Dawei cele

Dawei cele သတင္း

ဦးတင်ပါတယ်ဘုရား
28/05/2024

ဦးတင်ပါတယ်ဘုရား

မြန်မာနိုင်ငံ၌ တစ်ဦးတည်းသာရှိသော ထားဝယ်မြို့မှ အရှေ့အနောက် တောင်မြောက် မိုင်ပေါင်းများစွာ လမ်းလျှောက်၍ တိုင်းနှင့်ပြည်နယ...
14/07/2023

မြန်မာနိုင်ငံ၌ တစ်ဦးတည်းသာ
ရှိသော ထားဝယ်မြို့မှ အရှေ့အနောက် တောင်မြောက် မိုင်ပေါင်းများစွာ လမ်းလျှောက်၍ တိုင်းနှင့်ပြည်နယ် ( ၁၄ ) ခုကို စက်ဘီးစီးနင်းခဲ့သူ ဦးသီးလှိုင်၏ ဖိုက်ဘာရုပ်ထုအား ပြီးစီးပြီဖြစ်ပါသဖြင့် ပေးအပ်လိုက်ပါသည်။

တနသ်ာရီတိုင်း ထားဝယ်မြို့မှ အသက် ( ၆၈ )နှစ်ရှိ ဦးသီးလှိုင်သည် ( ၁၉၉၉ ) ခု ဇွန်လ ( ၃၀ )ရက် ဗုဒ္ဓဟူးနေ့ ( ၅ )နာရီမှာ မြိတ်မြို့ တောင်ဖျားမှ မြောက်ဖျားဖြစ်တဲ့ ကချင်ပြည်နယ်
ပူတာအို/နောင်မွန်း ခရီးစဉ်ကို ခြေလျင်လျှောက်လှမ်းခဲ့တဲ့ ( တစ်ကိုယ်တော် လမ်းလျှောက် သူရဲကောင်း ထားဝယ်သားကြီး တစ်ဦးပါ ) လမ်းလျှောက်ခဲ့ရာတွင်လည်း သာမန်အရပ်ဝတ် လုံချည်အကျီကိုဝတ်ဆင်ပြီး ရာဘာခြေညပ်ဖိနပ်ကို စီး၍သာ လျှောက်ခဲ့ပါသည်။ ရောက်တဲ့အရပ်တွင် ဘုန်းတော်ကြီးကျောင်းတွေမှာ
ညအိပ်ရပ်နားခဲ့ပါတယ် မြိတ်မှထားဝယ်ထိ စုစုပေါင်းမိုင် ( ၁၆၃၆ )မိုင် ခရီးကို ( ၇၃ )ရက်ကြာ လျှောက်လှမ်းခဲ့ပါတယ် အိပ်စက်ချိန်မှလွဲ၍ လျှောက်လှမ်းခြင်းဖြင့် အောင်မြင်စွာအကောင်အထည်ဖော်နိုင်ခဲ့သူပါ။
( ၂၀၀၀ )ခုနှစ် အသက် ( ၆၉ )နှစ်တွင်လည်း အရှေ့တာချီလိတ်မှ အနောက်ဘက်ရခိုင်ထိကို လျှောက်ခဲ့ပါသည်။

( ၂၀၁၀ )ခုနှစ် အသက် ( ၈၀ ) အရွယ်တွင်လည်း ( မောင်းတိန်းစက်ဘီး )ဖြင့် တိုင်းနှင့်ပြည်နယ် ( ၁၄ )ခုကို စီးနင်းခဲ့သူ သက်ကြီးရွယ်အို လူစွမ်းကောင်းတစ်ဦးလည်း ဖြစ်ခဲ့ပါသည်။

