Kawthaung Guppy

Kawthaung Guppy Guppy Store.

🐟Betta Fish Care Guide🐠-------------------------------------ထိန်းသိမ်းဂရုစိုက်လွယ်တဲ့bettaငါးလေးကို ဘယ်လိုမျိုးနည်းနဲ့မွ...
27/02/2024

🐟Betta Fish Care Guide🐠
-------------------------------------
ထိန်းသိမ်းဂရုစိုက်လွယ်တဲ့bettaငါးလေးကို ဘယ်လိုမျိုးနည်းနဲ့မွေးမြူသင့်လဲဆိုတာကို လေ့လာကြည့်ရအောင်ခင်ဗျာ..

-မူလဇာတိ - ဒီ Betta Fish လေးတွေကိုထိုင်းနိုင်ငံရဲ့ မဲခေါင်မြစ်ဝကျွန်းပေါ်တွေမှာရှိတဲ့ လယ်ကွင်း / ရွံအိုင်တွေ စတဲ့ ရေတိမ်ပြီး ရေစီးဆင်းမှု နှေးတဲ့ နေရာတွေမှာ စတင်တွေ့ရှိခဲ့ကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့ အခုချိန်မှာဆိုရင် အရှေ့တောင်အာရှနိုင်ငံများဖြစ်တဲ့ လာအို / မြန်မာ / ကမ္ဘောဒီးယား စတဲ့နိုင်ငံတွေမှာပါ တွေ့ရှိနိုင်ကြပါတယ်။

-ရေအမျိုးအစား - သူတို့ဟာ 5° - 20° dh အတွင်းမှာရှိတဲ့ ရေချိုအမျိုးအစားမှာ ကောင်း စွာနေထိုင် နိုင်ပါတယ်။

-အပူချိန်/ph level - 75 – 80 °F ရှိတဲ့အပူချိန် နဲ့ 6.8–7.5 ph ရှိတဲ့ ရေအမျိုးအစား လိုအပ်ပါတယ်။

-ကန်အရွယ်အစား - Betta fish တွေဟာ ကိုယ်ပိုင်နေရာ သတ်မှတ်ချက်နဲ့ နေထိုင်ကြတဲ့ ငါးလေးတွေပဲဖြစ်ပါတယ်။အကောင်လေးတွေက သေးငယ်တော့ နေရာအကျယ်အဝန်းကလဲ သိပ်မလိုအပ်ပါဘူး။ဒါကြောင့် သူတို့ကို 1 – 5 gal (ဒါမှမဟုတ်) 4″ × 4″ × 8″ အကျယ်ရှိတဲ့ မှန်ပုံး နဲ့ မွေးမြူနိုင်လျှင် အကောင်းဆုံးဖြစ်ပါတယ်။(1'ပတ်လည်ဆိုပိုကောင်းပါတယ်။)

-အကြီးဆုံးရောက်နိုင်သောဆိုဒ် - အကြီးဆုံးအရွယ်အစားကတော့ 2.5"–3" အထိပဲကြီးထွားနိုင်ပါတယ်။

-သက်တမ်း - ကောင်းစွာဂရုစိုက်မှုပေးနိုင်မယ်ဆိုရင်တော့ 2 နှစ်ထက်ပိုတဲ့ သက်တမ်းအထိနေနိုင်ကြပါတယ်။(သဘာဝမှာဆို ၅နှစ်အထိရှင်သန်နိင်ပါတယ်။)

-အစားအစာ - အသားစားသတ္တဝါဖြစ်ပေမဲ့ အစာခြောက် အစာစိုအားလုံး ကျွေးလို့ရပါတယ်။( ရေတီ / ရေပိုး / ပိုးလောက်လန်း / အာတီးမီးယား ကျွေးလို့ရပါတယ်။သန့်စင်ဖ်ို့တော့လိုပါမယ်။)

-အုပ်စုဖွဲ့နေထိုင်မှု - Betta Fish အထီးတွေက ကိုယ်ပိုင်နေရာမှာ တစ်ကောင်ထဲ သီးသန့်နေရတာ ကြိုက်ပါတယ်။အမတွေကတော့ ကန်ကျယ်ကျယ်မှာ အုပ်စုလိုက်ထားနိုင်ပါတယ်။(အနည်းနဲ့အများတော့လိုက်ကိုက်ပါတယ်)။

-Tankmates - ရန်လိုမှုများတဲ့ Betta Fish အထီးတွေအတွက်တော့ tankmateရွေးချယ်ရာမှာ အခက်အခဲရှိနိုင်ပါတယ်။ Snails , Shrimps , African Dwarf Frogs,Corydoras Catfish , Neon and Ember Tetras , Harlequin Rasboras , Guppies , Clown Pleco , Kuhli Loachesစတဲ့ငါး‌တွေနဲ့တွဲမွေးလို့ရပါတယ်။(source-Google)

