Alpha Aquarium Zone

Alpha Aquarium Zone For Pet Fish Knowledges And Accessories Sharing

ရွှေငါးနဲ့ KOI မွေးသူများအတွက် အစာစရိတ် သက်သာစေမယ့် "ဘဲစာမှော် (Duckweed)"ရွှေငါးတွေ၊ KOI ငါးကြီးတွေ မွေးထားပြီး လစဉ် အစ...
31/05/2026

ရွှေငါးနဲ့ KOI မွေးသူများအတွက် အစာစရိတ် သက်သာစေမယ့် "ဘဲစာမှော် (Duckweed)"
ရွှေငါးတွေ၊ KOI ငါးကြီးတွေ မွေးထားပြီး လစဉ် အစာဖိုး အကုန်အကျများလို့ ခေါင်းခဲနေပါသလား? 🤔 Budget လည်း save ဖြစ်၊ သဘာဝလည်းကျတဲ့ အာဟာရပြည့် ငါးစာတစ်မျိုး ရှိပါတယ်။ ဒါကတော့ ကျွန်တော်တို့ပတ်ဝန်းကျင်က ကန်တွေ၊ အိုင်တွေထဲမှာ အလွယ်တကူတွေ့နိုင်တဲ့ "ဘဲစာမှော် (Duckweed)" ပဲ ဖြစ်ပါတယ်။

မွေးမြူရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းရှင်တွေပဲ အသုံးများကြပေမယ့် တကယ်တော့ Aquarium လောကအတွက်လည်း မရှိမဖြစ် အကျိုးပြုတဲ့ ရေပေါ်ပင်လေးတွေပါ။ အမြစ်တိုလေးတွေနဲ့ အရွက် (၂) ရွက်ကနေ (၅) ရွက်အထိ ပါရှိပြီး အပွားလွယ်၊ စိုက်ရလွယ်တာက သူ့ရဲ့ ထူးခြားချက်ပေါ့။

ဒါဆို ဒီ ဘဲစာမှော်လေးတွေက ငါးကန်ကို ဘယ်လိုတောင် အကျိုးပြုလဲဆိုတာ လေ့လာကြည့်ရအောင်။👇

Duckweed ရဲ့ အံ့မခန်း ကောင်းကျိုးများ
၁။ ရေညှိ အလွယ်တကူ မပေါက်အောင် ကာကွယ်ပေးခြင်း
Duckweed တွေက နေရောင်ခြည်ကိုသုံးပြီး အစာချက်လုပ်တဲ့အခါ ရေထဲမှာရှိတဲ့ Mineral (သတ္တုဓာတ်) တွေကို အဓိက စုပ်ယူစားသုံးပါတယ်။ ဒါကြောင့် ရေထဲမှာ အာဟာရဓာတ်တွေ ပိုလျှံမနေတော့ဘဲ ရေညှိ (Algae) တွေ အလွယ်တကူ မပေါက်ဖွားနိုင်တော့လို့ ငါးကန်ကို အမြဲကြည်လင် စိမ်းလန်းနေစေပါတယ်။

၂။ သဘာဝ Filter သဖွယ် ရေကို သန့်စင်ပေးခြင်း

Duckweed တွေက ရေထဲက Mineral များနည်းတူ ငါးတွေရဲ့ စွန့်ပစ်အညစ်အကြေးကနေ ထွက်လာတဲ့ Ammonia (အဆိပ်အတောက်) နဲ့ Nitrate ဓာတ်တွေကို Duckweed က ကောင်းကောင်း စုပ်ယူဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် ငါးတွေကို ရောဂါဖြစ်စေမယ့် အရာတွေကို သဘာဝနည်းအတိုင်း Filter လုပ်ပေးသလို ဖြစ်စေပါတယ်။

၃။ ငါးလေးတွေအတွက် အရိပ်နဲ့ ပုန်းခိုစရာ ရရှိခြင်း
ရေပြင်ပေါ်မှာ အစုအဝေးလိုက် ပေါက်ပွားတာမို့ နေရောင်ခြည် တိုက်ရိုက်ကျရောက်ခြင်းကနေ ကာကွယ်ပေးပြီး ရေအပူချိန်ကို မျှတစေပါတယ်။ ဒါ့အပြင် ငါးသားပေါက်လေးတွေ၊ ပုစွန်ငယ်လေးတွေအတွက် ကြီးမားတဲ့ငါးတွေ အမဲလိုက်ခြင်းရန်ကနေ ကာ‌ကွယ်ပေးမဲ့ ပုန်းခိုရာ အိမ်လေးလည်း ဖြစ်ပေးပါတယ်။

၄။ အရောင်အသွေး တောက်ပစေမယ့် အာဟာရပြည့် "သဘာဝငါးစာ" 🐠
Duckweed မှာ ငါးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ Vitamin A, B, C အပြင် အရည်အသွေးမြင့် အာဟာရဓာတ်တွေ စုံလင်စွာ ပါဝင်ပါတယ်။

Crude Protein: 20 - 40% (ကြီးထွားနှုန်း မြန်စေတယ်)

Crude Fiber: 5 - 15%

Lipids & Fats: 4 - 7%

Duckweed အပင်တွေက ရေထဲမှာပါတဲ့ mineral တွေဖြစ်တဲ့ phosphorus, calcium, magnesium တွေကို စုပ်ယူစားသုံးထားတာဖြစ်လို့ ငါးတွေရဲ့ အမြှီးအတောင်နဲ့ အရိုးအဆစ်တွေကို ပိုမိုသန်မာစေပါတယ်။

Carotenoids & Xanthophylls လိုမျိုး Organic pigmentyတွေပါဝင်လို့ ရွှေငါးနဲ့ KOI တွေရဲ့ မူလဓာတ်ခံအရောင်ခြယ်ဆဲလ်တွေဖြစ်တဲ့ အနီ၊ လိ‌မ္မော်နဲ့ အဝါရောင် ဆဲလ်တွေကို ပိုမိုတောက်ပစေပါတယ်။

တုပပြုလုပ်ထားတဲ့ အစာတောင့်တွေလို "ငါးလေအိတ်ရောင်တဲ့ရောဂါ" လည်း လုံးဝ မဖြစ်စေပါဘူး။

Duckweed စိုက်မယ်ဆိုရင် ဒါလေးတွေတော့ သတိထားပါ!👇

"တန်ဆေး၊ လွန်ဘေး" ဆိုသလိုပဲ အပွားလွန်ကဲတဲ့ Duckweed ကြောင့် ဒီအချက်လေးတွေကိုတော့ စောင့်ကြည့်ပေးဖို့ လိုပါတယ်။

ညဘက် Oxygen ပြတ်လပ်နိုင်ခြေ: အပင်တွေက ဘယ်နေရာ ဘယ်ရေမျိုးမှာမဆို အလွယ်တကူစိုက်ပျိုးလို့ရပြီး အလျင်အမြန်အပွားမြန်တာကြောင့် ကန်ရေရဲ့မျက်နှာပြင်အပြည့်နေရာယူသွားနိုင်ပါတယ်။ အပင်တွေရဲ့သဘာဝအတိုင်း နေ့ဖက်မှာအစာချက်လုပ်ပြီး oxygen ထုတ်ပေးနိုင်ပေမဲ့ ညအချိန်မှာတော့ oxygen ကိုပြန်လည်စားသုံးတဲ့အတွက်ကြောင့် ကန်ရေမျက်နှာပြင်အပြည့် ပွားများနေပါက ထိုအပင်များရဲ့ oxygen ပြန်လည်စားသုံးမှုကြောင့် ညအချိန်အခါမှာတော့ ငါးလေးတွေကို oxygen ပြတ်လပ်နိုင်တဲ့ အန္တရာယ်တော့ရှိနိုင်ပါတယ်။ ဒါကြောင့် Duckweed စိုက်ပျိုးထားတဲ့ကန်တွေမှာငါးလေးတွေရှိပါက အလွန်အကျွံမပြန့်ပွားအောင်သတိထား စောင့်ကြည့်ပြီး မကြာခဏဖယ်ရှားသင့်ပါတယ်။

