Mr. Black

Mr. Black Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mr. Black, Video game, Lebya.

နင်ဂျာအမည်ဖြစ်ပေါ်လာပုံ
07/11/2022

နင်ဂျာအမည်ဖြစ်ပေါ်လာပုံ

အားလုံးပဲမဂ်လာပါခင်များဒီတစ်ခါမှာတော့ကျွန်တော်အနေနဲ့နင်ဂျာဆိုတဲ့အမည်ဖြစ်ပေါ်လာတဲ့အကြောင်းကိုတင်ဆက်ပေးဖို့ရှိနေပါတယ်အဲ့တော့အဲ့အကြောင်းကိုဖတ်ရှုကြလိုက်ရအောင်.............

နင်ဂျာသည် "忍者" ဆိုသော ဂျပန် ကန်ဂျိ အက္ခရာ နှစ်လုံးကို အွန်ယောမိ ( အစောပိုင်းတရုတ်အလယ်အလတ်လွှမ်းမိုးမှု ) အဖြစ် ဖတ်ရှုခြင်းဖြစ်သည်။ ဒေသခံ ကွန်ရောမိ ဖတ်ကြားမှုတွင် ၎င်းအား ရှိနော့ဘိ ဟု အသံထွက်ပြီး ရှိနော့ဘိ နော့ မိုနော့၏ အတိုကောက် ဖြစ်သည်။

ရှိနော့ဘိ ဟူသောဝေါဟာရကို ၈ ရာစုနှောင်းပိုင်းမှ မန် မန်ယောရှူး ကဗျာများတွင် စတင်‌ေတွ့ရှိရသည်။ [၇] ရှိနော့ဘိ ( 忍 ) ၏ နောက်ခံအဓိပ္ပာယ်မှာ "ခိုးယူရန်၊ ဖုံးကွယ်ရန်" နှင့်ထပ်မံ၍ " သည်းခံရန်" ကိုဆိုလိုသည်။ မိုနော့ ( 者 ) ဆိုသည်မှာ လူပုဂ္ဂိုလ်တစ် ဦးကို ဆိုလိုသည်။

သမိုင်းကြောင်းအရ နင်ဂျာ ဟူသောစကားလုံးအား ကျယ်ပြန့်စွာ မသုံးစွဲခဲ့ပေ။ ဒေသတွင်းသုံး စကားလုံး အမျိုးမျိုးသည် နောက်ပိုင်းတွင် နင်ဂျာ ဟု ခေါ်ဆိုမည့်အရာကို ဖော်ပြရန် တဖြည်းဖြည်း ပြောင်းလဲ လာခဲ့သည်။ ရှိနော့ဘိ နှင့်အတူ အချို့သောဥပမာများမှာ မိုနော့မိ( "ကြည့်နေသောသူ")၊ နော့ကိဇာရု ( "ခေါင်မိုးပေါ်မှမျောက်")၊ ရပ်ပါ( "လူဆိုး")၊ ကူဆာ ( "မြက်") နှင့် အိဂါ-မိုနို ( "အိဂါမှလူ") စသည်တို့ ဖြစ်သည်။ ။ [၅] သမိုင်းဆိုင်ရာစာရွက်စာတမ်းများတွင် ရှိနော့ဘိ အား အမြဲတမ်း အသုံးပြုသည်။

အနောက်နိုင်ငံများ တွင် နင်ဂျာ ဟူသောစကားလုံးသည် ဒုတိယကမ္ဘာစစ် အပြီးတွင် ရှိနော့ဘိ ထက်ပိုမို ကျယ်ပြန့်စွာ သိရှိကြသည်။ အဘယ်ကြောင့် ဆိုသော် အနောက်တိုင်း စကားပြောသူများအတွက် ခေါ်ဆိုရ ပိုမိုလွယ်ကူသောကြောင့် ဖြစ်သည်။ [၂] ဂျပန်စကားတွင် အများကိန်း မရှိသောကြောင့် အင်္ဂလိပ်စကားတွင် နင်ဂျာကို အများကိန်း အနေဖြင့် သုံးပါက s ထည့်၍ ဖြစ်စေ မထည့်၍ ဖြစ်စေ သုံးကြသည်။ [၈]

ဒါကတော့နင်ဂျာဆိုတဲ့အမည်ဖြစ်ပေါ်လာတဲ့အကြောင်းရာဖြစ်ပါတယ်လိုအပ်ချက်နဲ့မပြည်စုံမှုရှိခဲရင်နာလည်ပေးဖို့တောင်ဆိုချင်ပါတယ်ဗျာဟုတ်ကဲ့ကျေးဇူးပါ

Shinobi about
06/11/2022

Shinobi about

အားလုံးပဲမဂ်လာပါဗျာကျွန်တော်ကတော့Light___2008ပဲဖြစ်တယ်ဒီနေ့မှာတော့ကျွန်ကနင်ဂျာတွေအကြောင်းတင်ဆက်ပေးမှာဖြစ်ပါတယ်🥀ကဲဆိုတော့စပြီးဖတ်ကြည့်လိုက်ရအောင်.......

