Bhone Shein

Bhone Shein စာ​ပေနှင့်​အနုပညာ

*မြတ်ဆရာ*နာသုံးနာကို ရင်မှာသို၍ဖဲမွေ့အိပ်ယာ မသာယာပဲရွံ့ထဲဗွက်ထဲ ခြင်းလေးစွဲကာတောရွာကကျောင်း ပညာကောင်းဖို့မညောင်းမတောင့် ...
05/10/2021

*မြတ်ဆရာ*

နာသုံးနာကို ရင်မှာသို၍
ဖဲမွေ့အိပ်ယာ မသာယာပဲ
ရွံ့ထဲဗွက်ထဲ ခြင်းလေးစွဲကာ
တောရွာကကျောင်း ပညာကောင်းဖို့
မညောင်းမတောင့်
ကုန်းကြောင်းလျှောက်သည်
ဖြိုးမောက်စေတနာ မြတ်ဆရာ......။
သင်ခါတပြည့် စာအံတွေ့မူ
မငြူမဆူ သဘောဖြူနှင့်
ဖေးကူဆုံးမ ဩဝါဒခြွေ
ဆိုးလေသည့်သား သူ့တင်ပါးကို
ကြိမ်ဖျားနှင့်ရိုက် နောင်မမိုက်အောင်
ရိပ်ယောင်ခြိမ်းခြောက်
တပြည့်ကြောက်၍
တော်စေတက်စေ
သွန်သင်ပေတာ မြတ်ဆရာ....။
ချိန်ခါကျသော် လူတော်တပြည့်
သူပြန်တွေ့က ဘဝထွေထွေ
စိုပြေလှပ ထက်တန်းကျလျှင်
ပီတိရွှင်၍ ဘဝမပြေ
သားရွှေတပြည့် ပြန်တွေ့ခဲ့မူ
စိတ်ပူရင်ထဲ မျက်ရည်ဝဲရှာ
ကရုဏာမေတ္တာ မြတ်ဆရာ.......။

◼ကိုဘုန်း

(ဤကဗျာလေးနှင့် အနန္တောအနန္တဂိုဏ်းဝင် ဆရာသခင်ကျေးဇူးရှင်တို့အား ပူဇော်ကန်တော့လိုက်ပါသည်)

04/10/2021

Send a message to learn more

04/10/2021

မင်္ဂလာပါ

Address

Khunsaithawe@gmail. Com
Möng Hsu
မင်္ဂလာပါ

Website

Alerts

Be the first to know and let us send you an email when Bhone Shein posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Bhone Shein:

Share