Aquascape အလှစိုက်ကန်တွေအတွက် မသင့်တော်ခြင်း: အပင်တွေစိုက်ပျိုးထားတဲ့ ကန်တွေဆိုရင်တော့ Duckweed ကို လိုအပ်မှသာစိုက်ပျိုးသင့်ပါတယ်။ အခြားအပင်များနှင့်အတူ လိုအပ်သော အာဟာရဓာတ်ကို လုယူနေစားသုံးရသဖြင့် ကိုယ်တကယ်အလှစိုက်တဲ့အပင်တွေစီအာဟာရရောက်ရှိမှုနည်းပါးနိုင်တာကြောင့်ပါ။ နောက်တချက်က ‌ရေမျက်နှာပြင်ပေါ်အပြည့်ဖုံးအုပ်သွားပါက အခြားအပင်များအတွက် အလင်းရောင်မရရှိနိုင်ဖြစ်စေကာ သေဆုံးစေနိုင်ပါတယ်။

ထိန်းမနိုင်သိမ်းမရ ဖြစ်တတ်ခြင်း: ကြီးထွားနှုန်း အရမ်းမြန်လို့ သေချာမထိန်းရင် ကန်တစ်ခုလုံး မှော်တွေချည်းပဲ ဖြစ်သွားပြီး စိတ်အနှောင့်အယှက် ဖြစ်ရတတ်ပါတယ်။

ဒီ ကောင်းကျိုး/ဆိုးကျိုးတွေကို သိပြီဆိုရင် ငါးစာအတွက်ရည်ရွယ်ပြီး အကောင်းဆုံး စိုက်ပျိုးနည်းကတော့

"ငါးကန်ထဲမှာ တိုက်ရိုက်အပွားမခံဘဲ၊ ပုံးသီးသန့် (သို့) ကန်သီးသန့်လေးတစ်ခုနဲ့ အပွားမွေးထားပါ" အဲဒီခွဲမွေးထားတဲ့ ကန်ကနေ ပွားလာတဲ့ Duckweed တွေကိုမှ ဆယ်ယူပြီး မိမိတို့ရဲ့ ရွှေငါးနဲ့ KOI ကန်ထဲကို ပုံမှန်ကျွေးနေကျ ငါးစာနဲ့ တစ်ဝက်စီ ရောနှောပြီး ကျွေးပေးခြင်းဖြင့် အစာစရိတ်ကို ထက်ဝက်မက သက်သာစေမှာ ဖြစ်ပါတယ်။

Duckweed လိုမျိုးပဲ အခြား ရေပေါ်ပင် အမျိုးအစားတွေဖြစ်တဲ့ Azolla, Watermeal (Wolffia genus) စတာတွေကို Duckweed နည်းတူ အသုံးပြုနိုင်ပါတယ်။
ငွေကုန်ကြေးကျလည်း သက်သာ၊ ငါးလေးတွေလည်း ကျန်းမာလှပစေဖို့ ဘဲစာမှော်လေးတွေကို စနစ်တကျ မွေးမြူအသုံးချကြည့်လိုက်ရအောင်ဗျာ။






သင် Air Stone (လေပေးကျောက်သီး) လေးတွေရဲ့ အသုံးဝင်ပုံကို သေချာ သိထားပြီးပြီလား?ကျွန်တော်တို့ အလှမွေးငါးလေးတွေ မွေးကြတဲ့အခ...
27/05/2026

သင် Air Stone (လေပေးကျောက်သီး) လေးတွေရဲ့ အသုံးဝင်ပုံကို သေချာ သိထားပြီးပြီလား?

ကျွန်တော်တို့ အလှမွေးငါးလေးတွေ မွေးကြတဲ့အခါ အဲ့ငါးလေးတွေ မွေးမယ်ဆို Filter လိုတယ်၊ Oxygen ပေးဖို့လိုတယ်၊ Heater လိုတယ် စသဖြင့်ပေါ့။ အများကပြောလို့သာ ကျွန်တော်တို့တွေ လိုအပ်မယ်ထင်တဲ့ ပစ္စည်းလေးတွေ ဝယ်ကြတာပေါ့နော်။ တကယ့်တကယ် ဝယ်လာပြီး အသုံးပြုနည်း မမှန်ကြပြန်ရင်လည်း ကျွန်တော်တို့ ငွေကြေးကုန်ကျခံပြီး ဝယ်ထားတဲ့ စက်ပစ္စည်းတွေက အသုံးမတည့်ဘဲ ငါးလေးတွေအတွက် ထိရောက်စွာ အကျိုးမရှိ ဖြစ်တတ်ကြပါတယ်။

ဥပမာ Filter Pump နဲ့ Biochemical မွေးတဲ့ Filter Media Box ဆင်ထားပေမဲ့ နေ့ဖက်ပဲ စက်ကိုဖွင့်ပြီး ညဖက် စက်ပိတ်ထားပြန်ရင်လည်း ဒီစက်တွေက ရေကိုသာ ဖွင့်ထားချိန်ခဏ လည်ပေးနေမယ်၊ Filter တပ်ရခြင်းရဲ့ တကယ့်ရည်ရွယ်ချက်ဖြစ်တဲ့ ရေနဲ့ငါးကို အကျိုးပြုစေတဲ့ Good Bacteria တွေတော့ ပေါက်ဖွားလာစေမှာ မဟုတ်ဘူးပေါ့နော်။ ဒါက ကျွန်တော်တို့ အလှမွေးငါး စမွေးချိန်မှာ ကြုံတတ် ဖြစ်တတ်တဲ့ သဘောသဘာဝတွေပါပဲ။

အဲ့တော့ အခုတခေါက် ဆောင်းပါးထဲမှာ ကျွန်တော်တို့တွေ ဝယ်သုံးနေကျ Accessories တွေထဲက တစ်ခုဖြစ်တဲ့ Air Stone (လေပေးကျောက်သီး) လေးတွေအကြောင်းကို ပြောပြပေးပါမယ်။

လေပေးကျောက်သီးလေးတွေက အမှန်တော့ အလွယ်တကူ ဝယ်လို့ရတဲ့ ဈေးပေါတဲ့ ပစ္စည်းတစ်ခုဆိုလည်း မမှားပါဘူး။ သူ့ကိုတွဲသုံးရတဲ့ Air Pump တွေကသာ ဈေးက သောင်းဂဏန်းအမျိုးမျိုး ရှိကြတာပေါ့နော်။

အလှမွေးငါး မွေးသူတိုင်း Oxygen ပေးစက်ကို သုံးဖူးကြမှာပါ။ အမှန်တကယ်က Oxygen ပေးစက်လို့သာ ပြောကြပေမဲ့ အမှန်တကယ်တော့ သူက Oxygen ကို တိုက်ရိုက်ထုတ်ပေးတဲ့စက် မဟုတ်ပါဘူး။ ကျွန်တော်တို့ စက်ဘီး လေထိုးတံ ထိုးတဲ့အခါ ထွက်လာတဲ့ လေလိုမျိုးပဲ သူကလည်း သာမန်လေကိုသာ ထုတ်ပေးတာပါ။

အခု ပြောပြပေးမယ့် Air Stone တွေနဲ့ တွဲဖက်အသုံးပြုမှသာ ရေထဲမှာ ငါး၊ ပုဇွန်လေးတွေ ရှူနိုင်မယ့် Oxygen ကို ရနိုင်မှာပါ။

Air Stone လေးတွေက အမျိုးအစား မျိုးစုံလာကြပါတယ်။ ကျွန်တော်တို့ ယခု ဈေးကွက်မှာ ဝယ်ရလွယ်၊ ဈေးသက်သာနေတဲ့ လေပေးကျောက်သီးလေးတွေက Small Bubble (ခပ်သေးသေး လေပူပေါင်း) တွေကိုသာ ထုတ်ပေးနိုင်ကြပါတယ်။ ယခင်နှစ်တွေတုန်းကတော့ Fine Bubble (အမှုန်အမွှား လေပူပေါင်း) ထိ ထုတ်ပေးနိုင်တဲ့ Air Diffuser / Stone တွေကိုတော့ ဈေးကွက်ထဲ ပေါများစွာ တွေ့ရှိနိုင်ပါတယ်။

