You & Me

You & Me ချစ်တယ် ဒါပေမဲ့ မုန်းတယ်

12/10/2022

စိတ်ကုန်သွားတာပဲလား...ကိုယ်ကပဲ စိတ်မတည်ငြိမ်တာလား....နေရတဲ့နေရာမှာ မပျော်ရင်...ကိုယ့်ကိုပျော်စေတဲ့နေရာမှာ နေရာတစ်ခုမှာ....နေချင်မိတာ....ကိုယ်မှားလား..

ကျွန်တော့်ကိုချစ်ရင် နာကျင်ရကောင်း နာကျင်ရနိုင်ပါတယ် ။ ကျွန်တော်ကလေ ...ချစ်မိပြီဆိုရင် တစ်ခါတစ်လေကျတော့ တဇွတ်ထိုးဆန်တတ်သ...
24/08/2022

ကျွန်တော့်ကိုချစ်ရင် နာကျင်ရကောင်း နာကျင်ရနိုင်ပါတယ် ။

ကျွန်တော်ကလေ ...ချစ်မိပြီဆိုရင် တစ်ခါတစ်လေကျတော့ တဇွတ်ထိုးဆန်တတ်သလို တစ်ခါတစ်လေကျတော့ အတ္တတွေလဲ ကြီးတတ်တယ် ။ လူတစ်ယောက်ကို ချစ်ရင် အစစအရာရာ ကိုယ်ပဲ ဂရုစိုက်ပေးချင်တာ ကိုယ်တစ်ယောက်တည်းကပဲ ချစ်နေချင်တာ ... အစစအရာရာပေါ့ လိုတာထက် ပိုဂရုစိုက်ပေးနိုင်သလို ကိုယ်ချစ်သလောက်လဲ ကိုယ် ပြန်ရချင်တဲ့ လူစားမျိုးလေ ။

ကျွန်တော့်ကို ချစ်ရင် နာကျင်ရကောင်း နာကျင်ရနိုင်ပါတယ် ။ ဘယ်နေရာမှာမဆို အရိပ်တကြည့်ကြည့်နဲ့ ပြီးတော့ ပွစိပွစိနဲ့လေ အရမ်းလဲ သ၀န်တိုတတ်တယ် ။ အရမ်းလဲ ချစ်တယ် ။ ဘယ်သူလဲဆိုတဲ့ မေးခွန်းတွေ အများကြီး မေးနေမိမှာဖြစ်သလို ဘာ​ကြောင့်လဲဆိုပြီး အကြောင်းပြချက်တွေလဲ တောင်းနေမိမှာ မင်းနှုတ်ခမ်းက ထွက်တဲ့ ဘယ်အဖြေကိုမဆို ယုံမှာလေ ။

တစ်ခါတစ်လေကျတော့ ... အရမ်းရင့်ကျက်နေသလိုမျိုး မင်းရှေ့မှာ မားမားမတ်မတ်ရှိနေနေပေးနိုင်သလို တစ်ခါတစ်လေကျ ကလေးတစ်ယောက်လိုမျိုး ... ကပ်တွယ်ချင် ကပ်တွယ်နေမိမှာ အရမ်းကလေးဆန်တာပဲဆိုတဲ့ စကားနဲ့ တွန်းထုတ်ချင် တွန်းထုတ်ပစ်လိမ့်မယ် ။ ဒီလိုပဲ ပျော်ပါတယ်ဆိုတဲ့ စကားကိုပြောပြီး ဘယ်ဒဏ်ရာကိုမဆို သိမ်းထားတဲ့ လူတစ်ယောက်ကလေ ကိုယ်ချစ်မိတဲ့ လူတစ်ယောက်အနားရောက်ရင် မျက်ရည်တွေ ပြိုကျလာတတ်တယ်တဲ့ ... တစ်ခါတစ်လေကျရင် ပင်ပန်းနေတဲ့အရာတွေပြောပြီး မင်းရင်ခွင်မှာ ငိုမိဦးမယ်ထင်တယ် ။

ကျွန်တော်ကလေ ... နာကျင်ရတဲ့အခါ တိတ်ဆိတ်နေတတ်တဲ့ လူစားမျိုးလေ ... အဲ့တော့ တစ်ခါတစ်လေကျ ကျွန်တော်ကြောင့် နာကျင်ရကောင်း နာကျင်ရနိုင်ပါတယ် ။ တစ်ခါတစ်လေ စကားတွေ အများကြီးပြောတတ်သလောက် တစ်ခါတစ်လေ အကြောင်းပြချက်တွေမရှိပဲ တိတ်ဆိတ်သွားတဲ့ ကျွန်တော့ကို ကြည့်ပြီး နားလည်ရ ခက်ကောင်းလဲ ခက်လိမ့်မယ် ။

