Taciturn Echoes

Taciturn Echoes မြင်တွေ့ကြုံဆုံနေရသော ခံစားချက်များကို အခြေခံထားသည်။

15/11/2019

လူေတြက ကိုယ့္ကိုယ္ကို Brain wash လုပ္ၾကတယ္🤔

ဟာ ဘယ္သူက လုပ္မွာလဲ
လုပ္တာေပါ့🤔🤔

Positive လည္း လုပ္သလို Negative လည္း လုပ္ၾကတယ္😍😳

အဲဒီမွာမွ မေကာင္းတဲ့အရာေတြ ဆိုရင္ ထပ္တလဲလဲ မွတ္မိၿပီး စီးေမ်ာေနတတ္ၾကတယ္
အမွတ္သည္းေျခႀကီးၾကတယ္
ငါ့ကို ဘယ္သူက ဘယ္တုန္းက ဘယ္လိုေျပာတာေပါ့ေလ...
ေျပာတဲ့သူက ေမ့သြားၿပီ ကၽြန္မတို႔က မေမ့ၾကဘူး
ငါ့ကို လုပ္ရက္တယ္ ေျပာရက္တယ္ တေျမ့ေျမ့နဲ႔ ပူေလာင္ၾကတယ္
ပူေလာင္ေတာ့ေရာ ဘာထူးျခားလာလဲ
ကိုယ္ပဲ စိတ္ဆင္းရဲရတာ မဟုတ္ဘူးလား
ျဖစ္နိုင္ရင္ေမ့ပစ္ပါ
မဟုတ္ရင္ လူဟာ မေကာင္းတဲ့စိတ္ေတြနဲ႔ ညစ္ႏြမ္းေနတတ္ပါတယ္ ( negative ေတြ ေလ်ာ့ပါ )

ကိုယ့္ကို ခ်စ္တဲ့ ခ်ီးက်ဴးတဲ့စကားေတြသာ ကိုယ့္နားထဲမွာ ထပ္ခါထပ္ခါ ၾကားေယာင္ေပးပါ
ဒါမွ ေကာင္းတဲ့စိတ္ ေကာင္းတဲ့ အေတြးနဲ႔အတူ ခြန္အားသစ္ေတြရွိလာမွာပါပဲ ( positive စိတ္နဲ႔ေနပါ )

အဲဒါက ေျပာေတာ့သာလြယ္တာ လုပ္ဖို႔ ခက္ပါတယ္ဆိုရင္
1.ပထမဆုံး မႀကိဳက္တာကို No ဆိုၿပီး ျငင္းပါ
မႀကိဳက္တာကို ႀကိတ္မွိတ္ မေျပာရဲလို႔ ခံလိုက္ရရင္ လူက ငါ့အေလ်ာ့ေပးရေလျခင္း ဆိုၿပီးေတာ့ တေျမ့ေျမ့ခံစားေနရတတ္ပါတယ္
ကိုယ္မလုပ္နိုင္တဲ့အရာကို ျငင္းဆန္လိုက္ရင္ ကိုယ့္အတြက္ မေကာင္းတဲ့ ခံစားခ်က္ေတြကို မရေတာ့ပါဘူး

2.ေနာက္တစ္ခ်က္ကေတာ့ ကိုယ့္ရဲ့ အားသာခ်က္ အားနည္းခ်က္ကိုရွာေဖြပါ ။ လက္ခံပါ ။
အိုေက ငါသည္ ၀ တယ္ ။ ဒါေပမယ့္ ၾကင္နာတတ္တယ္။ ငါသည္ အသားမည္းတယ္ ။ သို႔ေသာ္ အလုပ္လုပ္တာ သိပ္ေသသပ္ၿပီးေတာ္တယ္ ။ စသည္ျဖင့္ေပါ့။ အားနည္းခ်က္ကို ကိုယ္ကိုယ္တိုင္က လက္ခံလိုက္ရင္ သူမ်ား လက္ညႇိုး မထိုးေတာ့ပါဘူး။ ကိုယ္ဘာေကာင္းလဲ ဆိုးလည္းသိတဲ့အတြက္ ယုံၾကည္မွုလည္းပိုရွိပါတယ္ ( positive thinking ) ဘက္ကို ပိုေရာက္လာပါတယ္။ လူတိုင္း perfect မျဖစ္တာကို ျဖစ္သေယာင္ ေဆာင္ရင္လူေတြက ပိုၿပီး လက္ညႇိုးထိုးကဲ့ရဲ့တတ္လို႔ပါ ။ အဲလို ကဲ့ရဲ့ရင္ ကိုယ့္အတြက္ စိတ္ညစ္စရာ negative thinking ေတြ ဝင္ေစပါတယ္။