မှတ်ချက် - အတိုချုပ်ရေးသားထားခြင်းသာ ဖြစ်ပါသည်။

ယခုလက်ရှိ အသက် ( ၉၆ )နှစ်အရွယ် ရှိနေပြီဖြစ်သော ဦးသီးလှိုင်သည် ကျွန်တော့်အား သူ၏ရုပ်ထုပုံတူ ထုလုပ်ရန် ထားဝယ်မြို့မှ မေးမြန်းခဲ့ပါသည်။ အသက်( ၇၉ )နှစ် ရှိပြီဖြစ်သော ကျွန်တော့်မှာလည်း ခရီးဝေးကို မသွားနိုင်ခဲ့ပါသဖြင့် ဓာတ်ပုံရိုက်ပြီး ပို့ပေးရန် ပြောကြားခဲ့ပါသည်။
ဦးသီးလှိုင်မှ သူကိုယ်တိုင်လာ၍ သူ့ပုံထုလုပ်ခြင်းအတွက် ထိုင်ပေးမည်ဟု ပြန်ကြားခဲ့ပြီး ( ၄.၇.၂၀၂၃ )နေ့တွင် ကျွန်တော့်အိမ်သို့ ရောက်ရှိခဲ့ပါသည်။ ( ၉၆ )နှစ်အရွယ် ရှိပြီဖြစ်သော်လည်း နံနက်အစောကြီး ထားဝယ်မှ ကားဖြင့် ရန်ကုန်သို့ မိုးချုပ်ခါနီး ရောက်ရှိလာခဲ့တာကိုလည်း ဒေါင်ဒေါင်မြည် ကျန်းမာစွာ တွေ့ရှိရ၍ အံ့ဩမိပါသည်။ ဆေးဝါးများကိုလည်း ယခုအသက်အရွယ်ထိ မှီဝဲခြင်းမရှိဘဲ အရပ်အမောင်း ၅ပေ၉လက်မ ရှိပြီး ခါးမကိုင်း မျက်မှန်မတပ် သွားမကျိုး အသားအရည် ကျစ်လစ်သန်မာစွာ ရှိနေခြင်းကိုလည်း တွေ့မြင်ရပါသည်။ ဦးသီးလှိုင်ပုံအား ဓာတ်ပုံရိုက်ယူ၍ ဦးသီးလှိုင် တည်းခိုသည့်အိမ်တွင် နားနေစေပြီး ( ၆.၇.၂၀၂၃ )နေ့တွင် ရွှံ့ပုံကြမ်းကို စတင်ထုလုပ်ခဲ့ပါသည်။ ၇ရကျနေ့တှငျ ဦးသီးလှိုင်အား ထိုင်စေပြီး ထုလုပ်ခြင်းကို စ၍ ၈ရက်နေ့တွင် နေ့ဝက်ထိုင်စေပြီး ရွံ့ပုံထုလုပ်ခြင်းကို နားနားနေနေ နှစ်ရက်ခွဲဖြင့် လက်စသတ် ထုလုပ်ခြင်းကို မျှဝေခြင်းဖြစ်ပါသည်။

ယခုလို ပုဂ္ဂိုလ်တစ်ဦးအား ထုလုပ်ရခြင်းအတွက်လည်း များစွာဝမ်းသာ ဂုဏ်ယူမိပါသည်။

( မြန်မာမှုနှင့် ပန်းပုပညာရှင် လူငယ်များ တိုးတက်အောင်မြင်ပါစေ )...

အမျိုးဖျက်သစ္စာဖောက်လောက်ကောင် အေးမင်းပါတီထောင်ကတဲက ခညားကိုယ်ကျိုးစီးပွားအတွက်လုပ်တာတစ်မြို့လုံးသိတယ်။ အခုအချိန်မှာရုပ်လံ...
25/02/2021

အမျိုးဖျက်သစ္စာဖောက်လောက်ကောင် အေးမင်း
ပါတီထောင်ကတဲက ခညားကိုယ်ကျိုးစီးပွား
အတွက်လုပ်တာတစ်မြို့လုံးသိတယ်။ အခုအချိန်မှာရုပ်လုံးပေါ်လာတာအချိန်ကောင်းဘဲ
အမေပြန်လာရင် နင်တို့တစ်မျိုးလုံးထားဝယ်မှာနေရဲနေ
ကြည့် မရမ်းသီးသုတ်လို့တစ်မျိုးလုံးလုပ်ပစ်မယ်။

ခနကြာရင် တူတူပုန်းတန်းကစားပါတော့မယ်ထူးခြါးတဲ့ရ​ြာတေ​ြ com မွာရေးပေးသ​းြပါ။
15/02/2021

ခနကြာရင် တူတူပုန်းတန်းကစားပါတော့မယ်
ထူးခြါးတဲ့ရ​ြာတေ​ြ com မွာရေးပေးသ​းြပါ။

14/02/2021

ထားဝယ်မှာလူဖမ်းပွဲလုပ်နေတယ်
ဘယ်ရွာတွေမှာထူးခြားမှုရှိနေလဲ
ထူးခြားမှုတွေဝင်ရေးပေးသွားကြပါ

11/02/2021

ထားဝယ်မှာ နတ်မင်းတွေပါ
ဆင်းလာပြီး ဆန္ဒဖော်ထုပ်နေပြီ

ထားဝယ်သူလေး ဝတ်ရမှုံလှိုင်ရန်ကုန်တွင် ပြည်သူတွေနဲ့အတူအလုပ်လုပ်နေပါတယ်။
08/02/2021

ထားဝယ်သူလေး ဝတ်ရမှုံလှိုင်
ရန်ကုန်တွင် ပြည်သူတွေနဲ့အတူအလုပ်လုပ်နေပါတယ်။

ဂျပုသွေးနဲ့ လဥဆေးမယ်
08/02/2021

ဂျပုသွေးနဲ့ လဥဆေးမယ်

Download. ဆွဲထားကြပါ
07/02/2021

Download. ဆွဲထားကြပါ

ပြင်ဆင်တာရှိတာပြင်ဆင်ကြပါတော့
06/02/2021

ပြင်ဆင်တာရှိတာပြင်ဆင်ကြပါတော့

BREAKING NEWS: (Updated)UN Security Council ကလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ လုံခြုံရေးကောင်စီ တော...
04/02/2021