ဒီ Air Stone က ထုတ်ပေးတဲ့ Bubble လေးတွေကပဲ ရေထဲမှာ ပျော်ဝင်ပြီး Oxygen ကို ထုတ်ပေးတာပါ။ လေပူပေါင်းငယ်တွေက အရှိန်နဲ့ ရေမျက်နှာပြင်ထိ တက်လာပြီး ရေပေါ်မှာ ပေါက်ကွဲကြပါတယ်။ ပေါက်ကွဲတဲ့အရှိန်ကြောင့် ရေမျက်နှာပြင်ကို လှုပ်ခတ်စေပြီး ရေထုပြင်ပမှာရှိတဲ့ Oxygen ကို ရေထဲစုပ်ယူစေပါတယ်။ ဒီလိုနည်းတွေနဲ့ Air Pump နဲ့ Air Stone က ရေကို Oxygen ပေးခြင်းပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ပြောစရာရှိတာက “အဲ့ဒါဆို မီးပျက်ချိန် ငါတို့ ပါးစပ်နဲ့ပိုက်တပ်ပြီး မှုတ်လို့ မရဘူးလား” မေးရင် အဖြေက “လုံးဝ မရပါဘူး” လို့ပဲ ဖြေရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ကုန်းနေသတ္တဝါတိုင်းက Oxygen ကို ရှူသွင်းပြီး ပြန်ထုတ်လိုက်တဲ့ လေတိုင်းက ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ဖြစ်နေလို့ပါပဲ။ ဒါကြောင့် လူပါးစပ်က မှုတ်ထုတ်လိုက်တဲ့ CO2 တွေက ရေထဲမှာ ပျော်ဝင်ပြီး ငါးတွေကို အောက်ဆီဂျင်တိုးလာစေမယ့်အစား မကောင်းတဲ့ အဆိပ်ငွေ့တွေသာ ပိုတိုးလာစေလို့ပဲ ဖြစ်ပါတယ်။

Air Stone အကြောင်း ဆက်ပြောရမယ်ဆိုရင် Air Stone တွေကို ကုန်ကြမ်းပစ္စည်း အမျိုးမျိုးနဲ့ ထုတ်လုပ်ထားကြပါတယ်။ ပလတ်စတစ်၊ သဲကြမ်း၊ Ceramic စသဖြင့် ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားကြပါတယ်။

သဲကြမ်းနဲ့ လုပ်တာတွေက အရည်အသွေးညံ့ပြီး ရေရှည်မှာ ပျက်စီးလွယ်နိုင်ပါတယ်။ ဒါပေမဲ့ ဈေးပေါတာကြောင့် တစ်ခုပျက်စီးတာနဲ့ နောက်တစ်ခုဝယ်ဖို့က မခဲယဉ်းပါဘူး။ လေပူပေါင်း Size ကိုလည်း Small ထိပဲ ထုတ်ပေးနိုင်ပါတယ်။

Plastic, Ceramic တွေနဲ့ လုပ်ထားတဲ့ Air Diffuser / Stone တွေကျတော့ ခိုင်ခံ့မာကြောပြီး ရေရှည်ခံနိုင်ရည် ရှိကြပါတယ်။ ဒါပေမဲ့ စနစ်တကျ ဆေးကြောတာတွေ မလုပ်ပေးနိုင်ရင်တော့ လေပေါက်ပိတ်တာ၊ အရည်အသွေးကျပြီး Bubble Size ကြီးသွားတာတွေ ဖြစ်နိုင်ပါတယ်။ တန်ဖိုးအားဖြင့်လည်း သာမန် Air Stone တွေနဲ့ ယှဉ်ရင် အဆမတန် ဈေးကွာခြားတာကြောင့် စနစ်တကျ သန့်ရှင်းပေးဖို့တော့ လိုအပ်ပါတယ်။

ဒီနေရာမှာ ပြောစရာရှိတာက ဈေးကွာလို့၊ ပစ္စည်းကွာလို့ Oxygen မပေးနိုင်တော့ဘူးလား၊ ဈေးနည်းတာက အသုံးမဝင်ဘူးလားလို့ မေးစရာရှိလာနိုင်ပါတယ်။

အမှန်က ဈေးနည်းတဲ့ Air Stone ရော၊ ဈေးကြီးတဲ့ Air Stone / Diffuser ရော ၂ ခုလုံးက အသုံးဝင်ကြပါတယ်။

Small Size Bubble ထုတ်ပေးတဲ့ ဈေးနည်းတဲ့ Air Stone တွေကို သုံးပေးခြင်းအားဖြင့် မိမိကန်အတွင်းမှာရှိတဲ့ တည်ငြိမ်နေတဲ့ ရေကို အထက်အောက် ပုံမှန်လည်ပတ်စေတဲ့အတွက်ကြောင့် အပူချိန်ကို တူညီစေပါတယ်။ Oxygen ပျံ့နှံ့မှုကိုလည်း ဖြစ်စေပါတယ်။ ရေထဲ ပျော်ဝင်နေတဲ့ CO2 တွေကို အလျင်အမြန် လျော့ကျစေပါတယ်။ Bubble Size ကြီးတဲ့အတွက်ကြောင့် ရေမျက်နှာပြင်ပေါ်က အဆီတွေ၊ အမှုန်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

Fine Bubble တွေကျတော့ အလွန်သေးငယ်တဲ့အတွက်ကြောင့် Small Bubble ထက်စာရင် ရေထဲမှာ Oxygen ပျော်ဝင်နှုန်း ပိုများစေပါတယ်။ နောက်တစ်ခုက သူက ရေထဲ အမှုန်အနေနဲ့ ပြန့်နှံ့ကုန်တာကြောင့် Oxygen ပျော်ဝင်တဲ့ ဧရိယာက Bubble Size ထက် ပိုပြီး ကျယ်ပြန့်တဲ့အတွက် ကန်တစ်ခုလုံးစာကို မြန်မြန်ကြီး Oxygen ပျော်ဝင်ပေးပါတယ်။

နောက်တစ်ခုက သူက Bubble ထက်စာရင် ရေမျက်နှာပြင်အသံ ဆူညံမှု လျော့နည်းစေပါတယ်။ ရေထဲမှာလည်း လှိုင်းမထတဲ့အတွက်ကြောင့် ရေတည်ငြိမ်တာကို ကြိုက်တဲ့ ငါးတွေအတွက် ပိုအဆင်ပြေပါတယ်။

Fine Bubble ပဲဖြစ်ဖြစ်၊ Small Bubble ပဲဖြစ်ဖြစ် ၂ မျိုးစလုံးက ငါးကန်ရေနဲ့ ငါးကို အကျိုးပြုစေတာပဲ ဖြစ်ပါတယ်။ အဓိကကတော့ ရေထဲမှာ မလိုလားအပ်တဲ့ Anaerobic Bacteria တွေ၊ အဆိပ်ငွေ့တွေ ဖယ်ရှားပြီး Oxygen ပြည့်ဝတဲ့ ငါးကန်ရေကို ဖန်တီးဖို့ပဲ ဖြစ်ပါတယ်။ ဒါမှသာ ငါးလေးတွေလည်း Stress ကင်းကင်းနဲ့ ကျန်းမာပျော်ရွှင်မှာ ဖြစ်ပါတယ်။

အဆုံးသတ် ပြောချင်တာကတော့ Air Stone, Air Diffuser တွေကို ဘယ်နေရာထားသင့်လဲဆိုတော့ ကန်တစ်ခုလုံးအတွက် ရေငြိမ်နိုင်တဲ့နေရာ၊ အညစ်အကြေးတွေ စုပုံနိုင်တဲ့နေရာတွေမှာ ထားပေးရမှာပါ။ ဥပမာ ကန်ထောင့်၊ ကန်အလယ်၊ ကန်ကြီးတယ်ဆိုရင်တော့ Air Pump Watt များများနဲ့ Air Stone ကြီးကြီးထားတာ၊ ဒါမှမဟုတ် Air Stone အများအပြားကို ကန်နေရာအနှံ့ ချထားတာ လုပ်ပေးသင့်ပါတယ်။ ဒါမှ ကန်ရဲ့ နေရာလပ်မကျန် ရေလည်ပတ်မှုရှိပြီး Area တစ်ခုလုံး Oxygen ပြည့်ဝနေမှာပါ။

ဒီလိုနည်းလမ်းလေးတွေနဲ့ မိမိတို့ရဲ့ ငါးကန်လေးမှာ ငါးလေးတွေကို စနစ်တကျ သယ်ယူမွေးမြူနိုင်ကြပါတယ်။ စနစ်ကျသော အလှမွေးငါး မွေးမြူနည်းများနှင့်အတူ စိတ်ချမ်းမြေ့ဖွယ် ငါးကန်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။ 😊







