Oaaw

Oaaw Knowledge Vlog

လက်ထပ်ခြင်း ရသ-----------------------လက်ထက်ပွဲတွေ မဂ်လာဆောင်တွေ ခဏခဏ သွားဖြစ်တယ် ဖိတ်ကြတယ်လေ အသိမိတ်ဆွေတွေက--တစ်နေ့ဘဏ်မှ...
11/05/2023

လက်ထပ်ခြင်း ရသ
-----------------------
လက်ထက်ပွဲတွေ မဂ်လာဆောင်တွေ ခဏခဏ သွားဖြစ်တယ် ဖိတ်ကြတယ်လေ အသိမိတ်ဆွေတွေက--

တစ်နေ့ဘဏ်မှာ အလုပ်ကိစ္စငွေသွင်းစရာလေးရှိလို့ သွားရင်း သိပ်မကြာသေးခင်က ကိုယ်မဂ်လာဆောင်သွားထားတဲ့ ညီမတစ်ယောက်နဲ့ သွားဆုံတယ် တွေ့တော့ နှုတ်ဆက်ရင်း သူ့အမျိုးသားလေးကလည်း ကိုယ်နဲ့သိနေတော့ နံမည်တပ်ပြီး (--------) ရော မပါဘူးလားမေးတော့ သူက မျက်နှာမကောင်းဘူး ကျွန်တော့စိတ်ထဲချက်ချင် ထင့်ခနဲ့ဖြစ်သွားတယ် ငါမေးမိတာမှားပြီလားပေါ့ အတွေးပေါင်းစုံတွေးနေစဥ်မှာ သူ့ဆီကစကားသံထွက်လာတယ် ကွဲသွားပြီ အကိုကြီးတဲ့ ကျွန်တော် ပါးစပ်က အာမေဋိတ်သံ ထွက်သွားတယ် "ဟမ်" ဆို ပြီး ဒါနဲ့ sorry နော် ညီမ အစ်ကိုမသိလိုက်လို့ပါဆိုပြီး သူ့ကို အားပေးတဲ့ပုံစံပြန်သွင်းပြီး စကားပြောင်းပြီး ဘဏ်ကကိစ္စလေးတွေပြီးတော့ သူ့ကိုနှုတ်ဆက်ပြီးပြန်လာခဲ့တယ်။

အဲ့လိုနဲ့အလုပ်ကိစ္စတွေနဲ့ ရှုပ်နေရင်း အလုပ်နားရက်မှာ ဖိတ်စာတစ်ဆောင်ထပ်ရောက်နေတော့ မဂ်လာဆောင်ပဲ ဖိတ်ထားတာ ဒါနဲ့ ဘဏ်မှာတွေ့ခဲ့တဲ့အတွဲကိုသတိရသွားလို့ သူတို့ဖိတ်စာကို ပြန်ရှာကြည့်တော့ မဂ်လာဆောင်ထားတာ ဆယ်လနဲ့ သုံးရက်ပဲရှိသေးတယ် စိတ်ထဲမှာ (OMG) ဆို အော်မိတယ်

အဲ့မှာအတွေးတွေဝင်လာတယ် အိမ်ထောင်ရေးတွေဘာကြောင့် ပြိုကွဲကြသလဲ စဥ်းစားရင်အဖြေတွေထွက်လာတယ်

ကိုယ်တိုင်လည်း လူပျိုကြီးဆိုတဲ့ ဘွဲ့ကို ပတ်ဝန်းကျင်ကပေးနေပြီလေ (ကြော်ငြာ 😂😂😂)
ယောကျ်ားလေးကတွေးဖို့---- မိန်းကလေးတစ်ယောက်ကို ကိုက လက်ထပ်တော့မယ်လို့ ဆုံးဖြတ်တော့မယ်ဆို အဲ့မိန်းကလေးနဲ့ သူ့ကိုတကယ်လိုလိုလားလားချာတစ်ယောက်အနေနဲ့တွေးစရာတာတွေ အားလုံးသိပြီးပြီလား အထူးသဖြင့် သူ့ရဲ့စိတ်နေသဘောထားအမှန်၊ အကျင့်စရိုက်၊ ကိုယ့်အပေါ်သူ့ရဲ့ ထားတဲ့စိတ်ရင်းအမှန်၊ သူ့ရဲ့ အဆင့်အတန်း ( အဆင့်အတန်ဆိုရာမှာ ငွေကြေးချမ်းသာချင်းက ဒုတိယအချက်ပါ အတွေးအခေါ်ရှိပြီး အမှားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်တဲ့ အသိရှိပြီး ဘာသာရေးကိုင်းရှိုင်းမှု ရှိ/မရှိ ဆိုတဲ့အဆင့်အတန်းက အင်မတန်အရေးကြီးပါတယ်) ပြီရင် ကိုယ်က သူ့ကိုတကယ်လိုလိုလားလားချာလက်ထပ်ချင်တဲ့စိတ်ရှိလား တကယ်ချစ်ရဲ့လား သူ့ကို တစ်သက်လုံး ရိုးမြေကျ ပေါင်းသင်နိုင်ပါ့မလား သေချာစဥ်းစားဖို့လိုမယ် အစရှိသဖြင့် အများကြီးပဲတွေးစရာတွေ

မိန်းခလေးကလည်း တွေးရမယ် ယောကျ်ားလေးတာထက်ပိုတွေးရမယ် ပိုရွေးရမယ် ဘာကြောင့် မိဘထက်ပိုချစ် ပိုအားကိုးပြီး မိမိရဲ့ ဘဝကို သူစိမ်းတစ်ယောက်ဆီ အပိုင်(အပြီးအပိုင်နော်) အပ်ရမှာ သေချာစဥ်းစားဖို့လိုတယ်
သေသေချာချာစဥ်းစားပါ။

ထို့အတူပဲ မယူခင်ပူတဲ့ကိစ္စတွေ (living togeter)နေတာတွေ မိန်းကလေးများအနေဖြင့် အထူးဂရုစိုက်ဖို့လိုပါတယ်
ပထမတစ်ယောက်ကို မိမိရဲ့ အပျိုစင်ဘဝကိုပေးလိုက်ပြီး
တကယ်အိမ်ထောင်ကျတော့ ကိုယ်ယူသည့် အမျိုးသားက ဒီကိစ္စကိုသိသွားရင် ဘာဖြစ်မလဲ တွေးပါ

ဒါတွေပါပဲ အိမ်ထောင်ရေးပျိုကွဲရတဲ့ အခြေခံအချက်တွေက ဒါကြောင့် လက်ထပ်ခြင်း နဲ့ ပတ်သက်ပြီး ယခုစာလေးကိုဖက်မိခြင်းအားဖြင့် အသိလေးတစ်ခု မိတ်ဆွေတို့စိတ်ထဲမှာ အသိလေးတစ်ခု ရခဲ့မယ်လို့ ယုံကြည်ပါတယ်။

–---------------- Oaaw ----------------

Address

No. 222, U Phaw Road
Dagon
11011

Website

Alerts

Be the first to know and let us send you an email when Oaaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category