BREAKING NEWS: (Updated)
UN Security Council က
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ လုံခြုံရေးကောင်စီ တောင်းဆိုပြီ

မြန်မာပြည်ကို အရေးပေါ်အခြေအနေကြေညာပြီး အာဏာသိမ်းလိုက်တဲ့ မြန်မာစစ်တပ်အနေနဲ့ ဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အျခား ထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တရားဝင်တောင်းဆိုချက် ထုတ်ပြန်လိုက်ပါတယ်။
အဖွဲ့ဝင် ၁၅နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြာသပတေးနေ့မှာ အဖွဲ့ဝင်နိုင်ငံအားလုံးက မြန်မာပြည်မှာ ဒီမိုကရေစီဖြစ်စဉ်နဲ့ အင်စတီကျူးရှင်းတွေ ဆွဲကိုင်ထားဖို့၊ အကြမ်းဖက်မှုတွေကနေ ရပ်ဆိုင်းဖို့၊ လူ့အခွင့်အရေးနဲ့ အခြေခံကျတဲ့ လွတ်လပ်ခွင့်တွေကို လေးစားဖို့၊ တရားဥပဒေစိုးမိုးဖို့အတွက် သေဘာတူလိုက္တာ ဖြစ်ပါတယ်။
လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက မြန်မာပြည်မှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဆက်ရှိနေရေးအတွက် ဆက်လက်ထောက်ခံအားပေးမှု လိုအပ်နေတယ်လို့ ကြေညာချက်ထဲ ဖော်ပြထားပြီး မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့အကျိုးစီးပွါးအတွက် ရင်ကြားစေ့ရေးနဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ တိုက်တွန်းအားပေးတယ်လို့ ဆိုထားပါတယ်။
အလှည့်ကျဥက္ကဌ ဗြိတိန်နိုင်ငံက မူလကေရးသားထားတဲ့ ကြေညာချက်မူကြမ်းထက် စကားလုံးက ပိုပြီးပျော့ပြောင်းသယောင်ရှိပေမယ့် စစ်တပ်အာဏာသိမ်းမှုလို့ ဖော်ပြထားခြင်းမရှိတာဟာ တရုတ်နဲ့ရုရှတို့ရဲ့ သဘောတူညီချက်ရဖို့အတွက်လို့ ယူဆလို့ရပါတယ်။
ကြေညာချက်ထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုလိုက်ပြီး အရပ်ဖက်အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေကို ကန့်သတ်မှုတွေလုပ်တဲ့အပေါ် စိုးရိမ်ပူပန်တယ်လို့လည်း ဖော်ပြထားပါတယ်။
လုံခြုံရေးကောင်စီရဲ့ ကြေညာချက်ထဲမှာ ၂၀၁၇ခုနှစ်တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မွတ်ဆလင်လူနည်းစုတွေအပေါ် အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် အကြီးအကျယ် စိုးရိမ်ပူပန်တယ်လို့လည်း ဖော်ပြထားပြီး နောက်ထပ် စစ်အင်အားအလွန်အကျွံသုံးတာတွေ မလုပ်ဖို့ကိုလည်း ပြောထားပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရအဖွဲ့ကလည်း တရားဝင်တည်ဆဲအစိုးရဆီက အာဏာသိမ်းယူလိုက်တဲ့ မြန်မာစစ်တပ်ကို ပိတ်ဆို့အရေးယူဖို့အတွက် သမ္မတအမိန့်ထုတ်ပြန်ရေး တွက်ဆနေတယ်လို့လည်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ် ဆူလီဗန္က ဆိုထားပါတယ်။
အမေရိကန်ပြည်ထောင်စုကတော့ မြန်မာပြည်မှာ ဖေဖော်ဝါရီ ၁ရက်နေ့က ဖြစ်ခဲ့တာဟာ အာဏာသိမ်းမှုလို့ တရားဝင်သတ်မှတ်လိုက်ပြီး ဥပေဒအရ အာဏာသိမ်းစစ်တပ်ကို ပိတ်ဆို့အရေးယူဖို့အတွက် သုံးသပ်မှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

https://www.un.org/press/en/2021/sc14430.doc.htm

ထားဝယ် အထက(၃) ရှေ့မှာတော့ လက်စွမ်းပြလိုက်ပြီ
03/02/2021

ထားဝယ် အထက(၃) ရှေ့မှာတော့ လက်စွမ်းပြလိုက်ပြီ

Address

Dawei

Website

Alerts

Be the first to know and let us send you an email when Dawei cele posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category