-ထိန်းသိမ်းဂရုစိုက်မှု - Betta မွေးမယ်ဆိုရင် ရေအပူချိန်နဲ့ ရေအရည်အသွေးကို အထူးဂရုပြုပေးရပါမယ်။တစ်ကောင်ထဲနေပြီး အစားနည်းတဲ့အတွက် ရေက ခဏနဲ့တော့ နောက်ပါဘူး။ဒါပေမဲ့ အချိန်ကြာလာတာနှင့်အမျှ အညစ်အကြေးများ မသန့်ရှင်းမိတဲ့အခါ ammonia အဆိပ်က ငါးကို မျက်လုံးရောဂါနဲ့ အမြှီးအတောင် ရောဂါများဖြစ်စေနိုင်ပါတယ်။ဒါကြောင့် 2ရက်တစ်ကြိမ် or 3ရက်တစ်ကြိမ်ခန့် ရေ50%ခန့်လဲလှယ်ပေးရပါမယ်။( တစ်ဝက်ပဲလဲပေးပါ။အကုန်လှယ်ရင် ရေရှော့ဖြစ်တတ်ပါတယ်။)

-ကန်အပြင်အဆင် - Betta Fish တွေက ရေအရမ်းနက်ရင်လဲမကြိုက်ပါဘူး။အရမ်းတိမ်လွန်းရင်လဲအဆင်မပြေပါဘူး။
ဒါကြောင့် ရေ 8" – 10″အမြင့်က အကောင်းဆုံးဖြစ်ပါတယ်။

နောက်ပြီး betta တွေက ပုန်းခိုနေရတာကိုလဲ ကြိုက်ပါတယ်။ဒီပုန်းခိုစရာလေးတွေက bettaတွေကို စိတ်ဖိစီးမှု သက်သာစေဖို့အထောက်အပံ့ပေးပါတယ်။
တချို့ကျွမ်းကျင်သူတွေကတော့ betta လေးတွေကို nano planted tank လေးတွေနဲ့အတူ တွဲဖက်မွေးမြူကြပါတယ်။

-သားဖောက်ခြင်း - Betta တွေက မွေးမြူရလွယ်ကူပါတယ်။ဒါပေမဲ့ သားဖောက်ဖို့အတွက်ဆိုရင်တော့ Professionalသမားတွေပဲ ကောင်းစွာ ထိန်းကျောင်းနိုင်တာကိုတွေ့ရပါတယ်။
ဖတ်ရှုရန်-
https://m.facebook.com/story.php?story_fbid=115334634720639&id=100087323092233&mibextid=Nif5oz

-ဆောင်ရန်ရှောင်ရန် - Betta တွေကအခြားငါးတွေထက်ပိုပြီး အကြမ်းခံပါတယ်။ဒါပေမဲ့ ရေအပူချိန် ph ကိုတော့အထူးဂရုပြုပေးရပါမယ်။

-အစာကျွေးခြင်း-အစာကိုလဲ တစ်ခါကျွေး မနက်/​ နေ့/ည ၄ - လုံး လောက်ဆိုအဆင်ပြေတယ် သူစားနိုင်သလောက်စားပြီး ကျန်တာကို ချက်ချင်းဖယ်ထုတ်ပေးပါ။

-မွေးမြူလျှင်လိုအပ်သောပစ္စည်းများ - မှန်ကန်တစ်ကန်နဲ့ ဗန်ဒါရွက်ခြောက် ရှိရင် မွေးလို့ရပါပြီ။

အားလုံးပဲ အဆင်ပြေကြပါစေခင်ဗျာ။
_____________________________________
-နောက်ထပ် betta knowledge တွေထပ်တင်ပေးအုန်းမှာဖြစ်လို့ page‌ကို like လေးလုပ်ပေးကြပါအုန်းခင်ဗျာ🙇
ယခု Post အား ကြိုက်နှစ်သက်လျှင် မိမိ၏ Wall ထဲတွင် သိမ်းထားလိုပါက Like , Share and Save နိုင်သည်။
မိမိကြိုက်နှစ်သက်သော Group များတွင်လည်း
Share နိုင်ပါသည်။ 😄😄

ကျေးဇူးတင်လျက် - Betta Collection.(we only care the quality.)

: GuGu&GiGi

from Google

Address

Kawthaung , Annwar
Kawthaung
14091

Alerts

Be the first to know and let us send you an email when Kawthaung Guppy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Kawthaung Guppy:

Shortcuts

Share

Category