AaKhayar Mm Sub Movie's & Entertainment Channel

AaKhayar Mm Sub Movie's & Entertainment Channel Eng, Thai, Korea, Chinese, Japanese
Movie's Mm Sub

Movies New လေးတွေတင်နေပါပြီ
19/11/2022

Movies New လေးတွေတင်နေပါပြီ

ကျနော်ရဲ့ fb passလေးမေ့နေလို့Fbမှာ postမတင်ဖြစ်တာပါ🌻🌻🌻နားလည်ပေး​ပါနော်​🙁🙁🙁🙁🙁
31/10/2022

ကျနော်ရဲ့ fb passလေးမေ့နေလို့
Fbမှာ postမတင်ဖြစ်တာပါ🌻🌻🌻
နားလည်ပေး​ပါနော်​🙁🙁🙁🙁🙁

မတွေ့တာကြာပြီနော်😊😊😊ကိုရီးယား​စီးရီးအသစ်လေးနဲ့ပြန်လာပါပြီ𝐓𝐡𝐞 𝐐𝐮𝐞𝐞𝐧'𝐬 𝐔𝐦𝐛𝐫𝐞𝐥𝐥𝐚 (2022)မိဖုရားတွေရဲ့ တိုက်ပွဲထဲ ကြားညှပ်လာမ...
19/10/2022

မတွေ့တာကြာပြီနော်😊😊😊
ကိုရီးယား​စီးရီးအသစ်လေးနဲ့ပြန်လာပါပြီ

𝐓𝐡𝐞 𝐐𝐮𝐞𝐞𝐧'𝐬 𝐔𝐦𝐛𝐫𝐞𝐥𝐥𝐚 (2022)

မိဖုရားတွေရဲ့ တိုက်ပွဲထဲ ကြားညှပ်လာမယ့် မင်းသားငယ်လေးတွေနဲ့ လောင်ရကြောင်ရမယ့် နန်းတွင်းကားလေးလာပါပြီ 🤭

ဘုရင့်မိဖုရားခေါင်ကြီးဖြစ်တဲ့ Im Hwa Ryeong ဟာအများနဲ့ဆိုရင် ခက်ထန်ပြီးဒေါသကြီးတဲ့သူတစ်ယောက်ဖြစ်ပေမယ့် သားတော်သုံးပါးနဲ့ပတ်သက်လာရင်တော့ ဘာကိုမှ မျက်နှာထောက်မနေတတ်ပါဘူး

သူမရဲ့ဘဝက နေ့စဥ်တရားရုံးတော်ကိစ္စတွေနဲ့ ပြည့်နှက်နေပေမယ့် သားတော်တွေအတွက် ချုပ်နှောင်ခံနေရတဲ့ဘဝကိုသည်းခံပြီးနေတဲ့သူပါ

သို့သော်ငြား သားတော်တွေဟာ တော်ဝင်မိသားစုတွေကိုခေါင်းကိုက်စေတဲ့ မျောက်လောင်းမင်းသားသုံးပါးဖြစ်နေတဲ့အခါ ...

ဒီမင်းသားသုံးပါးကို အရည်းအချင်းပြည့်မှီလာတဲ့မင်းသားတွေအဖြစ် မိခင်တစ်ယောက်အနေနဲ့ ဘယ်လိုပြောင်းလဲပေးမလဲ ?

ရှုပ်ထွေးလှတဲ့ နန်းတွင်းအရှုပ်တော်ပုံတွေကြား သားတော်တွေကို ထီးသဖွယ် အကာအကွယ်ပေးမဲ့ မိခင်တစ်ဦးရဲ့မေတ္တာကိုဖော်ပြထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။

အပတ်စဥ် Sat Sun တိုင်းတင်ဆက်သွားမှာဖြစ်ပြီး စုစုပေါင်း အပိုင်း ၁၆ပိုင်း ပါဝင်ပါမယ်။
Crd CM⬇️⬇️⬇️

https://t.me/+tn4nWZ0UUlthZjE9

ဇာတ်ကားသစ်တွေတင်နေပါပြီ⬇️ ⬇️ ⬇️https://t.me/AKY1ECTKIMsc
14/10/2022

ဇာတ်ကားသစ်တွေတင်နေပါပြီ
⬇️ ⬇️ ⬇️

https://t.me/AKY1ECTKIMsc

Page နဲ့မဆိုင်ပါဘူးကျနော်ရဲ့​ကိုယ်ပိုင်,​Blog ကနေcopyပြန်ယူလာတာ
09/10/2022

Page နဲ့မဆိုင်ပါဘူး
ကျနော်ရဲ့​ကိုယ်ပိုင်,​Blog ကနေcopyပြန်ယူလာတာ

https://t.me/AKY1ECTKIMsc/250
09/10/2022

https://t.me/AKY1ECTKIMsc/250

Unlock Your Heart 2022 🔞 မဟုတ်ပါဘူး၊ နည်းနည်းတော့ကျော်ကြည့်ပါ၊ဇာတ်ကားလေးကကောင်းပါတယ်၊ မင်မင်လဲခုမှကြည့်ပြီးလို့ပါ