လတ်တလော ကျွန်တော့်စီမှာ ရနိုင်တဲ့ Aquarium Accessories လေးတွေပဲဖြစ်ပါတယ်ခင်ဗျ။ လိုအပ်တယ်ဆို မှာယူအားပေးလို့ရပါပြီဗျSB-24...
26/05/2026

လတ်တလော ကျွန်တော့်စီမှာ ရနိုင်တဲ့ Aquarium Accessories လေးတွေပဲဖြစ်ပါတယ်ခင်ဗျ။ လိုအပ်တယ်ဆို မှာယူအားပေးလို့ရပါပြီဗျ

SB-248A - 13500 Ks
SB-348A - 20000 Ks
SB-4000(Mini AC/DC Air pump) - 69000 Ks
Wp-100D - 17000 Ks
Wp-200D - 38000 Ks
Wp-300D - 42000 Ks
Wp-500D - 66000 Ks
Wp-880F - 32000 Ks
Wp-1880F - 44000 Ks
Wp-3400 - 26000 Ks
Wp-1200F - 21500 Ks
Wp-2200F - 27500 Ks
Wp-308H - 44000 Ks
Wp-408H - 51000 Ks
Hs-100W - 14500 Ks
Hs-200W - 15500 Ks
Hs-300W - 17000 Ks
PK-200 ( Sponge Only ) - 4500 Ks
PK-350 ( Sponge Only ) - 8500 Ks
Cylinder Air Stone (s) - 500 Ks
Mr.Chun Hippo 100g - 10000 Ks
Mr.Chun Fancy 20g - 3500 Ks
Mr.Chum Red Head Formula 100g - 17500 Ks
Hikari Food Stick 57g - 11000 Ks
Hikari Turtle Stick 120g - 13500 Ks
Fish Net small - 2000 Ks
Fish Net medium - 2300 Ks
Fish Net large - 2600 Ks

Yangon မြို့တွင်း နှင့် Royal Express, MGL, BEE, Ar Luu Post စသဖြင့် Company Delivery ရောက်တဲ့မြို့တိုင်းကို ပို့ဆောင်ပေးပါတယ်ဗျ။

မြို့တွင်း Delivery Fee များမှာ 2Kg 4500 ကျပ်မှ စတင်ကာ နယ်မြို့များအလိုက် ဈေးနှုန်းအမျိုးမျိုးရှိပါတယ်ခင်ဗျ။

လတ်တလောအခြေအနေများတွင်တော့ အိမ်ရောက်ငွေချေဝန်‌ဆောင်မှုမရရှိ‌နိုင်သေးပါဘူးခင်ဗျ။

မှာယူလိုပါက Alpha Aquarium Zone Page သို့မဟုတ် ဖုန်းနံပါတ်
#09791171665 သို့ ဆက်သွယ်မှာယူနိုင်ပါပြီခင်ဗျ

အိမ်သို့လာယူချင်သူများ လိုင်းကား 90/ 41/ 105/ 106 စီး‌၍ ထောက်ကြန့်တိုးဂိတ်အကျော် ကြက်ဖြူကန်မှတ်တိုင်တွင်ဆင်း၍ ဇီဇဝါလမ်း သို့ လာရောက်ယူဆောင်နိုင်ပါတယ်ခင်ဗျ
အိမ်သို့လာယူချင်သူများ ဖုန်းကြိုဆက်ပေးပါခင်ဗျ




အခုလပိုင်းကစပြီး Aquarium Accessories (ငါးကန်အသုံးအဆောင်ပစ္စည်း) လေးတွေက အရင်နှစ်တွေကလို မရှားတော့ပါဘူး။ ဈေးနှုန်းတွေလည်...
24/05/2026

အခုလပိုင်းကစပြီး Aquarium Accessories (ငါးကန်အသုံးအဆောင်ပစ္စည်း) လေးတွေက အရင်နှစ်တွေကလို မရှားတော့ပါဘူး။ ဈေးနှုန်းတွေလည်း အတန်အသင့် ပြန်ကျသွားပြီဆိုတော့ ငါးလေးတွေကို ချစ်လို့၊ စိတ်အပမ်းပြေချင်လို့ ပြန်မွေးကြတဲ့သူတွေ တဖန်ပြန်ပြီး ပေါများလာပါတယ်။ ဒါကြောင့် ငါးလေးတွေ ဝယ်လာပြီးချင်းမှာ သတိထားရမယ့် ဆောင်ရန်၊ ရှောင်ရန်လေးတွေကို မျှဝေပေးချင်ပါတယ်။

အလှမွေးငါး မွေးနေကျသူတွေအတွက်တော့ အခုပြောမယ့်အချက်တွေက သိပြီးသားဖြစ်နိုင်ပေမဲ့ အခုမှ စမွေးမယ့်သူတွေအတွက် ကြိုသိထားရင်တော့ မိမိတန်ဖိုးထားပြီး ဝယ်လာတဲ့ ငါးလေးတွေ သေဆုံးတာနဲ့ ရောဂါဖြစ်တာတွေကို အတော်အသင့် လျှော့ချပေးနိုင်မှာပါ။ အောက်ပါအချက်အလက်လေးတွေကို ကြိုဖတ်ပြီးမှ ငါးလေးတွေ စမွေးကြရအောင်ဗျာ။

၁။ အိမ်ရောက်ရောက်ချင်း ကန်ထဲ တန်းမထည့်ပါနဲ့ (Temperature & pH Shock ကာကွယ်ခြင်း)
ကျွန်တော်တို့ အလှမွေးငါး ဘယ်ငါးမဆို ဆိုင်ကနေ ဝယ်တဲ့အခါ ငါးဆိုင်ပိုင်ရှင် ဒါမှမဟုတ် ဝန်ထမ်းလေးတွေက "အိမ်ရောက်ရင် ဒီငါးလေးတွေကို ကန်ထဲ တန်းမထည့်ဘဲ ကိုယ်မွေးမယ့်ကန်ရေထဲ ငါးအိတ်ကို အရင်ဆုံး ၁၅ မိနစ်လောက် စိမ်ထားပါ" လို့ မှာတတ်ကြပါတယ်။

ဘာကြောင့် ဒီလိုမှာရတာလဲဆိုတော့ ဆိုင်ကကန်ရေအပူချိန်၊ လမ်းခရီးက အပူချိန်နဲ့ အိမ်ကကန်ရေအပူချိန်တွေ မတူညီတဲ့အခါ အိမ်ရောက်ရောက်ချင်း ကန်ထဲတန်းလွှတ်လိုက်ရင် Water Temperature Shock (ရေအပူချိန်ကြောင့် လန့်ခြင်း) ဖြစ်တတ်လို့ပါ။ လူတွေလိုပြောရရင် အပူလျှပ်ပြီး ငါးလေးတွေကို ထိခိုက်စေနိုင်လို့ ဖြစ်ပါတယ်။

💡ပိုမိုစနစ်ကျတဲ့ နည်းလမ်းစနစ်:
ပထမဆုံး ၁၅ မိနစ်မှာ ငါးအိတ်ကို ကန်ရေထဲ စိမ်ထားပါ။ ပြီးရင် အိတ်ကိုဖွင့်ပြီး မိမိမွေးမယ့် ကန်ရေကို ငါးအိတ်ထဲ ဖြည်းညှင်းစွာ လောင်းထည့်ပြီး ရေချင်း ရောစပ်ပေးပါ။ ဒါဆိုရင် ငါးတွေကို Temperature Shock အပြင် pH Shock (အချဉ်အငန်ဓာတ်ကြောင့် လန့်ခြင်း) ဖြစ်တာကိုပါ လျှော့ချပေးနိုင်လို့ ပိုပြီး ဘေးကင်းပါတယ်။ အထူးသဖြင့် pH level sensitive ဖြစ်လွယ်တဲ့ Neon Tetra, Glassy Fish စတဲ့ ငါးလေးတွေမှာဆိုရင် ရေအပူချိန်အပြင် pH Shock ကိုပါ အထူးဂရုစိုက်ရပါတယ်။

