရာ" ပဲ ရှိပါလိမ့်မယ်။

​ဘဝဆိုတာ Force (အတင်းအဓမ္မ) လုပ်ယူရတာမျိုး မဟုတ်ဘဲ Flow (သဘာဝအတိုင်း စီးဆင်းမှု) ဖြစ်နေရပါမယ်။ လွှတ်ချသင့်တာကို လွှတ်ချလိုက်တဲ့နေ့ဟာ သင့်ဘဝရဲ့ အပေါ့ပါးဆုံးနေ့ ဖြစ်လာပါလိမ့်မယ်။

​☘️ "သင်နဲ့ ထိုက်တန်တဲ့အရာဆိုရင် ကမ္ဘာပတ်ပြီးပဲဖြစ်ဖြစ် သင့်ဆီ ရောက်လာမှာပါ" ☘️

#ဉာဏ
April 9, 2026

သူ့အပြုံးက ကိုယ့်ကမ္ဘာကို အရောင်ဖြည့်တဲ့အလင်းသူ့စကားက နားဆင်လို့မဝတဲ့ တေးသံစဉ်သူရှိတဲ့နေရာတိုင်း ပန်းတွေပွင့်တဲ့ နွေဦးရာ...
12/04/2026

သူ့အပြုံးက
ကိုယ့်ကမ္ဘာကို အရောင်ဖြည့်တဲ့အလင်း

သူ့စကားက
နားဆင်လို့မဝတဲ့ တေးသံစဉ်

သူရှိတဲ့နေရာတိုင်း
ပန်းတွေပွင့်တဲ့ နွေဦးရာသီ

နှလုံးသားစည်းချက်တိုင်းက
သူ့နာမည်ပဲမြည်တယ်

အကြောင်းပြချက်မရှိ
သူ့ကိုချစ်တာလဲ
ရင်ခုန်စရာအကောင်းဆုံး Rhythmပဲ


** အညိုရောင်ကျောပိုးအိတ်လေး **အမြတ်နိုးခံရတယ်ထင်မိတဲ့နေ့ရက်တွေ ရှိခဲ့တယ်—ကျောပြင်တစ်ခုမှာကိုယ့်ကိုယ်ကို ကပ်တွယ်ထားတဲ့ခပ်...
10/04/2026

** အညိုရောင်ကျောပိုးအိတ်လေး **

အမြတ်နိုးခံရတယ်ထင်မိတဲ့နေ့ရက်တွေ ရှိခဲ့တယ်—

ကျောပြင်တစ်ခုမှာ
ကိုယ့်ကိုယ်ကို ကပ်တွယ်ထားတဲ့
ခပ်သေးသေး အိမ်လေးတစ်လုံးလို

တွယ်ဖက်ထားခွင့်ရနေခြင်းကို အမြဲတမ်းလို့ အမည်ပေးခဲ့ဖူးတယ်

“မပြောင်းလဲဘူး”
“မစွန့်ပစ်ဘူး” ဆိုတဲ့
စကားလုံးတွေကို
အတွင်းအိတ်တွေထဲ စိုက်ပျိုးခဲ့တယ်
တစ်ပင်ပြီးတစ်ပင်

ဒါပေမယ့်
မီးလျံလို
အပူတပြင်း ဖြုတ်ချလိုက်တဲ့
လက်တစ်စုံ
(အံသြစရာအတိနဲ့ ---)

မျက်ဝန်းထဲက မိုးတွေ
မီးထဲစီးကျအပြီး
အသံမထွက်နိုင်တော့ဘူး

လေထဲမှာ ဝဲခနဲ
လွင့်ထွက်ခဲ့ရတယ်
ပြန်ဖမ်းလိမ့်မယ် ထင်မိသေးတယ်
ဒါပေမယ့် မဟုတ်ဘူး
အတိအကျ လွင့်စင်ကျခဲ့ရ

ရေမျက်နှာပြင်အောက်မှာ အေးစက်ငြိမ်သက်စွာ ရှိနေတာ
ဘယ်သူ့အတွက်မှ မဟုတ်တော့တဲ့
အညိုရောင်ပုံရိပ်တစ်ခု

ဖက်တွယ်စရာမရှိ ၊ခေါ်သံမရှိ
ဆုပ်ကိုင်နွေးထွေးရာမရှိ

ရေဖိအား၊ ဆွဲငင်မှု၊ တိုက်စားမှု
အထီးကျန်မှုတွေ

ပြန်ရှာမတွေ့တော့တဲ့ ကိုယ့်ဖြစ်ခြင်းတချို့
ကျောပြင်တစ်ခုကို မေ့မရချိန် တချို့
စိတ်ကူးမဟုတ်တဲ့ စိတ်ကူးအတွေးဖြစ်စဥ်တချို့

ဒါဟာ အိတ်လေးတစ်လုံးရဲ့ ဒိုင်ယာရီဆိုခဲ့ရင် ...
ဒီမှာ!
မျက်ရည် အစစ်တွေ ရှိသေးလား။

Jasmine
ဧပရယ် ၂၀၁၆

ကိုယ်က မင်းလက်ကလေး ကိုင်ခွင့်ရတဲ့အခါကမ္ဘာတစ်ခြမ်းကို ကိုယ်ကပိုင်ပြီးမင်းက ကိုယ့်လက်ကို မဖြုတ်ချရင်တော့ကမ္ဘာကြီးတစ်ခုလုံး...
06/04/2026

ကိုယ်က မင်းလက်ကလေး ကိုင်ခွင့်ရတဲ့အခါ
ကမ္ဘာတစ်ခြမ်းကို ကိုယ်ကပိုင်ပြီး
မင်းက ကိုယ့်လက်ကို မဖြုတ်ချရင်တော့
ကမ္ဘာကြီးတစ်ခုလုံးကို မင်းကပိုင်လိမ့်မယ် ။

#မောင်ဆောင်းခ

Address

Madaya

Website

Alerts

Be the first to know and let us send you an email when Jasmine poetess posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share