The Art MM

The Art MM Art Gallery

Hotels in bagan
မှဆက်သွယ်၍ အခန်းbookingယူသော ခရီးသွားမိတ်ဆွေများရှင် ကျွန်မတို့အဖွဲ့ကှို
Service feeပေးစရာမလိုပဲ hotel booking
များကို စုံစမ်းနိုင်ပါသည်**
အခန်းprizeကိုလဲ hotelများမှ သတ်မှတ်ဈေးနှုန်း
အတိုင်း ရရှိနိုင်ပါသည်

ဆက်သွယ်ရန်..09777722200. Bagan Visitors Travel media group
Hotel booking လုပ်တော့မယ်ဆိုရင်
မိမိတည်းမည့်အချိန်ကို ကြိုတင်စဉ်းစားရလိမ့်
မည် မနက်စောစောဝင်မည်ဆိုပါက
ဟိုတယ်ရောက်မှearly check in ဝင်မည်ဆိုပါကအခန်းရမရမသေချာပါ ကြိုတင်စုံစမ်းထားပါ
hotel အများစုcheck in/out timeကတော့
12:00pm ပါ
early check inကိုတချို့ဟိုတယ်များတွင်
နေ့တစ်ဝက်ကြေးကောက်ပါသည်

မဟာသစ္စာ..၅၁၅"×၂၂"လက်မWatercolor on paperArtist..KD Thu      တချို့အရာတွေက ရှိနေတယ်ထင်ပေမယ့်ပျောက်ကွယ်သွားတယ်ပျောက်ကွယ်သ...
19/09/2026

မဟာသစ္စာ..၅
၁၅"×၂၂"လက်မ
Watercolor on paper
Artist..KD Thu
တချို့အရာတွေက ရှိနေတယ်ထင်ပေမယ့်
ပျောက်ကွယ်သွားတယ်
ပျောက်ကွယ်သွားတယ်
ထင်နေပေမယ့်
ရှိနေဆဲပါပဲ......။
#အညတရကုဋေ

မဟာသစ္စာ-၃၂၂"×၃၀"လက်မ ... Mix media..watercolor and inkအုတ်တွေနှင့်ဒီလိုနံရံပန်းချီရေးခဲ့ချင်မှာပဲရှေးပုဂံသားဘိုးဘေးတွေက...
13/09/2026

မဟာသစ္စာ-၃
၂၂"×၃၀"လက်မ
... Mix media..watercolor and ink

အုတ်တွေနှင့်ဒီလိုနံရံပန်းချီရေးခဲ့ချင်မှာပဲရှေးပုဂံသားဘိုးဘေးတွေကိုမျော်မှန်းရင်းဖန်တီးမိတယ်။
ရှေးပုဂံကဘိုးဘေးတွေ
ကိန္ဒရီမြားကိုင်ကိုအမြတ်တနိုးဖန်တီးကြတယ်
ကျနော်လည်းကြိုက်တယ်
သစ္စာတရား
ချစ်ခြင်းမေတ္တာပေါ်မှာ
ပုဂံသားတွေယုံကြည်တဲ့သစ္စာတရား ။
နှစ်တွေပြောင်း
သက္ကရာဇ်တွေဟောင်း
ခေတ်ကာလတွေညောင်း
အချိန်တွေတဖြေးဖြေး
ကြာလာတော့လည်း
ကိန္ဒရီလည်းတကောင်တည်း
ကျန်ခဲ့တယ်။ထို့အတူပါပဲ
တချို့သောသူတွေလည်း
ချစ်ခြင်းမေတ္တာတရားအပေါ်
(လူတစ်ယောက်အပေါ်ပြောတာမဟုတ်ပါ ချစ်ခြင်းမေတ္တာတရားမှာပါတဲ့စောင့်ထိန်းရမဲ့ကျင့်ဝတ်ကိုဆိုလိုတာပါ)
ခုထိသစ္စာရှိနေတဲ့
လူသားအားလုံးကို
ဒီပန်းချီကားလေးနှင့်ဂုဏ်ပြုပါတယ်ဗျာ......…။


#အမှောင်ထဲကအလင်းများနှင့်ပုဂံ

#အညတရမြင်သောပုဂံ
#အုတ်ကလေးတွေစီထားတာလှနေတာလို့ပဲကြည့်မနေနဲ့ကျနော်တို့အမွေနှစ်တွေတဖြေးဖြေးပျက်စီးနေပီ
#အညတရကုဋေ

#ပုဂံ

 #ပန်းချီကားတန်ဖိုးနှင့်ဈေးနှုန်း  ပန်းချီကားတစ်ချပ်ကို တန်ဖိုးဖြတ်လို့မရပေမယ့် ဈေးနှုန်းသတ်မှတ်လို့ရတယ်။ဒါကို လူငယ်ပန်း...
07/09/2026