Water Shock မိသွားတဲ့ ငါးတွေရဲ့ လက္ခဏာများ:
ကိုယ်က သတိမထားမိဘဲ အလျင်စလို ကန်ထဲထည့်လိုက်လို့ ရေလန့်သွားတဲ့ ငါးလေးတွေဟာ -

ကန်ထဲမှာ ရောက်ယက်ခတ်အောင် ကူးခတ်တာ

ကန်အောက်ခြေမှာ ငြိမ်နေတာ

ကန်ထောင့်မှာ ကပ်နေတာ

ပုန်းစရာနေရာရှိရင် အဲဒီနေရာမှာပဲ ကပ်ပြီး ငြိမ်နေတာမျိုးတွေ ပြတတ်ပါတယ်။

အရမ်းဆိုးဝါးရင်တော့ ကန်ထဲလွှတ်ပြီး မကြာခင်မှာပဲ လေအိတ်ရောင်ရောဂါဖြစ်တာ၊ ရုတ်တရက် သေဆုံးတာတွေအထိ ဖြစ်နိုင်ပါတယ်။

၂။ ဆိုင်မှာလန်းပြီး အိမ်ရောက်မှ ဘာလို့ ရောဂါရတာလဲ?
ဆိုင်မှာတုန်းက လန်းဆန်းနေပေမဲ့ အိမ်ရောက်ပြီး ရက်ပိုင်းအတွင်းမှာတင် အဖြစ်များတဲ့ White Spot (အဖြူစက်ရောဂါ) ကြုံဖူးကြမှာပါ။ White Spot ရောဂါဟာ စောစောစီးစီး စနစ်တကျ ကုသရင် အချိန်မီ ပြန်ကောင်းနိုင်ပေမဲ့ မကုသနိုင်ရင်တော့ ကန်ထဲက အခြားငါးတွေနဲ့ ဘေးပတ်ဝန်းကျင်က ကန်တွေကိုပါ အသုံးအဆောင်ပစ္စည်းတွေကတစ်ဆင့် ကူးစက်ပြီး အုပ်စုလိုက် သေဆုံးတဲ့အထိ ပြင်းထန်ပါတယ်။

ဘာကြောင့် ဖြစ်ရတာလဲ?
အလှမွေးငါးလေးတွေဟာ ဆိုင်မှာရှိစဉ်က ကန်ကျဉ်းကျဉ်းထဲမှာ ငါးအများအပြား ပြွတ်သိပ်နေရလို့ အစာအာဟာရ မပြည့်ဝတာနဲ့ Stress (စိတ်ဖိစီးမှု) အနည်းငယ်စီ ရှိနေတတ်ကြပါတယ်။ အဲဒီအချိန်မှာ White Spot ဖြစ်စေတဲ့ ရောဂါပိုးတွေကလည်း ငုပ်လျှိုးနေတတ်ပါတယ်။ ဝယ်ယူသူက အိတ်ထဲထည့်ပြီး လမ်းခရီးအကြာကြီး သယ်ဆောင်လာတဲ့အခါ မတူညီတဲ့ အပူချိန်တွေကြောင့် Stressအရှိန်ဟောင်း က ပိုတိုးလာပါတယ်။

အိမ်ရောက်တဲ့အခါမှာလည်း စနစ်တကျ ရေမစပ်ဘဲ ပြောင်းလိုက်ရင် Temperature shock, pH level shock တွေရပြီး ပြင်ပရောဂါတွေကို တိုက်ထုတ်နိုင်တဲ့ ကိုယ်ခံစွမ်းအား ကျဆင်းသွားပါတယ်။ (လူတွေ ပင်ပန်းလွန်ရင် ဖျားတတ်သလိုပေါ့)။ White Spot ပိုးတွေဟာ ငါးရဲ့ ကိုယ်ခံအား ကောင်းနေချိန်မှာ ခန္ဓာကိုယ်ကို အလွယ်တကူ မတွယ်ကပ်နိုင်ပါဘူး။ ဒါကြောင့် ဆိုင်မှာ ဝယ်ကတည်းက ငါးရဲ့ကျန်းမာရေးနဲ့ လှုပ်ရှားမှုကို သေချာကြည့်ဝယ်ဖို့ လိုသလို၊ သယ်ယူပုံစနစ်မကျရင်လည်း ရောဂါရတတ်တယ်ဆိုတာ သတိပြုရပါမယ်။

၃။ ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?
သယ်ယူရွှေ့ပြောင်းမှု စနစ်ကျပါစေ: အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ၁၅မိနစ် ရေစိမ်တာ၊ ရေချင်းစပ်တာတွေကို စိတ်ရှည်ရှည် လုပ်ပေးပါ။

ဆားကြမ်း သုံးပေးပါ: ငါးလေးတွေ Stress ကြောင့် ဖြစ်တတ်တဲ့ ချွဲထုတ်မှုရပ်တာ၊ ချွဲအလွန်အမင်းထွက်တာတွေကို သက်သာစေဖို့ အိုင်အိုဒင်း (Iodine) မပါတဲ့ ဆားကြမ်းကို မိမိငါးကန်ပမာဏအလိုက် စနစ်တကျ ထည့်ပေးရပါမယ်။ (သတိပြုရန် - ဆားကို မြန်မြန်ကောင်းစေချင်ဇောနဲ့ ပိုမထည့်ပါနဲ့။ ကြေးခွံမပါတဲ့ ငါးမျိုးတွေရှိရင် ဆားခဏဖယ်ခွဲခပ်တာမျိုး လုပ်ပေးပါ)

Heater (အပူပေးစက်) သုံးပါ: ကန်ရေအေးနေရင် အပူချိန်ကို 28°C - 30°C ဝန်းကျင်မှာ ထိန်းထားပေးဖို့ Heater တပ်ပေးရပါမယ်။ ရေအပူချိန်ကို အမြဲသိနိုင်ဖို့ Aquarium Thermometer (အပူချိန်တိုင်းကိရိယာ) လည်း ဆောင်ထားရပါမယ်။

အောက်ဆီဂျင် လုံလောက်ပါစေ: Air Pump နဲ့ အောက်ဆီဂျင်ကို လုံလောက်အောင် ပေးထားပါ။

ဒီလိုနည်းလမ်းလေးတွေနဲ့ မိမိတို့ရဲ့ ငါးကန်လေးမှာ ငါးလေးတွေကို စနစ်တကျ သယ်ယူမွေးမြူနိုင်ကြပါတယ်။ စနစ်ကျသော အလှမွေးငါး မွေးမြူနည်းများနှင့်အတူ စိတ်ချမ်းမြေ့ဖွယ် ငါးကန်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။ 😊






Filter System တွေထဲမှာ ရေကြည်ဖို့အကောင်းဆုံး စွမ်းဆောင်နိုင်တဲ့ System ကိုပြောပါဆိုရင် ဒီ Biochemical Sponge Filter တွေက...
23/05/2026

Filter System တွေထဲမှာ ရေကြည်ဖို့အကောင်းဆုံး စွမ်းဆောင်နိုင်တဲ့ System ကိုပြောပါဆိုရင် ဒီ Biochemical Sponge Filter တွေကိုပဲညွှန်ပေးရမှာပေ့ါ ။

✅အသုံးပြုရလဲလွယ်တယ်

✅ဘယ်လို ငါးကန်မျိုးနဲ့မဆို လိုက်ဖတ်တယ်

✅ငါးကန်အတွက် အကျိုးပြု bacteria တွေကိုလဲ အလျင်မြန်ဆုံးပေါက်ဖွားစေနိုင်လို့

ငါးကန်ထဲမလိုအပ်တဲ့ အဆိပ်တွေ၊ အညစ်အကြေးအမှုန်အမွှားတွေကို စစ်ထုတ်ပေးနိုင်လို့ ဒီ Biochemical Sponge Filter သာ တပ်ထားရင် မိမိရဲ့ ငါးကန်လေးက အမြဲကြည်လင်နေမှာပါ။

ကျွန်တော်တို့ Alpha Aquarium Zone မှာတော့ Sponge Filter ရှိပြီးသားသူတွေအတွက် Sponge ကိုယ်ထည်ကို အပိုဝယ်လို့ရပါပြီ။ DIY ဆင်မယ်ဆိုလဲ မိမိ လိုအပ်သလို ပြုပြင်အသုံးပြုလို့ရပါတယ်။

