26/08/2021
သင့်အသက်ဘယ်လောက်လဲ ?
ဘာနေ့မွေးလဲသာ မှန်မှန်ပြောပါ ...
မှန်လွန်းလို့ ထပ်ခါ ထပ်ခါ ဖတ်ဖြစ်တဲ့ ....
ဇနကဟောကိန်း
****************
ဘုရားအလောင်းတော် မဟာဇနကမင်း၏ ဖြစ်စဉ်
ခုနှစ်မျိုး အခြေပြု၍ ရှေးဆရာကြီးများက တီထွင်၍ တွက်ကိန်းဆင်ထားခြင်းဖြစ်သည် ။ အလွန်လွယ်ကူရှင်းလင်း၍ ယနေ့ပညာရှင်များထိ သုံးစွဲနေသော တွက်ကိန်းဖြစ်ပါသည် ။ တွက်ကိန်းအား ပုံသေကား
ချမယူပဲ မဟာဘုတ်စသော အခြားတွက်ကိန်းများနှင့် ညှိနှိုင်းဟောပြောလျှင် အလွန်
အစွမ်းထက်သော ဟောကိန်းဖြစ်သည် ။
--------------------------------
အဟောကြည့်နည်း
ဥပမာ - မိမိက တနင်္ဂနွေသားသမီး
အခုရောက်သက် ၂၅ နှစ်ဆိုရင် တနင်္ဂနွေ
ဇယားကွက်ထဲတွင် ၂၅ ကို ရှာပါ ။
* နန်း * အကွက်ထဲတွင်ရှိ၍ ထိုအဟောကိုဖတ်ပါ ။
မိမိက တနင်္လာသားသမီး အခုရောက်သက်
၂၀နှစ်ဆိုရင် တနင်္လာဇယားကွက်ထဲတွင် ၂၀ ကိုရှာပါ ။ * ပျက်* အကွက်ထဲတွင်ရှိသောကြောင့်
ထိုအဟောကိုဖတ်ပါ ။ ဇယားတစ်ကွက်လျှင်
၂ နှစ် အကျုံးဝင်ပါသည် ။
--------------------------------
**တည်**
တည်ဆိုတာ သင်္ဘော တည်ဆောက်တာကို ပြောတာပါ ။ လုပ်ငန်းတွေအတွက် ကြံစည်ဆဲ ၊ လုပ်ငန်းတွေအစပြုဆဲ အခြေအနေကိုရောက်နေတယ်လို့ ပြောတာပါ ။ လုပ်ငန်းအတွက် ရင်းနှီးမြုပ်နှံဖို့ ရန်ရှာရာတွင်လွယ်ကူလိမ့်မည် ။ လုပ်ငန်းအကြံအစည်အောင်မြင်မည် ။ အလုပ်
ရှာနေလျှင် အလုပ်ရမည် ။ အလုပ်လျှောက်ထားလျှင် အလုပ်ရမည် ။ အမှုကိစ္စတွေ ၊ အလုပ်တွေများမည် ။
ငွေဝင်များသလို ငွေထွက်လဲများမည် ။
**ထွက်**
ထွက်ဆိုတာ ဇမ္ဗနဂိုရ်ပြည်က သင်္ဘောစထွက်တာကို
ပြောတာပါ ။ ကောင်းမွန်သောမိတ်ဆွေသစ်များ
တိုးမည် ။ စပ်တူရှယ်ယာလုပ်ငန်းများ လုပ်ရမည့်အချိန်ကောင်းပါ ။ ပြည်တွင်း၊ပြည်ပခရီးများ
သွားရမည် ။ နိုင်ငံခြားကုန်လုပ်ငန်းများ အောင်မြင်မည်။
**ပျက်**
ပျက်ဆိုတာ သင်္ဘော ပျက်သွားတာကို ပြောတာပါ ။ ကံဇာတာညံ့ချိန်ပါ ။ စီးပွားရေးကျဆင်းမယ် ။
သူများမကောင်းကြံခံရတတ်သည် ။ မတော်တဆ
ထိခိုက်မှု အသေးအဖွဲများ ကြုံတတ်သလို သေကောင်ပေါင်းလဲဝေဒနာများ ဖြစ်တတ်သည် ။