3.အနီးကပ္ ခ်စ္သူ မိဘ အိမ္ေထာင္ဖက္က ထပ္ခါ ထပ္ခါ နင္အသုံးမက်ဘူး အလုပ္မလုပ္တတ္ဘူး ကေလးမထိန္းဘူး ႐ုပ္ဆိုးလိုက္တာ စသည္ျဖင့္ ထပ္ခါထပ္ခါ မေျပာပါနဲ႔ အဲလို အနီးကပ္လူက ႏွိမ္ေနရင္ ၾကားရပါမ်ားေတာ့ ဦးေႏွာက္ထဲ စီးဝင္ ၿပီး တကယ္ အသုံးမက်တဲ့သူ လို႔ ကိုယ္ကိုယ့္ကိုယ္ ခံယူလာၾကလို႔ပါပဲ ။ အမ်ားစ​ု ေရွးေရွးက လူေတြက ဘဝင္မျမင့္တတ္ေအာင္ ႏွိမ့္ခ် ေျပာဆိုမယ္ ဖိႏွိပ္မယ္ ။ ဆန္ရင္းနာနာဖြတ္မွ သူမ်ားအေျပာခံရသက္သာမယ္ဆိူၿပီး ယူဆခဲ့ၾကတဲ့ေစတနာ အမွားေတြပါ။ မွားပါတယ္လို႔ ေျပာပါရေစ။ ေတာ္လိုက္တာ။ ႀကိဳးစားရွာတာပဲ ျဖစ္တာ မျဖစ္တာကံေပါ့ ။ အလုပ္က ရတဲ့ အခ်ိန္ ႀကိဳးစားလုပ္ရင္း ကေလးလည္း ထိန္းတာပဲ.. စသည့္ျဖင့္ အေကာင္းျမင္ေျပာေပးမယ္ဆိုရင္ .. ဪ ငါေကာင္းတာကို အသိအမွတ္ျပဳသားပဲ ဆိုၿပီး ရရွိတဲ့ ခြန္အားက ဘာနဲ႔မွ မတူပါဘူး.. ခြန္အားရွိမွ ေရွ႕ဆက္နိုင္မွာပါ။

တကယ္တမ္း ေလာကမွာ အျပဳံးတခ်က္ အားေပးမွုတစ္ခြန္းက လူတိုင္းအတြက္ လိုအပ္တယ္ဆိုတာ မေမ့ပါနဲ႔ေနာ္

ကၽြန္မငယ္ငယ္က ဖတ္ဖူးတဲ့ ဆရာေအာင္သင္းလား ဆရာေဖျမင့္လား ထင္တာပဲ (စာေရးဆရာ မွားရင္လည္းေျပာၾက ဆယ္ေက်ာ္သက္က ဖတ္ဖူးေတာ့ အရမ္းၾကာေနလို႔ )

သူက bus ကားစီးရင္း ႐ုပ္ဆိုးဆိုး မိန္းမ တစ္ေယာက္ကို လွိုက္ လွိုက္လွဲလွဲ ႏွုတ္ဆက္ၿပီး ရယ္ျပလိုက္တယ္တဲ့..သူ႔သူငယ္ခ်င္းက
ေဟ့ေကာင္ သိလို႔လားေပါ့
မသိပါဘူး
မသိရင္ ဘာလို႔ရီျပလဲကြ ...
သူက ႐ုပ္ဆိုးေနလို႔ ဘယ္သူမွ အဖတ္မလုပ္တဲ့ၾကားက ငါက ရီျပလိုက္တယ္ သူကိုယ္တိုင္လည္း ေက်နပ္ၿပီး ျပန္ျပဳံးျပတာ မင္းေတြ႕တယ္မလား
ေအး..
သူသာ ဆရာမ တစ္ေယာက္ ျဖစ္ရင္ ဒီေန႔ ေက်ာင္းမွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္စာသင္မယ္
အဲဒါဆို သူရဲ့ ေပ်ာ္ရႊင္မွုက ေက်ာင္းသား ၅၀ ေလာက္ကို ပ်ံ႕ႏွံ့မယ္
ေက်ာင္းသားေတြက တဆင့္ ေက်ာင္းသားအခ်င္း ေက်ာင္းသားမိဘ အစုံေပါ့ ေပ်ာ္ရႊင္မွုဆိူတာ ပ်ံ႕ႏွံေကာင္းတဲ့အရာပါကြ
႐ုံးစာေရးမ ျဖစ္ေတာ့လည္း ဘာျဖစ္လဲကြာ
႐ုံးကလူေတြကို ေပ်ာ္ရႊင္မွု လိုက္ျဖန႔္လိမ့္မယ္
ဘာမွ အလုပ္မလုပ္ရင္ေတာင္ အိမ္ရွိလူကိုေတာ့ သူေပ်ာ္ရႊင္မွု လိုက္ျဖန႔္လိမ့္ မယ္တဲ့