PK - 200 - Sponge - 4500 Ks

PK - 350 - Sponge - 8500 Ks

Yangon မြို့တွင်း နှင့် Royal Express, MGL, BEE, Ar Luu Post စသဖြင့် Company Delivery ရောက်တဲ့မြို့တိုင်းကို ပို့ဆောင်ပေးပါတယ်ဗျ။

လတ်တလောအခြေအနေများတွင်တော့ အိမ်ရောက်ငွေချေဝန်‌ဆောင်မှုမရရှိ‌နိုင်သေးပါဘူးခင်ဗျ

GU GU&GI GI Pet Fish ၏ မိတ်ဟောင်းမိတ်သစ်များ ယခု အမည်ပြောင်းလဲထားသော Alpha Aquarium Zone Page သို့မဟုတ် ဖုန်းနံပါတ်

#09791171665 သို့ ဆက်သွယ်မှာယူနိုင်ပါပြီခင်ဗျ

အိမ်သို့လာယူချင်သူများ လိုင်းကား 90/ 41/ 105/ 106 စီး‌၍ ထောက်ကြန့်တိုးဂိတ်အကျော် ကြက်ဖြူကန်မှတ်တိုင်တွင်ဆင်း၍ ဇီဇဝါလမ်း သို့ လာရောက်ယူဆောင်နိုင်ပါတယ်ခင်ဗျ

အိမ်သို့လာယူချင်သူများ ဖုန်းကြိုဆက်ပေးပါခင်ဗျ









ကလေးတွေ ကျောင်းတွေ ပြန်ဖွင့်ကြတော့မယ်ဆိုတော့ ကျွန်တော့်ရဲ့ ကျောင်းသားဘဝက စခဲ့တဲ့ အလှမွေးငါး ဝါသနာအကြောင်း ပြန်ပြီး သတိရမ...
21/05/2026

ကလေးတွေ ကျောင်းတွေ ပြန်ဖွင့်ကြတော့မယ်ဆိုတော့ ကျွန်တော့်ရဲ့ ကျောင်းသားဘဝက စခဲ့တဲ့ အလှမွေးငါး ဝါသနာအကြောင်း ပြန်ပြီး သတိရမိတယ်။

ဒီစာလေးကို ဖတ်‌ရင်းနဲ့ အလှမွေးငါး စမွေးတုန်းက တချို့သောအမှတ်တရလေးတွေကို ပြန်အမှတ်ရမိသူတွေရှိရင်လည်း Comment မှာ ပြန်ပြီး Sharing လုပ်ပေးခဲ့ကြပါဦးဗျာ။ 😊

---

ကျွန်တော်က အဲ့ဒီအချိန်တုန်းက အလယ်တန်းကျောင်းသားအရွယ် ၅ တန်းလောက်ပဲ ရှိဦးမယ်။ ကျောင်းကတော့ **"အလက (၄) မင်္ဂလာဒုံ"** ကျောင်းပဲ။ ရန်ကုန် ပြည်လမ်းမကြီးပေါ်က ခရေပင်လမ်းခွဲမှတ်တိုင်နားက အောင်ဆန်းသူရိယလှသောင်းကျောင်းပြီးရင် အလယ်တန်းကျောင်းမှာဆို ကျွန်တော်တို့ လ(၄) က နာမည်ကြီးတဲ့ထဲမှာ ပါတာပေါ့ဗျာ။

စည်းကမ်းပိုင်း၊ ပညာရေးပိုင်း၊ စည်းလုံးမှု‌တွေမှာ ကျောင်းက ဆရာ/ဆရာမတွေရဲ့ သွန်သင်မှုအားကောင်းတော့ အဲ့ဒီခေတ်ကာလက ဆိုးသွမ်းတယ်ဆိုတဲ့ သတင်းမျိုး မထွက်သလောက်ပဲ။ အခုတော့ ကျောင်းနေရာက ရွှေ့သွားပြီလို့ ပြောတယ်၊ အရင်တုန်းက ကျောင်းနေရာဟောင်းလေးမှာတော့ တခြားအဆောက်အအုံတွေ နေရာယူထားကြပါပြီ။

အခုချိန်ထိလည်း လိုင်းကားတိုးစီးရင်း ရုံးသွားရုံးပြန်တွေ ကျောင်းရှေ့က ဖြတ်သွားတိုင်း ကိုယ့်ကို ပညာတွေသင်ပေးခဲ့တဲ့ ဆရာဆရာမတွေ၊ သူငယ်ချင်းတွေအကြောင်းနဲ့ ကိုယ့်ရဲ့ အလှမွေးငါးဝါသနာကို အစပြုပေးခဲ့တဲ့ ကျောင်းတော်ဟောင်းကြီးကို မြင်လိုက်တိုင်း အတိတ်တွေကို သတိရနေဆဲပေါ့ဗျာ။

ကဲ... စကားတွေများနေတာနဲ့ လိုရင်းကို မရောက်တော့ဘူး၊ ငါးစမွေးတဲ့အချိန်ဘက် ပြန်သွားကြရအောင်!

---

မှတ်မှတ်ရရ အဲ့ဒီအချိန်တုန်းက **၂၀၁၀ ကမ္ဘာ့ဖလား** စပြီး ကျင်းပနေတဲ့ အချိန်လို့ ထင်တာပဲဗျ။ ဘာလို့လဲဆိုတော့ အဲ့ဒီတုန်းက ရပ်ကွက်တွေထဲ အရက်ရောင်းတဲ့ ကုမ္ပဏီတစ်ခုက အရက်ကြော်ငြာရင်း ကမ္ဘာ့ဖလားပွဲကို ရှယ်ကြော်ငြာပေးနေတဲ့အချိန်ပေါ့။ သူတို့ကုမ္ပဏီကပေးတဲ့ လည်ဆွဲကြိုးပါတဲ့ Ball Pen တွေ၊ ဘောလုံးပုံစံပါတဲ့ သော့ချိတ်တွေကို အခန်းထဲက ကျောင်းသား‌တွေရဲ့ လက်ထဲမှာ အပေါသားဖြစ်နေတော့ အဲ့ဒီအချိန်ကို ကောင်းကောင်းမှတ်မိနေတာ။

ကျောင်းစဖွင့်ပြီးပြီးချင်း သိပ်မကြာဘူး၊ ကျွန်တော်တို့ အခန်းထဲမှာ ဘယ်သူက စလိုက်လဲတော့မသိဘူး၊ ငါးလေးတွေပါတဲ့ အထုပ်လေးတွေ အခန်းထဲမှာ စတွေ့လာရတော့တာပဲ။ စစချင်းတော့ အမှုမဲ့အမှတ်မဲ့ပေါ့၊ အဲ့လောက်လည်း စိတ်မဝင်စားသေးဘူး။ သူတို့ ငါးတွေယူလာတယ်လောက်ပဲ သတိထားခဲ့မိတာ။

နောက်ကျတော့ ငါးစာ **"ရေတီ"** ဆိုတာလေးတွေပါ အိတ်ကလေးတွေနဲ့ ယူလာခဲ့ကြတယ်။ ကိုယ်လည်း အဲ့ဒီအချိန် ရေတီဆိုတာ ဘယ်လိုမှန်းလည်းမသိ၊ မြင်လည်းမမြင်ဖူး၊ ကြားလည်းမကြားဖူးတော့ စပြီး စပ်စုကြည့်ကြတာပေါ့။ ကြည့်လိုက်တော့ ရေတီဆိုတာလေးတွေက နီနီရဲရဲလုံးလုံးလေး အိတ်ထဲမှာ အုပ်စုလိုက်ကြီး လုံးနေကြတာ။ ကိုယ်က အဲ့ဒီအချိန်ထိ ရေတီကို ငါးကျွေးစရာမဟုတ်ဘဲ၊ ဒီတိုင်း မွေးလို့ရတဲ့ အရာတစ်ခုလို့ပဲ ထင်လိုက်တာပေါ့။ 😂

အဲ့ဒီကနေ စတာပါပဲ... အလှမွေးငါးဆိုတာကို တခါမှမမြင်ဖူးတဲ့ ကျွန်တော်နဲ့ ရေတီဇာတ်လမ်းကနေ ကျွန်တော့်ရဲ့စိတ်ကို စပြီး ဆွဲဆောင်ကြတော့တာပဲ။ စိတ်ဝင်စားတဲ့အရာက တခါမှမမြင်ဖူး၊ မကြားဖူးတော့ သိပြီးသား သူငယ်ချင်းတွေကို စပြီး မေးခွန်းတွေ လွှတ်တော့တာပေါ့။ အဲ့ဒီအချိန် သူငယ်ချင်းတွေကလည်း ကောင်းကြပါတယ်... **အမှန်တစ်ဝက် ဂျင်းတစ်ဝက်** ရောပြီး ပိုပိုသာသာလေး ထောင်းပေးကြတော့ ကိုယ်တွေမှာ ဂျင်းလို့ ဂျင်းမှန်းမသိဘဲ ပိုပိုပြီးတော့ကို စိတ်ဝင်စားလာတာပေါ့။

သူတို့ပေးတဲ့ ဂျင်းတွေထဲက ခုထိစိတ်ထဲ စွဲနေတဲ့ ဂျင်းတစ်ခုကို ပြောပြမယ်...