Maika: The Girl From Another Galaxy [2022]ဒီတစ်ခါတော့ ပရိသတ်ကြီးကို ဗီယမ်နမ် ဂြိုလ်သူမကားကောင်းကောင်းလေးနဲ့မိတ်ဆက်ပေးပါရ...
09/10/2022

Maika: The Girl From Another Galaxy [2022]

ဒီတစ်ခါတော့ ပရိသတ်ကြီးကို ဗီယမ်နမ် ဂြိုလ်သူမကားကောင်းကောင်းလေးနဲ့မိတ်ဆက်ပေးပါရစေ ကြည်ကြည်နူးနူးနဲ့ ပေါ့ပေါ့ပါးပါးကြည့်ချင်တဲ့သူတွေအတွက်တော့ တကယ့်ကိုလက်မလွှတ်သင့်တဲ့ကားလေးပါပဲ

ဟာသလေးတွေလည်းပါတော့ ဘဝအမောတွေလည်းပြေပျောက်မှာပါ “နင်ဘယ်ပဲရောက်ရောက် ငါ့နှလုံးသားထဲမှာအမြဲတမ်းရှိနေမှာပါ”ဆိုတဲ့ ကလေးလေးနှစ်ယောက်ရဲ့ ကားလေးကိုတော့ အခုချက်ချင်းပဲကြည့်လိုက်ကြပါတော့

ဇာတ်လမ်းအကျဉ်း

ဟမ် ဆိုတဲ့ကောင်လေးက တစ်ဦးတည်းသော သားလေးပါ ဒါပေမဲ့ သူ့ရဲ့အမေကရောဂါကြောင့်နဲ့ပဲ စောစောစီးစီး ဆုံးပါးသွးတော့ သူနဲ့သူ့အဖေ နှစ်ယောက်ပဲကျန်ခဲ့တော့တာပါ

သူ့အဖေက ကတော့ အင်ဂျင်နီယာနဲ့ ကျောင်းပြီးထားပေမဲ့ ဥက္ကာခဲအရောင်ဆိုင်လေးဖွင့်ပြီး ပတ်ဝန်းကျင်က ဖုန်းတွေ ကွန်ပြူတာလေးတွေပြင်ပေးနေတဲ့သူဆိုတော့ စီးပွားရေးလည်း သိပ်အဆင်မပြေလှဘူးပေါ့

အဲဒါကိုသူ့သားလေးကသိသွားတော့ စိတ်ညစ်မှာဆိုးတာနဲ့ ကြယ်ကြွေတဲ့ပွဲကိုလိုက်ပြပြီး ငါးသွားမျှားမယ်လို့ကတိပေးလိုက်ပါရော ဒါပေမဲ့ အဲဒီကတိကိုသူမတည်နိုင်ခဲ့ဘူးပေါ့လေ အဲဒါနဲ့သူ့သားလေးက ခိုးပြီးသွားကြည့်ပါလေရော

သူ့သား ဟမ် ရဲ့ တစ်ဦးတည်းသောသူငယ်ချင်းလေးကလည်း အိမ်ပြောင်းသွားခဲ့ရတာပါ ဘာဖြစ်လို့လဲဆို ဗီယမ်နမ်နိုင်ငံရဲ့ အာကာသလွှတ်တင်ရေးစခန်းအတွက် ကုမ္ပဏီကြီးတစ်ခုက သူတို့ရဲ့နေရာကိုယူချင်နေတာကြောင့် သူတို့တိုက်ပိုင်ရှင်က ပိုက်ဆံပေးပြီးပြောင်းခိုင်းနေတာပါ

မပြောင်းတဲ့သူတွေကိုလည်း အမျိုးမျိုးပြဿနာရှာနေကြတာပေါ့ အဲဒီလိုနဲ့ ကြယ်ကြွေပွဲနေ့မှာ တောင်ကြားတစ်ခုလုံးလင်းလက်သွားတာကို ဟမ် လေးကမြင်လိုက်ရပြီး နောက်နေ့မှာသွားစပ်စုရာကနေ ရေနစ်ပါလေရော သူရေနစ်နေတဲ့အချိန်မှာပဲ သူ့အရွယ် ဂြိုလ်သူမလေးက သူ့ကိုကယ်တင်ပေးခဲ့တာပေါ့

အဲဒီလိုနဲ့ သူတို့နှစ်ယောက်က သူငယ်ချင်းတွေဖြစ်သွားတာပေါ့လေ အဲဒါကို အာကာသလွှတ်တင်ရေးစခန်းဆောက်မဲ့ ကုမ္ပဏီကသူဌေးကလည်း သိနေတော့ အဲဒီဂြိုလ်သူမလေးကို သူ့အစီစဉ်အတွက် အရမ်းကိုလိုချင်နေခဲ့တာပေါ့