ကၽြန္မငယ္ငယ္က သိပ္သေဘာက်ခဲ့တာ ခုထိ မွတ္မိေနတုန္းပဲ

​ေနာက္တစ္ခ်က္ကေတာ့ အမွားကို တစ္ခါ မွားတာကို ခြင့္မလႊတ္ပဲ ထပ္ခါ ထပ္ခါ ဘယ္တုန္းက ဘယ္လို ဆိုၿပီး ေျပာေနရင္ အေျပာခံရတဲ့သူလည္း စိတ္ညစ္ေစပါတယ္။ငါ အသုံးမက်ဘူး လက္ေၾကာမတင္းဘူးလို႔ ထင္ျမင္လာေစပါတယ္ ။ ဘာလို႔လဲဆိုေတာ့ တခါတခါ လူေတြဟာ အသက္အရြယ္ေပၚမူတည္ၿပီး ေျပာင္းလဲလာပါတယ္။ ကေလးသဘာဝ အျပင္ထြက္ခ်င္တဲ့ အခ်ိန္မွာ ဆယ္ေက်ာ္သက္မွာ မိဘ စီးပြားေရး ခဏတျဖဳတ္ပဲလာ လက္ေၾကာမတင္းသလိုလုပ္မိတာက တစ္သက္လုံး လက္ေၾကာမတင္းဘူး ဆိုၿပီး ႏွိမ္ေနလို႔ မရပါဘူး။ ျပဳျပင္ေျပာင္းလဲတတ္ေအာင္ သင္ေပးရင္း ခြန္အားေပးရသလို... အရြယ္နဲ႔ အခ်ိန္အခါ အလုပ္လုပ္လာခဲ့ရင္လည္း ႀကိဳးစားဖို႔ ခြန္အားေပးရမွာပါေနာ္

ေပ်ာ္ရႊင္မွုက ပ်ံ႕ႏွံ့တတ္သလို
အႏွိမ္ခံရတာ ေဒါသျဖစ္ခံရတာ စိတ္တိုရတာေတြကလည္း ပ်ံ႕ႏွံ့ပါတယ္
အေဖက အေမကိုဆူရင္ အေမက ကေလးကိုဆူတယ္
ကေလးက တျခားကေလးကို နိုင္တဲ့သူ ပတ္ရမ္းတယ္ဆိုတာ အမွန္ပါ

အဲဒီေတာ့ ကၽြန္မတို႔ ေပ်ာ္ရႊင္ျခင္းေလးေတြကို အိမ္ကေနစၿပီး လိုက္ျဖန႔္လိုက္ရေအာင္
Positive thinking ေလးေတြ တတ္နိုင္သေလာက္ ျဖန႔္ၾကရေအာင္ပါေနာ္




လူတွေက ကိုယ့်ကိုယ်ကို Brain wash လုပ်ကြတယ်🤔

ဟာ ဘယ်သူက လုပ်မှာလဲ
လုပ်တာပေါ့🤔🤔

Positive လည်း လုပ်သလို Negative လည်း လုပ်ကြတယ်😍😳

အဲဒီမှာမှ မကောင်းတဲ့အရာတွေ ဆိုရင် ထပ်တလဲလဲ မှတ်မိပြီး စီးမျောနေတတ်ကြတယ်
အမှတ်သည်းခြေကြီးကြတယ်
ငါ့ကို ဘယ်သူက ဘယ်တုန်းက ဘယ်လိုပြောတာပေါ့လေ...
ပြောတဲ့သူက မေ့သွားပြီ ကျွန်မတို့က မမေ့ကြဘူး
ငါ့ကို လုပ်ရက်တယ် ပြောရက်တယ် တမြေ့မြေ့နဲ့ ပူလောင်ကြတယ်
ပူလောင်တော့ရော ဘာထူးခြားလာလဲ
ကိုယ်ပဲ စိတ်ဆင်းရဲရတာ မဟုတ်ဘူးလား
ဖြစ်နိုင်ရင်မေ့ပစ်ပါ
မဟုတ်ရင် လူဟာ မကောင်းတဲ့စိတ်တွေနဲ့ ညစ်နွမ်းနေတတ်ပါတယ် ( negative တွေ လျော့ပါ )