> **ကျွန်တော် :** "ဟျောင့်... ဒီငါးက ဘာငါးလဲ၊ ဘယ်လိုမွေးရတာလဲ။"
> **သူငယ်ချင်း :** "ဒီငါးက Fighter လို့ခေါ်တယ်ကွ။ သူက တစ်ကောင်နဲ့တစ်ကောင်တွေ့ရင် အချင်းချင်း ကိုက်ကြတာ။ ဒီမှာ ကြည့်... ဒီကောင်ရုပ်ဆိုရင် တွေ့တာနဲ့ အပီဖြဲမယ့်ရုပ်ပဲကွ။ ငါ အိမ်ပြန်ရောက်ရင် ရပ်ကွက်ထဲက ဟိုကောင်တွေနဲ့ ငါပြန်ချိန်းပြီး ငါ့ငါးနဲ့ သူတို့ငါးနဲ့ ချခိုင်း‌မှာ။ ဟိုနေ့တုန်းက သူတို့ အဲ့လိုချပြီး လောင်းနေကြတာတွေ့တယ်။"
> **ကျွန်တော် :** "ဟုတ်လားဟ။ အဲ့ဒါကျ သူတို့က သေတဲ့အထိ တိုက်ကြတာလား။ ဘယ်လို အနိုင်အရှုံး သတ်မှတ်တာလဲ။"
> **သူငယ်ချင်း :** "သေတဲ့အထိတော့ ဘယ်ချခိုင်းမှာလဲဟ မင်းကလဲ။ သူတို့က အထီးတစ်ကောင်နဲ့တစ်ကောင် တွေ့တာနဲ့ ကိုက်ကြတာ။ တချို့ဆို သူတို့အမြှီးအတောင်တွေ ပျက်ထွက်တဲ့အထိကို ချကြတာ၊ တချို့ကျတော့လည်း တွေ့တာနဲ့ ပတ်ပြေးနေကြတာ၊ ငါတို့က အဲ့လိုချလို့ အရင်ပတ်ပြေးတဲ့ကောင်ကို အရှုံးလို့ သတ်မှတ်တာပဲကွ။"

ကိုယ်တွေမှာ သူတို့ အဲ့လိုပြောတော့ Fighter ငါးမြင်တာနဲ့ကို စိတ်ထဲမှာ လက်ဝှေ့သမားလိုလို၊ တကယ် သတ္တိရှိတဲ့ သူရဲကောင်းကြီးတွေလိုလိုကို မျက်လုံးထဲ မြင်ယောင်မိတော့တယ်။ နောက်ပြီး ကျွန်တော်က ဆက်မေးတာပေါ့...

> **ကျွန်တော် :** "ဟျောင့်... မင်းဆီ တခြား ဘာငါးတွေ မွေးထားသေးလဲ၊ ငါ့ပြောပြဦး။"
> **သူငယ်ချင်း :** "ငါ့ဆီ တခြား ရွှေငါးတွေတော့ ရှိသေးတယ်ကွ။ နောက်ပြီး ငါးတစ်မျိုး ရှိသေးတယ်ကွ... သူ့ကို **'မိုးငါး'** လို့ခေါ်တယ်။ သူက မိုးရွာရင် တစ်ကန်နဲ့တစ်ကန် ခုန်ခုန်ကူးတယ်ကွ" တဲ့။

> **ကျွန်တော် :** "ဟင်... အဲ့လိုငါးက တကယ်ရှိလို့လားဟ။ ဘယ်လိုမျိုးတုန်း၊ သူတို့က ခုန်ကူးတော့ အပြင်ပြုတ်ကျပြီး မသေဘူးလားဟ။"
> **သူငယ်ချင်း :** "ဘယ်သေမှာတုန်းကွ။ ငါက အဲ့ဒီအချိန် မိုးရွာပြီဆို သူတို့ကန်ဘေးမှာ မုန့်ပုံးတွေနဲ့ ရေထည့်ပြီး တန်းစီထားတာ။ သူက အဲ့ဒီအချိန် မိုးရွာတာနဲ့ တစ်ကန်ပြီးတစ်ကန် ခုန်ကူးနေတော့တာပဲ။"

အဲ့လို ဂျင်းထည့်တဲ့စကားကို ယုံပြီး "သူပြောတဲ့ငါးက တကယ်ရှိတာပဲလား" ပေါ့။ မြင်လည်းမမြင်ဖူး၊ ပုံပြဖို့ကျတော့လည်း အဲ့ဒီအချိန်တုန်းက ခုလို စမတ်ဖုန်းတွေလည်း မပေါ်သေး၊ ပုံရိုက်လို့ရတဲ့ MP4 စက်လေးတွေကလည်း ကျောင်းယူလာရင် ဆရာမက သိမ်းမှာဆိုတော့ ဘယ်သူမှ မယူလာရဲတော့ သူ့စကားနဲ့ပဲ ခေါင်းငြိမ့် လက်ခံလိုက်ရတာပေါ့ဗျာ။

**ဆက်ရန်...**





---

မီးတွေခဏခဏ ပျက်တတ်တဲ့နေရာတွေ ၊ ဒါမှမဟုတ် ဟိုနားဒီနားကိုငါးတွေ ပြောင်းရွှေ့ချင်တဲ့အခါ oxygen ထိုးဖို့မလွယ်ကူတဲ့အခြေအနေတွေ...
20/05/2026

မီးတွေခဏခဏ ပျက်တတ်တဲ့နေရာတွေ ၊ ဒါမှမဟုတ် ဟိုနားဒီနားကိုငါးတွေ ပြောင်းရွှေ့ချင်တဲ့အခါ oxygen ထိုးဖို့မလွယ်ကူတဲ့အခြေအနေတွေအတွက် ဒီ AC/DC Air Pump လေးကို ဆောင်ထားသင့်ပါတယ်။ ဒီကောင်လေးက မီးလာတဲ့အချိန်တွေဆို လျှပ်စစ်မီးနဲ့ အားသွင်းရင်း အလုပ်လုပ်ပေးပြီး ၊ မီးပျက်တာနဲ့ Auto battery စနစ်ကိုပြောင်းပြီး အလုပ်ဆက်လုပ်ပေးနိုင်တဲ့အတွက်ကြောင့် မီးချိန်းရတာပြဿနာ သပ်သပ်အလုပ်ရှုတ်သက်သာစေပါတယ်။
Air Way က လဲ Two way တောင်ပါတာဆိုတော့ တခါထဲနဲ့ကန် 2ကန်ကို တောက်လျှောက် ပေးလို့ရပါတယ်။

SB-4000 (Mini AC/DC Air Pump) - 69000 Ks

Yangon မြို့တွင်း နှင့် Royal Express, MGL, BEE, Ar Luu Post စသဖြင့် Company Delivery ရောက်တဲ့မြို့တိုင်းကို ပို့ဆောင်ပေးပါတယ်ဗျ။

လတ်တလောအခြေအနေများတွင်တော့ အိမ်ရောက်ငွေချေဝန်‌ဆောင်မှုမရရှိ‌နိုင်သေးပါဘူးခင်ဗျ

GU GU&GI GI Pet Fish ၏ မိတ်ဟောင်းမိတ်သစ်များ ယခု အမည်ပြောင်းလဲထားသော Alpha Aquarium Zone Page သို့မဟုတ် ဖုန်းနံပါတ်
#09791171665 သို့ ဆက်သွယ်မှာယူနိုင်ပါပြီခင်ဗျ