နားလည်ဖို့ မကြိုးစားပါနဲ့လား ပင်ပန်းလိမ့်မယ် ။ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုယ်တောင် နားမလည်နိုင်အောင် ရှိနေတတ်တဲ့ လူတစ်ယောက်ပဲမို့ ဒီတိုင်းလေးပဲ တွေးထားလိုက်ပါ ... သူ ရူးနေတာပေါ့ ... အဲ့လိုပေါ့ပေါ့ပါးပါးလေးထားလိုက်ရင်တော့ အဆင်ပြေသွားမှာပါ ဒါပေမယ့်လေ ကျွန်တော့်ကို ချစ်ရင် နာကျင်ရမှာစိုးတယ် ။

#ကျေးကို

23/08/2022

စိတ်ညစ်လို့...ခံစားချက်တွေရင်ဖွင့်မလို့ပါဆို....သူတို့ခံစားချက်တွေ နားထောင်ပြီး....အားပေးပြီး ပြန်လာခဲ့ရတယ်...တစ်ခါတစ်လေ ကံတရားက သိပ်ရက်စက်တာ....
&m

23/08/2022

လူတစ်ယောက်ကို
ဒီတိုင်းလေး ချစ်နေရတာကို
သဘောကျတယ် ...

တကူးတကကြီးမြဲအောင်
ဘာနဲ့မှ မချည်ချင်တော့သလို
ဘယ် ဆက်ဆံရေးကိုမှ
ကိုယ့်ဖက်ကပဲ လုပ်မယူချင်တော့ဘူး

ဒီတိုင်းလေးပေါ့ ...
ငါတို့တွေ ချစ်နေကြတယ်
ပြီးတော့
အတိတ်ကို ပြန်လှည့်ကြည့်တိုင်း
ငါတို့တွေ ချစ်ခဲ့ကြတယ်ဆိုတဲ့
အမှတ်တရတွေပဲ ရှိချင်တယ် ...

#ကျေးကို

23/08/2022

တော်ရုံတန်ရုံ နာကျည်းချက်လောက်နဲ့တော့......ချစ်ရတဲ့သူတစ်ယောက်ကို ဘယ်သူမှလက်လွှတ်လိုက်ကြမှာမဟုတ်ဘူးလေ......စွန့်လွှတ်လိုက်ပြီ ဆိုကတည်းက.......တော်ရုံနာကျည်းချက်မဟုတ်တာတော့ သေချာတယ်
&m

23/08/2022

စကားတချို့က
ပြောဖို့မလိုဘူး

လုပ်ရပ်နဲ့တင်
အလိုလို နားလည်ရတယ် ။

#ကျေးကို

22/08/2022

စိတ်ညစ်ရင် အရက်သောက်တက်တဲ့လူတွေကို...ခုရက်ပိုင်းအတွင်းမှာ နားလည်တက်လာတယ်😇😇😇

21/08/2022

ချစ်ပါတယ်....But... ပြန်မလိုချင်တော့ဘူး......
&m

21/08/2022

တကယ်ဆိုရင် ခင်ဗျားနဲ့ ကျတော်နဲ့က ​ရှေ့ဆက်လို့မဖြစ်တော့တဲ့ လူနှစ်ယောက်ပါ
&m

21/08/2022

လူတစ်ယာက်ကြောင့် အမြဲတမ်းစိတ်ဆင်းရဲနေရမယ်ဆိုရင်တော့.....အဲ့ဒီလူကို ဘယ်လိုလိုသံယောဇဥ်တွေ ရှိရှိ ကျတော်ထားခဲ့မိမှာ အမှန်ပဲ....လူ့ဘဝကရခဲတယ်လေ တစ်ဘဝလုံးတော့ စိတ်ညစ်မခံနိုင်ဘူး..ဟုတ်တယ်မဟုတ်လား😇😇😇
&m

21/08/2022

ဘဝမှာ ဆိုးတာလေးတွေဖယ်ပြီး
ကောင်းတာလေးတွေချည်းပဲ ရွေးချယ်လို့မရဘူးလား😁😁😁
&m

Address

No. 001
Bago

Website

Alerts

Be the first to know and let us send you an email when You & Me posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category