ကိုယ့်ကို ချစ်တဲ့ ချီးကျူးတဲ့စကားတွေသာ ကိုယ့်နားထဲမှာ ထပ်ခါထပ်ခါ ကြားယောင်ပေးပါ
ဒါမှ ကောင်းတဲ့စိတ် ကောင်းတဲ့ အတွေးနဲ့အတူ ခွန်အားသစ်တွေရှိလာမှာပါပဲ ( positive စိတ်နဲ့နေပါ )

အဲဒါက ပြောတော့သာလွယ်တာ လုပ်ဖို့ ခက်ပါတယ်ဆိုရင်
1.ပထမဆုံး မကြိုက်တာကို No ဆိုပြီး ငြင်းပါ
မကြိုက်တာကို ကြိတ်မှိတ် မပြောရဲလို့ ခံလိုက်ရရင် လူက ငါ့အလျော့ပေးရလေခြင်း ဆိုပြီးတော့ တမြေ့မြေ့ခံစားနေရတတ်ပါတယ်
ကိုယ်မလုပ်နိုင်တဲ့အရာကို ငြင်းဆန်လိုက်ရင် ကိုယ့်အတွက် မကောင်းတဲ့ ခံစားချက်တွေကို မရတော့ပါဘူး

2.နောက်တစ်ချက်ကတော့ ကိုယ့်ရဲ့ အားသာချက် အားနည်းချက်ကိုရှာဖွေပါ ။ လက်ခံပါ ။
အိုကေ ငါသည် ၀ တယ် ။ ဒါပေမယ့် ကြင်နာတတ်တယ်။ ငါသည် အသားမည်းတယ် ။ သို့သော် အလုပ်လုပ်တာ သိပ်သေသပ်ပြီးတော်တယ် ။ စသည်ဖြင့်ပေါ့။ အားနည်းချက်ကို ကိုယ်ကိုယ်တိုင်က လက်ခံလိုက်ရင် သူများ လက်ညှိုး မထိုးတော့ပါဘူး။ ကိုယ်ဘာကောင်းလဲ ဆိုးလည်းသိတဲ့အတွက် ယုံကြည်မှုလည်းပိုရှိပါတယ် ( positive thinking ) ဘက်ကို ပိုရောက်လာပါတယ်။ လူတိုင်း perfect မဖြစ်တာကို ဖြစ်သယောင် ဆောင်ရင်လူတွေက ပိုပြီး လက်ညှိုးထိုးကဲ့ရဲ့တတ်လို့ပါ ။ အဲလို ကဲ့ရဲ့ရင် ကိုယ့်အတွက် စိတ်ညစ်စရာ negative thinking တွေ ဝင်စေပါတယ်။

3.အနီးကပ် ချစ်သူ မိဘ အိမ်ထောင်ဖက်က ထပ်ခါ ထပ်ခါ နင်အသုံးမကျဘူး အလုပ်မလုပ်တတ်ဘူး ကလေးမထိန်းဘူး ရုပ်ဆိုးလိုက်တာ စသည်ဖြင့် ထပ်ခါထပ်ခါ မပြောပါနဲ့ အဲလို အနီးကပ်လူက နှိမ်နေရင် ကြားရပါများတော့ ဦးနှောက်ထဲ စီးဝင် ပြီး တကယ် အသုံးမကျတဲ့သူ လို့ ကိုယ်ကိုယ့်ကိုယ် ခံယူလာကြလို့ပါပဲ ။ အများစ​ု ရှေးရှေးက လူတွေက ဘဝင်မမြင့်တတ်အောင် နှိမ့်ချ ပြောဆိုမယ် ဖိနှိပ်မယ် ။ ဆန်ရင်းနာနာဖွတ်မှ သူများအပြောခံရသက်သာမယ်ဆိူပြီး ယူဆခဲ့ကြတဲ့စေတနာ အမှားတွေပါ။ မှားပါတယ်လို့ ပြောပါရစေ။ တော်လိုက်တာ။ ကြိုးစားရှာတာပဲ ဖြစ်တာ မဖြစ်တာကံပေါ့ ။ အလုပ်က ရတဲ့ အချိန် ကြိုးစားလုပ်ရင်း ကလေးလည်း ထိန်းတာပဲ.. စသည့်ဖြင့် အကောင်းမြင်ပြောပေးမယ်ဆိုရင် .. ဪ ငါကောင်းတာကို အသိအမှတ်ပြုသားပဲ ဆိုပြီး ရရှိတဲ့ ခွန်အားက ဘာနဲ့မှ မတူပါဘူး.. ခွန်အားရှိမှ ရှေ့ဆက်နိုင်မှာပါ။