နင်ဂျာ (ninja) သို့မဟုတ် ရှီနိုဘီ (Shinobi) သည် ဂျပန်ပဒေသရာဇ်ခေတ် မှ လျှို့ဝှက်အမှုဆောင် သို့မဟုတ် ကြေးစား တစ်မျိုးဖြစ်သည်။ နင်ဂျာ၏ လုပ်ဆောင်မှုများတွင် သူလျှိုလုပ်ခြင်း ၊ လှည့်စားခြင်းနှင့် အံ့အားသင့်စရာ တိုက်ခိုက်မှုများပါဝင်သည်။ [၁] သူတို့၏ ပုံမှန်မဟုတ်သော စစ်ဆင်ရေးများကို လျှို့ဝှက်နည်းလမ်းများသုံး၍ ပြုလုပ်ခဲ့ခြင်းသည် ဆာမူရိုင်း များ၏ ဂုဏ်သိက္ခာအောက်နိမ့်ကျပြီး ဂုဏ်သရေမဲ့သောလုပ်ရပ်ဟု မှတ်ယူခဲ့ကြသည်။ [၂] အထူး လေ့ကျင့်သင်ကြားထားသော သူလျှိုနှင့်ကြေးစားများ ဖြစ်သော ရှိနော့ဘိ အစစ်များသည် ၁၅ ရာစု ဆန်ဂိုးကု ခေတ်အတွင်း ပေါ်ပေါက်ခဲ့သော်လည်း ယခင် အစောပိုင်း ၁၂ ရာစုကတည်းက အလားတူ နင်ဂျာများ ရှိခဲ့ကြသည်။။ [၃] [၄]ဆန်းဂိုးကုခေတ် မငြိမ်မသက် ဖြစ်နေစဉ်တွင် အိဂါပြည်နယ် နှင့် ကိုးဂါ ကျေးရွာ ပတ်ဝန်းကျင်တို့တွင် ကြေးစားများနှင့် စပိုင်များ ခြေချင်းလိမ်နေခဲ့ကြပြီး ထိုဒေသများမှ နင်ဂျာနှင့် ပက်သတ်သော သိကောင်းစရာ များစွာရရှိခဲ့သည်။ ၁၇ ရာစုတွင် တိုကူဂါဝါရှိုးဂန်းနိတ် လက်အောက်တွင် ဂျပန်ကိုပေါင်းစည်းလိုက်သောအခါ နင်ဂျာတို့သည် မှေးမှိန် ပျောက်ကွယ် သွားခဲ့သည်။ [၅] ၁၇ ရာစုနှင့် ၁၈ ရာစုနှစ်များတွင် တရုတ် စစ်ရေး အတွေးအခေါ် အပေါ် မကြာခဏ အခြေခံ၍ ရေးသားလေ့ရှိသော ရှီနိုဘီ လက်စွဲစာအုပ်အများစုရှိပြီး နာမည်ကျော်သော စာအုပ်မှာ ဘန်ဆန်ရှူကိုင်း (၁၆၇၆) ဖြစ်သည်။ [၆]အချိန် တွင် ရှီနိုဘီ တို့သည် ဂျပန်တွင်လူကြိုက်များသော စိတ်ကူးယဉ် နှင့် လျှို့ဝှက်သည်းဖို ဇာတ်လမ်းများ ဖြစ်လာခဲ့သည်။ နင်ဂျာ များအား ဒဏ္ဍာရီများ နှင့် ရိုးရာပုံပြင်များတွင် ထင်ရှားစွာထည့်သွင်းခဲ့ကြသည်။ ၎င်းတို့သည် ကိုယ်ဖျောက်နိုင်ခြင်း ၊ ရေပေါ် လမ်းလျှောက်ခြင်းနှင့် သဘာဝဒြပ်စင်များကို ထိန်းချုပ်ခြင်း စသည့် ဒဏ္ဍာရီဆန်သော စွမ်းအင်များ နှင့် ဆက်စပ်နေသည်။ အကျိုးဆက်အားဖြင့် ရေပန်းစားလူကြိုက်များသော ယဉ်ကျေးမှုများတွင် သူတို့အားမြင်သောအမြင်မှာ ဆန်ဂေါ့ကုခေတ်က လျှို့ဝှက်လူသားများထက် ထိုသို့သော ဒဏ္ဍာရီ နှင့် ရိုးရာပုံပြင်များ အပေါ်တွင် အခြေခံသည်။

ကဲအားလုံးပဲဒါကတော့အစပဲရှိပဲသေးတယ်နောက်ထပ်အကြောင်းရာတွေကိုထပ်တင်ဆက်ပေးဖို့လည်းရှိပါတယ်အခုတော့ဒီလောက်ပါပဲအမှားများပါရင်ခွင့်လွတ်ပေးကြဖို့အားလုံးကိုကြိုတင်ပြောထား‌ပါတယ်ဟုတ်ကဲ့ကျေးဇူးပါ

Pageကိုlike & follow လေးလုပ်ပြီးsharသွားပေးကြပါအုံးခများ

Apk
13/11/2021

Apk

13/11/2021

Hi fri
We are Anime and game need😎

Address

Lebya

Website

Alerts

Be the first to know and let us send you an email when Mr. Black posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category