28/02/2025
Kylian Mbappe
အမ်ဘာပေရဲ့ ယခု ကဒ်လေးဟာ ကျွန်တော်တို့ 2025 Version မှာ အကောင့်အသစ်စဖွင့်ပြီး ကစားသူတိုင်းရရှိမှာဖြစ်ပါတယ် ။
Efootball ကထုတ်ပေးတဲ့ အမ်ဘာပေရဲ့ ပထမဦးဆုံး Real Madrid ကဒ်လည်းဖြစ်ပါတယ် ။
ယခု 2025မှ စပြီး ကစားတဲ့ Player တွေ အတွက်သာမက 2025မှ အသစ်ဖောက်ထားတဲ့ အကောင့်တွေအတွက် အဓိကကစားသမားတစ်ယောက်ဆိုလျှင် မမှားပါဘူး ။
Cf Position ကိုမှ အပီအပြင်ရှယ်ကြမ်းတဲ့ကဒ်လေးပါ ။
Advance Striker ( Goal Poacher ) Play Style အနေနှင့် ပါလာတာကြောင့် အမ်ဘာပေဟာ အမ်ဘာပေ ဖြစ်နေသေးတာပါပဲ ။
Level ကိုတော့ ကျွန်တော်က Auto တင်ပါတယ် ။
Super Sub Skill မထည့်ထားလျှင်တောင် ဒုတိယပိုင်း ဂိုးတွေ ၊ အမှတ်တွေ လိုနေတဲ့ အချိန်မျိုး ထည့်သုံးလျှင် Super Sub ထည့်ထားသလို အလုပ်လုပ်ပြီးတော့ Super Sub သာထည့်လိုက်ပါက အို... ဘယ်လိုတောင် ထိန်းရပါမှတုန်း ။
အဆုံးသတ်တာတွေကရှယ်ပဲ ။ ပြောစရာကိုမလိုတာ ။
ပြေးထွက်တာ ၊ လှည့်ပတ်ထွက်တာတွေ ကောင်းမွန်သလို ဘောလုံးကို သေချာ ထိန်းသိမ်းပြီးလူေတွကို အလိမ်အခေါက်နှင့် ဖြတ်ေကျာ်တဲ့နေရာတွေလည်း ကောင်းမွန်ပါတယ် ။
ပွဲအစမှ အဆုံးထိ ကောင်းစွာ အသုံးပြုခြင်းထက် ပွဲအစမှ မိနစ် 70လောက်အထိသော်လည်းကောင်း ၊ ဒါမှ မဟုတ် မိနစ်50မှ ပွဲအဆုံးထိသော်လည်းကောင်း အသုံးပြုခြင်းက သာ၍ကောင်းပါတယ် ။
Additional Skill တွေကိုတော့ ပုံမှ Skill များအနက် မိမိကစားပုံ ၊ ကစားဟန်တို့နှင့် ကိုက်ညီမည့် Skill များကို ရွေးခြယ်ပေါင်းထည့်စေရန်အလို့ငှာ အကြံပြုပါသည် ။
နောက်လည်း Post တွေ ဆက်လက်တင်ပေးမှာ ဖြစ်တာကြောင့် Postတွေကို Share ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် ။