တကယ်တမ်း လောကမှာ အပြုံးတချက် အားပေးမှုတစ်ခွန်းက လူတိုင်းအတွက် လိုအပ်တယ်ဆိုတာ မမေ့ပါနဲ့နော်

ကျွန်မငယ်ငယ်က ဖတ်ဖူးတဲ့ ဆရာအောင်သင်းလား ဆရာဖေမြင့်လား ထင်တာပဲ (စာရေးဆရာ မှားရင်လည်းပြောကြ ဆယ်ကျော်သက်က ဖတ်ဖူးတော့ အရမ်းကြာနေလို့ )

သူက bus ကားစီးရင်း ရုပ်ဆိုးဆိုး မိန်းမ တစ်ယောက်ကို လှိုက် လှိုက်လှဲလှဲ နှုတ်ဆက်ပြီး ရယ်ပြလိုက်တယ်တဲ့..သူ့သူငယ်ချင်းက
ဟေ့ကောင် သိလို့လားပေါ့
မသိပါဘူး
မသိရင် ဘာလို့ရီပြလဲကွ ...
သူက ရုပ်ဆိုးနေလို့ ဘယ်သူမှ အဖတ်မလုပ်တဲ့ကြားက ငါက ရီပြလိုက်တယ် သူကိုယ်တိုင်လည်း ကျေနပ်ပြီး ပြန်ပြုံးပြတာ မင်းတွေ့တယ်မလား
အေး..
သူသာ ဆရာမ တစ်ယောက် ဖြစ်ရင် ဒီနေ့ ကျောင်းမှာ ပျော်ပျော်ရွှင်ရွှင်စာသင်မယ်
အဲဒါဆို သူရဲ့ ပျော်ရွှင်မှုက ကျောင်းသား ၅၀ လောက်ကို ပျံ့နှံ့မယ်
ကျောင်းသားတွေက တဆင့် ကျောင်းသားအချင်း ကျောင်းသားမိဘ အစုံပေါ့ ပျော်ရွှင်မှုဆိူတာ ပျံ့နှံကောင်းတဲ့အရာပါကွ
ရုံးစာရေးမ ဖြစ်တော့လည်း ဘာဖြစ်လဲကွာ
ရုံးကလူတွေကို ပျော်ရွှင်မှု လိုက်ဖြန့်လိမ့်မယ်
ဘာမှ အလုပ်မလုပ်ရင်တောင် အိမ်ရှိလူကိုတော့ သူပျော်ရွှင်မှု လိုက်ဖြန့်လိမ့် မယ်တဲ့

ကျွန်မငယ်ငယ်က သိပ်သဘောကျခဲ့တာ ခုထိ မှတ်မိနေတုန်းပဲ

​နောက်တစ်ချက်ကတော့ အမှားကို တစ်ခါ မှားတာကို ခွင့်မလွှတ်ပဲ ထပ်ခါ ထပ်ခါ ဘယ်တုန်းက ဘယ်လို ဆိုပြီး ပြောနေရင် အပြောခံရတဲ့သူလည်း စိတ်ညစ်စေပါတယ်။ငါ အသုံးမကျဘူး လက်ကြောမတင်းဘူးလို့ ထင်မြင်လာစေပါတယ် ။ ဘာလို့လဲဆိုတော့ တခါတခါ လူတွေဟာ အသက်အရွယ်ပေါ်မူတည်ပြီး ပြောင်းလဲလာပါတယ်။ ကလေးသဘာဝ အပြင်ထွက်ချင်တဲ့ အချိန်မှာ ဆယ်ကျော်သက်မှာ မိဘ စီးပွားရေး ခဏတဖြုတ်ပဲလာ လက်ကြောမတင်းသလိုလုပ်မိတာက တစ်သက်လုံး လက်ကြောမတင်းဘူး ဆိုပြီး နှိမ်နေလို့ မရပါဘူး။ ပြုပြင်ပြောင်းလဲတတ်အောင် သင်ပေးရင်း ခွန်အားပေးရသလို... အရွယ်နဲ့ အချိန်အခါ အလုပ်လုပ်လာခဲ့ရင်လည်း ကြိုးစားဖို့ ခွန်အားပေးရမှာပါနော်

