31/08/2026
August လလေး ကုန်ဆုံးတော့မယ်ဆိုတော့ ဒီလအတွင်း Arts by Thu Rein က လုပ်ဖြစ်ခဲ့တဲ့ paper quilling artwork လေးတွေကိုအမှတ်တရ စုပေါင်း မှတ်တမ်းတင်လိုက်ပါတယ်ဗျ။
မအားလပ်တဲ့ ကြားက ဒီအလုပ်လေး ကိုလည်း မြတ်နိုးလွန်းလို့ အားပေးကြတဲ့ သူတွေ အတွက် ကြိုးစား ဖန်တီး ပေးခဲ့တာလေး တွေပါ။ နောက် ထပ်ကျန်နေသေးတဲ့ ကျေးဇူးရှင်တွေ တွက်လည်း ဆက်လက်ဖန်တီးပေးနေတာမို့ စောင့်ပေးကြပါအုံးခင်ဗျာ။
သင်ဆရာ မြင်ဆရာ အပေါင်းနှင့် ကျေးဇူးရှင်အပေါင်းတို့အား လေးစားလျက်ပါ။