ရာထူးလုပ်ငန်းကိုနှောင့်ယှက်မည့်သူ ပေါ်လာလိမ့်မည်။ အိမ်ထောင်ရေးကို အထူးသတိထားပါ ။
**ကျောက်**
ကျောက်ဆိုတာ မေခလာနတ်သမီးက ကျောက်ဖျာထက်မှာတင်ပေးထားတဲ့ ကိန်းဆိုက်ပြီဆိုတော့ ကံကောင်းပြီလို့မှတ်ပါ ။ မမျှော်လင့်ပဲကူညီမယ့်သူတွေပေါ်မယ် ။ အောင်ပါလေသိန်းထီဆုကြီးများ ပေါက်မယ် ။
မကျန်းမမာဖြစ်နေရင်တော့ ပြန်ပြီးကျန်းမာလာမယ် ။ ဆရာကောင်းနဲ့တွေ့ပြီလို့ဟောပါ ။ အမှုရှိရင်ရှိနိုင်မည် ။ အချုပ်နှောင်ခံနေရရင် လွတ်မည် ။ ကျဆင်းနေသောစီးပွားရေးများ ပြန်တက်လာမည် ။ ပညာရေးလဲကောင်းမည် ။ အိမ်ထောင်ကျလျှင် အိမ်ထောင်ဖက်ကောင်းနှင့်တွေ့ပြီလို့ဟောပါ ။ အကြံအစည်များ အောင်မြင်မည် ။
**ထီး**
ထီးဆိုတာ ထီးဖြူဆောင်းတဲ့ကိန်းပါ ။ နာမည်ကျော်ကြားထင်ရှားမည် ။ ကောင်းသတင်းနှင့် ကျော်ကြားခြင်းပါ ။ ဆုလာဘ်တွေရမည် ။ ဘွဲ့ထူးဂုဏ်ထူးများ ရမည် ။ စာမေးပွဲဖြေထားရင် စာမေးပွဲအောင်မည် ။
ရာထူးတိုးမည် ။ စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရမည် ။ အိမ်သစ်ဆောက်ကိန်း၊ အိမ်သစ်ရကိန်းပေါ်မည် ။
**နန်း**
နန်းဆိုတာ နန်းအပ်ခံရတဲ့ကိန်းပါ ။ ကံဇာတာကောင်းပြီလို့ဟောပါ ။ ရာထူးတိုးမည် ။ စီးပွားဖြစ်ထွန်းမည် ။ အမွေအနှစ်တွေရမည် ။ အပြိုင်အဆိုင်တွေမှာ
အနိုင်ရမည် ။ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်နိုင်မည် ။ အိမ်ထောင်ကျကိန်းရှိသည် ။ အိမ်ထောင်ကျလျှင်လဲ ကံကောင်းမည် ။ အလှူပြု
လုပ်ရမည် ။ မင်းစိုးရာဇာ အကြီးအကဲဖြစ်မည်။
**စံ**
စံဆိုတာ မင်းစည်းစိမ်ကိုခံယူရတဲ့ကိန်းပါ ။
ဘေးအန္တရာယ်ကင်းပြီး စုတ်ကြီး ၊ လာဘ်ကြီးတွေဝင်မည် ။ လုပ်ငန်းတွေတိုးတက်မည် ။ ကြီးမားတဲ့ရာထူးတွေရမည် ။ သိုလှောင်ပစ္စည်းတွေက အကျိုးအမြတ်
ရမည် ။ အခြွေအရံ မိတ်ဆွေအပေါင်းအသင်း
တိုးမည် ။ ငွေကြေးစုဆောင်းမိမည် ။
ယခုအဟောတစ်မျိုးထဲနှင့် ပုံသေယူ၍မရပါ ။
မသိသေးသူများ သိစေရန်
ရည်ရွယ်၍ ကူးယူရေးသားပါသည် ။
မူရင်းရေးသူအား လေးစားစွာ Credit ပေးပါသည် ။
Credit to
written by ဗေဒင် လက္ခဏာ
#ဂမ္ဘီရမျက်ရှင်