ပျော်ရွှင်မှုက ပျံ့နှံ့တတ်သလို
အနှိမ်ခံရတာ ဒေါသဖြစ်ခံရတာ စိတ်တိုရတာတွေကလည်း ပျံ့နှံ့ပါတယ်
အဖေက အမေကိုဆူရင် အမေက ကလေးကိုဆူတယ်
ကလေးက တခြားကလေးကို နိုင်တဲ့သူ ပတ်ရမ်းတယ်ဆိုတာ အမှန်ပါ

အဲဒီတော့ ကျွန်မတို့ ပျော်ရွှင်ခြင်းလေးတွေကို အိမ်ကနေစပြီး လိုက်ဖြန့်လိုက်ရအောင်
Positive thinking လေးတွေ တတ်နိုင်သလောက် ဖြန့်ကြရအောင်ပါနော်


" Joker ကို ငယ်ငယ်က ကျနော်သိပ်မုန်းခဲ့ဖူးတယ် "' ဒီကောင့်ကိုကြည့်လိုက်ရင် ရူးသလိုလိုပေါသလိုလိုနဲ့ဘာကောင်မှန်းမသိ ပြီးတော့...
12/10/2019

" Joker ကို ငယ်ငယ်က ကျနော်သိပ်မုန်းခဲ့ဖူးတယ် "

' ဒီကောင့်ကိုကြည့်လိုက်ရင် ရူးသလိုလိုပေါသလိုလိုနဲ့
ဘာကောင်မှန်းမသိ ပြီးတော့
ဘာပါဝါစွမ်းအားမှလဲမရှိဘူး ဆိုပြီးအထင်သေးခဲ့မိတာ !

နောက်ပိုင်း Joker ကတစ်ခုသင်ပေးခဲ့တယ် ကျနော့်ကို
အဲ့ဒါက ( Beliefs ) ယုံကြည်မှုရှိစေဖို့ ပဲ
Joker ဟာစိတ်ဒါဏ်ရာရနေတဲ့သူတွေကို ကိုယ်စားပြုတယ် !

မိဘ မေတ္တာ မလုံလောက်ခဲ့မှုတွေ '
အပေါင်းအသင်း အစွန့်ပြစ်ရမှုတွေ '
အချစ် ရေးဆို အမြဲရှုံးနှိမ့်ခြင်းတွေ '
စိတ်ဒါဏ်ရာတွေကြား လှောင်ပိတ်နေတာတွေ '
အကုန်လုံး သူ့စီမှာမြင်တွေ့နိုင်တယ် !

သူ့ကိုအားကျမိတဲ့အချက်က သူကရဲရင့်တယ်
သူခံစားနေရတာတွေကို ဖွင့်မပြဘူး
သီချင်းတွေဖွင့်ပြီး မFeelဘူး
အရက်တွေသောက်ပြီး မနာကျင်ဘူး
ဆေးတွေသုံးပြီး မကုစားဘူး !

" ရယ်တယ် " သူ့ကိုသဘောကျမိတာအဲ့အချက်လေး
ငေးမှိုင်နေလို့ ထူးလာမှာမဟုပ်တဲ့အတွက်
ရယ်ပလိုက်တာ အရသာပိုရှိကြောင်းသင်ပေးခဲ့တယ် !

စိတ်ထင်တိုင်း မပေါက်ကွဲတော့ဘူး
တစ်ခုခုဆို မှိုင်နေလို့ထူးမလာကြောင်းခေါင်းထဲပိုရိုက်သွင်းဖြစ်တယ်
ကိုယ့်ကို မလိုအပ်တဲ့သူတွေကိုလိုက်ဆွဲမနေတော့သလို
ကိုယ့်အနားမှာဘယ်သူမှမရှိတိုင်း ဝမ်းနည်းရတာကို ရွံလာတယ် !

လူတချို့ကကိုယ့်ကိုကိုယ် မသိမသာလေး ညာနေကြတာ
ဟို လူမရှိရင် ငါအဆင်မပြေဘူး ,
ဒီလူမရှိရင် ငါ့မနက်ဖြန်တွေ ဘယ်လိုဖြစ်မှာ ,
သူသာမရှိရင် ငါ့အနာဂါတ်သွားပြီဆိုတာတွေ စသည်ဖြင့်ပေါ့ !