အိမ်သို့လာယူချင်သူများ လိုင်းကား 90/ 41/ 105/ 106 စီး‌၍ ထောက်ကြန့်တိုးဂိတ်အကျော် ကြက်ဖြူကန်မှတ်တိုင်တွင်ဆင်း၍ ဇီဇဝါလမ်း သို့ လာရောက်ယူဆောင်နိုင်ပါတယ်ခင်ဗျ
အိမ်သို့လာယူချင်သူများ ဖုန်းကြိုဆက်ပေးပါခင်ဗျ






မိုးတွင်းရောက်တော့မယ်လေနော် အရမ်းပူရာကနေ ရုတ်တရတ် ရေအပူချိန်တွေထိုးကျသွားရင် ငါးတွေ shock ဝင်ပြီး stress ဝင်တာ၊  အစားမစာ...
19/05/2026

မိုးတွင်းရောက်တော့မယ်လေနော် အရမ်းပူရာကနေ ရုတ်တရတ် ရေအပူချိန်တွေထိုးကျသွားရင် ငါးတွေ shock ဝင်ပြီး stress ဝင်တာ၊ အစားမစားတာ ၊ ရောဂါဝင်လွယ်တာတွေ ဖြစ်တတ်တယ်နော် ၊ အထူးသဖြင့် အပူပိုင်းငါးတွေပေါ့ ၊ cichlid, flower horn , lucky, Oscar , parrot စသဖြင့်ပေါ့။ ဒါတွေကို ကြိုတင်ကာကွယ်ဖို့ တည်ငြိမ်တဲ့ ရေအပူချိန်ထိန်းပေးဖို့ လိုပါတယ်နော်။ ကျွန်တော့်စီမှာ heater 100watt, 200watt, 300watt တွေထိ ပစ္စည်းဝင်ထားပါတယ်။ မိမိကန်အရွယ်အစား ၊ ငါးအမျိုးအစားပေါ် မူတည်ပြီးနှစ်သက်ရာကိုရွေးချယ်နိုင်ပါတယ်။ ဘယ်လိုရွေးရမလဲ မသိဘူးဆိုရင်လဲ page CB ကနေ လာမေးလို့ရပါတယ်ခင်ဗျ။

HS-100W- 14500 Ks
HS-200W- 15500 Ks
HS-300W- 17000 Ks

Yangon မြို့တွင်း နှင့် Royal Express, MGL, BEE, Ar Luu Post စသဖြင့် Company Delivery ရောက်တဲ့မြို့တိုင်းကို ပို့ဆောင်ပေးပါတယ်ဗျ။

လတ်တလောအခြေအနေများတွင်တော့ အိမ်ရောက်ငွေချေဝန်‌ဆောင်မှုမရရှိ‌နိုင်သေးပါဘူးခင်ဗျ

GU GU&GI GI Pet Fish ၏ မိတ်ဟောင်းမိတ်သစ်များ ယခု အမည်ပြောင်းလဲထားသော Alpha Aquarium Zone Page သို့မဟုတ် ဖုန်းနံပါတ်
#09791171665 သို့ ဆက်သွယ်မှာယူနိုင်ပါပြီခင်ဗျ

အိမ်သို့လာယူချင်သူများ လိုင်းကား 90/ 41/ 105/ 106 စီး‌၍ ထောက်ကြန့်တိုးဂိတ်အကျော် ကြက်ဖြူကန်မှတ်တိုင်တွင်ဆင်း၍ ဇီဇဝါလမ်း သို့ လာရောက်ယူဆောင်နိုင်ပါတယ်ခင်ဗျ
အိမ်သို့လာယူချင်သူများ ဖုန်းကြိုဆက်ပေးပါခင်ဗျ




Aquarium Filter ထဲမှာ ရှေးယခင်ကထဲက အသုံးများ လူသိများတဲ့ Top Filter လေးတွေ ရောက်ထားပါတယ် WP-880F - 32000 KsWP-1880F - 44...
18/05/2026

Aquarium Filter ထဲမှာ ရှေးယခင်ကထဲက အသုံးများ လူသိများတဲ့ Top Filter လေးတွေ ရောက်ထားပါတယ်

WP-880F - 32000 Ks
WP-1880F - 44000 Ks

Yangon မြို့တွင်း နှင့် Royal Express, MGL, BEE, Ar Luu Post စသဖြင့် Company Delivery ရောက်တဲ့မြို့တိုင်းကို ပို့ဆောင်ပေးပါတယ်ဗျ။

လတ်တလောအခြေအနေများတွင်တော့ အိမ်ရောက်ငွေချေဝန်‌ဆောင်မှုမရရှိ‌နိုင်သေးပါဘူးခင်ဗျ

GU GU&GI GI Pet Fish ၏ မိတ်ဟောင်းမိတ်သစ်များ ယခု အမည်ပြောင်းလဲထားသော Alpha Aquarium Zone Page သို့မဟုတ် ဖုန်းနံပါတ်
#09791171665 သို့ ဆက်သွယ်မှာယူနိုင်ပါပြီခင်ဗျ

အိမ်သို့လာယူချင်သူများ လိုင်းကား 90/ 41/ 105/ 106 စီး‌၍ ထောက်ကြန့်တိုးဂိတ်အကျော် ကြက်ဖြူကန်မှတ်တိုင်တွင်ဆင်း၍ ဇီဇဝါလမ်း သို့ လာရောက်ယူဆောင်နိုင်ပါတယ်ခင်ဗျ
အိမ်သို့လာယူချင်သူများ ဖုန်းကြိုဆက်ပေးပါခင်ဗျ





ကိုယ့်ရဲ့ကန်ထဲမှာ ရေတံခွန်ကနေ ရေစီးကြောင်းလေး ခပ်နှေးနှေးစီးသလို ခံစားချက်မျိုးရချင်တယ် ၊ အပင်စိုက်ထားတဲ့ကန်တွေမှာဆိုလဲ ...
17/05/2026

ကိုယ့်ရဲ့ကန်ထဲမှာ ရေတံခွန်ကနေ ရေစီးကြောင်းလေး ခပ်နှေးနှေးစီးသလို ခံစားချက်မျိုးရချင်တယ် ၊ အပင်စိုက်ထားတဲ့ကန်တွေမှာဆိုလဲ ရေပြင်းအားကြောင့် အပင်တွေယိုင်မှာလဲမှာ စ်ိုးရိမ်တယ် ၊ မိမိမွေးထားတဲ့ငါးလေးတွေကလဲ ခပ်နှေးနှေးစီးတဲ့ ရေစီးကြောင်းလေးမှာပျော်တယ်ဆိုရင် ဒီ filter media ပါပြီးသား Slim Filter လေးတွေ သုံးလို့ရတယ်နော်

WP-308H - 44000 Ks

Yangon မြို့တွင်း နှင့် Royal Express, MGL, BEE, Ar Luu Post စသဖြင့် Company Delivery ရောက်တဲ့မြို့တိုင်းကို ပို့ဆောင်ပေးပါတယ်ဗျ။

လတ်တလောအခြေအနေများတွင်တော့ အိမ်ရောက်ငွေချေဝန်‌ဆောင်မှုမရရှိ‌နိုင်သေးပါဘူးခင်ဗျ

GU GU&GI GI Pet Fish ၏ မိတ်ဟောင်းမိတ်သစ်များ ယခု အမည်ပြောင်းလဲထားသော Alpha Aquarium Zone Page သို့မဟုတ် ဖုန်းနံပါတ်
#09791171665 သို့ ဆက်သွယ်မှာယူနိုင်ပါပြီခင်ဗျ

အိမ်သို့လာယူချင်သူများ လိုင်းကား 90/ 41/ 105/ 106 စီး‌၍ ထောက်ကြန့်တိုးဂိတ်အကျော် ကြက်ဖြူကန်မှတ်တိုင်တွင်ဆင်း၍ ဇီဇဝါလမ်း သို့ လာရောက်ယူဆောင်နိုင်ပါတယ်ခင်ဗျ
အိမ်သို့လာယူချင်သူများ ဖုန်းကြိုဆက်ပေးပါခင်ဗျ





Address

Zizawar St
Hmawbi

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Website

Alerts

Be the first to know and let us send you an email when Alpha Aquarium Zone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Alpha Aquarium Zone:

Share

Category