အဲဒီမှာပဲ ဇာတ်လမ်းလေးကစပါတော့တယ်

အဲဒီသူဌေးက ဂြိုလ်သူမလေးကိုဘယ်လိုနည်းလမ်းတွေနဲ့ မရ ရအောင်လိုက်ဖမ်းမလဲ ဘာဖြစ်လို့သူကလိုချင်နေရတာလဲ

ဟမ် နဲ့မတည့်ရာကနေ အရမ်းခင်သွားတဲ့ သူငယ် ချင်းဖက်တီးလေးကရော ဟမ်ကိုဘယ်လိုကူညီမလဲ ဂြိုလ်သူမလေးကရော ကမ္ဘာကြီးဆီဘာလာလုပ်တာလဲ

သူ့ကိုလိုက်ဖမ်းတဲ့သူတွေလက်ကရောလွတ်နိုင်မှာလားဆိုတာကိုကြည်နူးစရာ ပျော်ရွှင်စရာ ဝမ်းနည်းစရာလေးတွေနဲ့ ရောစပ်ဖွဲ့စည်းထားတဲ့ ကားကောင်းလေးထဲမှာပဲ ဆက်လက်ရှုစားလိုက်ကြပါဦး၊ ဒီမှာ⬇️⬇️⬇️

https://t.me/AKY1ECTKIMsc

Dahan: Raakan Ka Rahasya (2022)Dahan ဆိုတာ တောင် လို့အဓိပ္ပာယ်ရပါတယ် ။ ဒါကြောင့် ဇာတ်ကားလေးကလည်းနာမည်နဲ့လိုက်ဖက်အောင် Sh...
09/10/2022

Dahan: Raakan Ka Rahasya (2022)

Dahan ဆိုတာ တောင် လို့အဓိပ္ပာယ်ရပါတယ် ။ ဒါကြောင့် ဇာတ်ကားလေးကလည်း
နာမည်နဲ့လိုက်ဖက်အောင် Shilaspura ကတောင်တွေရဲ့ နောက်ကြောင်းရာဇဝင်ကို အခြေခံပြီး ရိုက်ကူးထားတာပါ
စီးရီးလေးအစမှာတော့ ခင်ပွန်းသည်ဖြစ်သူကို ပူပူနွေးနွေး ဆုံးရှုံးထားရတဲ့ IAS အရာရှိတစ်ဦးဖြစ်သူ
Avani နဲ့ သူ့သားလေး Anay တို့ ရာဂျစ်စသန် မှာရှိတဲ့ Shilaspura သို့ အကြောင်းကြောင်းကြောင့် ခရီးထွက်လာဖြစ်ခဲ့ပါတယ်
Shilaspura ဆိုတာက ရှေးခေတ် အယူအဆတွေ ကိုးကွယ်ယုံကြည်မှုတွေ မှော်ဆရာ နတ်ဆိုးရဲ့ ကျိန်စာနဲ့ ဖုံးလွှမ်းအုံ့မှိုင်းနေတဲ့ မြို့လေးတစ်မြို့ပေါ့ ...

ဒဏ္ဍာရီတွေအရ Shilaspura မှာ Nikasiyas နဲ့ Karapali လို့ခေါ်တဲ့ မျိုးနွယ်စုနှစ်ခု ထီးနန်းလုရင်း တစ်ယောက်နဲ့တစ်ယောက်တိုက်ခိုက်ခဲ့ကြရာက
အားနည်းတဲ့ Karapali ဘက် က စစ်ပွဲကို အနိုင်ရဖို့အတွက် သူတို့ရဲ့ စွမ်းအားကြီးတဲ့ စစ်သည်တော်တစ်ဦးကို စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်
သူကတော့ နတ်ဆိုးမိခင်ကနေ မွေးဖွားလာခဲ့တဲ့ မှော်ဆရာ Ridhiyakan ဖြစ်ပြီး သူ့ရဲ့ မှော်အစွမ်းတွေက
ဘယ်လိုမျိုး နည်းလမ်းနဲ့ Shilaspura ကို လွှမ်းမိုးနေသလဲဆိုတာတော့ စီးရီးလေးတစ်လျှောက် ပရိသတ်ကြီး တွေ့မြင်ရမှာပဲဖြစ်ပါတယ်...1to5, ဒီမှာ⬇️⬇️⬇️

https://t.me/+fz4y407n6TgzMjI1

Address

Insein
Insein
11011

Alerts

Be the first to know and let us send you an email when AaKhayar Mm Sub Movie's & Entertainment Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to AaKhayar Mm Sub Movie's & Entertainment Channel:

Share