တကယ်တော့သူတို့မေ့နေတာက အဓိကအချက်ကို
ကိုယ့်အနားမှာ ရှိတဲ့လူတိုင်းက ကိုယ့်ကိုလိုအပ်နေတာ မဟုပ်သလို
ကိုယ့်ကို လိုအပ်တဲ့သူတိုင်းကလဲ ကိုယ့်အနားမှာ အမြဲမရှိဘူး ဆိုတာ !

လူတချို့အတွက် ဟာသဇာတ်ကောင်, ဗီလိန် , Joker ဟာ !

လုပ်ခဲ့မိတဲ့အမှားတွေကို နောင်တရနေဖို့ထက်
အမှားတွေထဲက Salutary ပြန်ယူတယ် -)

လုပ်ရမယ့်ကိစ္စ တွေကို တွေးပူနေခြင်းက
လက်ရှိအချိန်တွေကို ဖြုန်းနေကြောင်းသိစေခဲ့တယ်-)

ပိုင်ဆိုင်ခြင်တဲ့ အရာတွေနောက်လိုက်ခြင်းက
ပိုင်ဆိုင်သင့်တာတွေနဲ့ဝေးသွားကြောင်းပြခဲ့တယ် -)

အဲ့အချက်တွေကြောင့် Jokerကို Respect ပေးမိတယ် 🖤
နောက်ဆုံး Joker ဆီက ရခဲ့တဲ့အချက်လေးက
သေဆုံးရမှာကြောက်နေရင် ရှင်သန်ဖို့ခက်ခဲတယ်ဆိုတာပဲ -( !

Credit


27/08/2019

လူ​တွေက မသိမသာလေး ပိုပိုပြီးလောဘကြီးလာတယ်။ သိသိသာသာလည်း လောဘတက်လာတယ်။

စိတ္ခံစားမႈစြမ္းရည္ (Emotional Intelligence)၁။ မိမိစိတ္ခံစားမႈမ်ားကို ကိုယ္တိုင္သိျခင္း (Knowing your emotions - Self aw...
20/08/2019

စိတ္ခံစားမႈစြမ္းရည္ (Emotional Intelligence)

၁။ မိမိစိတ္ခံစားမႈမ်ားကို ကိုယ္တိုင္သိျခင္း (Knowing your emotions - Self awareness)
--------------------------
မိမိခံစားခဲ့မႈမ်ားသည္ မိမိ၏ဆံုးျဖတ္ခ်က္ခ်ျခင္းကို အက်ဳိးသက္ေရာက္ခဲ့ေသာေၾကာင့္ မိမိခံစားမႈမ်ားကို သိေနရန္မႇာ အေရးႀကီးသည္။ သို႔မႇသာ အမႇားထပ္မလုပ္မိဘဲ မႇန္ကန္စြာဆံုးျဖတ္ႏုိင္မည္။

၂။ ခံံစားမႈကို ထိန္းသိမ္းႏုိင္ျခင္း (Managing emotions)
----------------------------------
ခံစားမႈမ်ားကိုသိသည့္အခါ ထိုအသိမ်ားကိုအသံုးျပဳ၍ ဆီေလ်ာ္မႇန္ကန္ေသာတံု႔ျပန္မႈမ်ားျဖင့္ တံု႔ျပန္ႏုိင္မည္။ သို႔မႇသာ ေဒါသထြက္ျခင္း၊ စိုးရိမ္ေၾကာင့္ၾကျခင္း၊ ၀မ္းနည္းျခင္းစသည့္ မေကာင္းေသာစိတ္ခံစားမႈမ်ားကို ထိန္းႏိုင္မည္။ ထို႔ေၾကာင့္ အေျပာင္းအလဲမ်ားႏႇင့္ ရင္ဆုိင္ရသည့္အခါ EI မႇာ အေရးပါလႇေပသည္။

၃။ မိမိႏႇင့္တျခားသူမ်ားကိုပါ စိတ္တက္ႂကြမႈျဖစ္ေစျခင္း (Motivating yourself and others)
------------------------------
ကူညီပံ့ပိုးေသာ၊ တက္ႂကြေသာအေျခအေန ပတ္၀န္းက်င္လိုအပ္မႈကိုသိ႐ုံျဖင့္ လံုေလာက္မႈမရႇိေပ။ မည္သို႔အေျခအေနကို ရယူဖန္တီးရမည္ကိုပါ သိဖို႔လိုေပသည္။ အျခားသူတို႔ကို စိတ္ခြန္အားေပးႏုိင္ရန္မႇာ ထိုသူတို႔ကို နားလည္မႈရႇိၿပီးမႇ ထိုနားလည္မႈကို သင့္ေလ်ာ္စြာအသံုးျပဳႏိုင္မည္။ သို႔မႇသာ အျခားသူမ်ား၏ စိတ္ခံစားမႈကိုနားလည္မႈရႇိၿပီး မႇန္ကန္စြာခ်ဥ္းကပ္ႏိုင္မည္ ျဖစ္သည္။

၄။ အျခားသူမ်ား၏ စိတ္ခံစားမႈကိုသိရႇိနားလည္ၿပီး ကိုယ္ခ်င္းစာနာမႈကို ျပသႏိုင္ျခင္း (Recognizing emotions in others and showing empathy)
---------------------
အျခားသူမ်ား၏ယံုၾကည္မႈ၊ ပါ၀င္မႈႏႇင့္ အေလးထားမႈကိုရရန္မႇာ သူတို႔၏စိတ္ခံစားမႈကို နားလည္ၿပီးမႇန္ကန္စြာ တံု႔ျပန္ႏုိင္မႈပင္ျဖစ္သည္။

၅။ မႇန္ကန္ေသာ ဆက္ဆံေရးျဖင့္ အဆက္အသြယ္ခိုင္ၿမဲျခင္း (Handling Relations and staying connected)
------------------
လူတစ္ဦးႏႇင့္တစ္ဦး ဆက္ဆံတုိင္း စိတ္ခံစားမႈ အျပန္အလႇန္ရႇိၿမဲျဖစ္သည္။ ယင္းဆက္ဆံမႈမႇ အက်ဳိးသက္ေရာက္မႈလည္း ရႇိၿမဲျဖစ္သည္။ ခံစားမႈေကာင္းျခင္း၊ မေကာင္းျခင္း ျဖစ္ႏုိင္သည္။ ထိုျဖစ္ေပၚေသာ ခံစားမႈမႇ လွ်ဳိ႕၀ႇက္ေသာ့ခ်က္ဟုဆိုႏိုင္ေသာျဖစ္ေပၚမႈေၾကာင့္ ပိုမိုေကာင္းမြန္ေသာဆက္ဆံေရး ရရႇိႏုိင္သည္။

Ref: ေဒါက္တာေဒၚရီရီျမင့္ (ပါေမာကၡ-ၿငိမ္း၊ ရန္ကုန္စီးပြားေရးတကၠသိုလ္)


19/07/2019

ခံစားခဲ့ရတာေတြအတြက္ အမ်ားႀကီးေက်းဇူးတင္ပါတယ္။

ထိုက္တန္တဲ့အခ်ိန္(လိုအပ္)တိုင္း အျမဲရ႐ွိခဲ့တဲ့အတြက္ ထပ္မေတာင္းဆိုေတာ့ပါဘူး။

18/07/2019

နာက်င္ေနရဲ႕နဲ႔ ျပံဳးျပလိုက္တာ မုသားမဟုတ္ဘူး။ ေဝဒနာေတြ ကူးစက္သြားမွာ စိုးရိမ္လို႔ပါ။


16/06/2019

You deserve to be happy. You deserve something you don't have to question, you deserve someone who is sure about you.

— R.H. Sin, Tumblr

14/06/2019

ေနသားမက်တဲ့ အေျခအေနမ်ိဳးမွာ ေနတတ္ေအာင္ ႀကိဳးစားရမွာေပါ့။

10/06/2019

အဆံုးသတ္လွတာ၊ မလွတာက ကိုယ္ဘယ္လို ေမွ်ာ္လင့္ထားလဲ ဆိုတာနဲ႔ပဲ ဆိုင္ပါတယ္။

27/05/2019

မနက္ျဖန္ကို မေၾကာက္ေပမယ့္
ဒီေန႔ကိုေတာ့ အရမ္းေၾကာက္တယ္။

မနက္ျဖန္အတြက္ ျပင္ဆင္လို႔ရေပမယ့္
ဒီေန႔မွာေတာ့ ေက်ာ္ျဖတ္ႏိုင္ဖို႔လိုတယ္။


Address

Hpa-an

Telephone

+959792802120

Website

Alerts

Be the first to know and let us send you an email when Taciturn Echoes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Taciturn Echoes:

Share