#ပန်းချီကားတန်ဖိုးနှင့်ဈေးနှုန်း
ပန်းချီကားတစ်ချပ်ကို တန်ဖိုးဖြတ်လို့မရပေမယ့် ဈေးနှုန်းသတ်မှတ်လို့ရတယ်။
ဒါကို လူငယ်ပန်းချီဆရာ/မလေးတွေ သေချာနားလည်ထားဖို့လိုတယ်။
အထူးသဖြင့် ပန်းချီဖြင့် အသက်မွေးမှု့ ကို တစိုက်မတ်မတ်လုပ်ချင်တဲ့ လူငယ်တွေအတွက် အရေးကြီးတယ် ။သေချာနားလည်မှ ခက်ခဲတဲ့အနုပညာလမ်းမှာ သာသာယာယာလျောက်လမ်းနိုင်မာပါ အမှန်ပါပဲ။
တန်ဖိုးဆိုတာဘာလည်း
ဈေးနှုန်းဆိုတာဘာလည်း
ကွဲပြားစွာနားလည်ထားရမယ်။
စီးပွားရေးပညာမှာ ပြောလေ့ရှိတာက
"Price is what you pay; Value is what you get."
စျေးနှုန်းဆိုတာ သင်ပေးရတဲ့အရာ၊ တန်ဖိုးက သင်ရရှိတဲ့အရာ ဖြစ်တယ်။
ဥပမာအနေနှင့်ပြောရရင်
ဂျက်ဆင်ပိုးလော့ရဲ့ ပန်းချီကားကို ဒေါ်လာသန်း၃၅၀နီးပါးနှင့်ရောင်းခဲ့ရတယ်။သန်း၃၅၀ဆိုတာ
ပန်းချီကားဈေးနှုန်းပါ။ တန်ဖိုးမဟုတ်ဘူး....။
တန်ဖိုးကခေတ်အဆက်ဆက်ကြာလာလေဖြတ်လို့မရလေပဲ။
ဒါကြောင့်အနုပညာကိုတန်ဖိုးဖြတ်လို့မရဘူးလို့ပြောတာပါ။
ဈေးနှုန်းကတော့
သတ်မှတ်လို့ရတယ်။
အကယ်၍ ပိုင်ဆိုင်ထားတဲ့သူက
စီးပွားရေးကြောင့်လျော့ရောင်းခဲ့ရင်
တန်ဖိုးကျသွားတာမဟုတ်ဘူး
ဈေးနှုနပဲကျသွားတာပါ။ဒါကလည်းပိုင်ဆိုင်သူနှင့်ဆိုင်တဲ့သဘောတရားပါ။ဖန်တီးသူအနုပညာရှင်နှင့်မဆိုင်ပါ။
ထို့အတူ ပိုးလော့ရဲ့ကားတိုင်း
ကို ၃၅၀သန်းတန်နိုင်တယ်လို့ဈေးနှုန်းဖြတ်လို့မရပါဘူး သတ်မှတ်လို့မရပါဘူး။
ညီလေး Zayar Hein ကိုရှင်းပြရင်းတခြားလူငယ်အနုပညာမျိုဆက်တွေအတွက်ဒီစာကိုရေးဖြစ်တယ်။
ဆက်ရန်။
ဈေးနှုန်းဘယ်လိုသတ်မှတ်ကြမလည်း.....။
#အညတရကုဋေ

ကျနော်မြင်သောမဟာ...၁၅"×၁၁"လက်မMixed Media (Inktense and Watercolor) on Watercolor Paper #အညတရကုဋေ
05/09/2026

ကျနော်မြင်သောမဟာ...
၁၅"×၁၁"လက်မ
Mixed Media (Inktense and Watercolor) on Watercolor Paper
#အညတရကုဋေ

သုခုမရောင်စဥ်ပွဲကို မထင်မှတ်ပဲရောက်သွားခဲ့တယ်။အမှန်ကမနက်စာသွားစားတာ။ဆရာU Soe Naing Soe တို့နဲ့ဆုံတော့ပြပွဲရောက်သွားတယ်။ ...
04/09/2026

သုခုမရောင်စဥ်ပွဲကို မထင်မှတ်ပဲရောက်သွားခဲ့တယ်။အမှန်ကမနက်စာသွားစားတာ။ဆရာ
U Soe Naing Soe တို့နဲ့ဆုံတော့
ပြပွဲရောက်သွားတယ်။
အေးဆေးမှသွားကြည့်မယ်လို့တွေးထားတဲ့ပွဲလေး။
Zayar Hein ကားလေးတွေကြည့်
ဝေဖန်လေကန်နေရင်း
ပန်းချီကားလေးတစ်ကားကဆွဲခေါ်နေတယ်။
အရောင်တွေက အရိပ်မလွတ်တာသိနေပေမယ့်
ရေးချက်တွေက တိကျနေတယ်။
ပညာရပ်ဆိုင်ရာတွေ မိနေတယ်။
အသက်လေးမေးလိုက်တော့၂၂နှစ်တဲ့။
သူ့အရွယ်သူ့အတွေးနှင့်သူ့လက်ရာကတော့
အဆင်ပြေသလိုလိုပေါ့။
ဒါနဲ့ ကိုအောင်နှင့်တိုင်ပင်ပြီး
The Art MM အတွက်
လူငယ်artistတစ်ယောက်
ရွေးမိသွားတယ်ပေါ့။
ညီကိုနှစ်ယောက်လုံး
သဘောကျတာနဲ့ ပြပွဲလေးစီစဉ်ပေးမယ်လို့ပြောမိတယ်။
သိမ်းသင့်တဲ့ကားလေးတွေသိမ်းရင်းနှင့်
သူ့လက်ရာလေးနှင့်လိုက်မယ့်
စီးရီးအလိုက်ပန်းချီကားလေးတွေ
အကြံပြုပေးရင်းနှင့်
ကျနော်တို့
The Art MM က ပထမဆုံးရွေးချယ်မိတဲ့လူငယ်ပန်းချီဆရာမလေး.......ပြပွဲလေးတွေ လက်ရာလေးတွေ...
မကြာခင်မှာ လာမည်။

#အညတရကုဋေ

 #ပန်းချီကားလေးကိုအမည်လေးပေးခဲ့ကြပါလားဗျာမြင်လိုက်တာနှင့် အညာမြစ်ကမ်းဘေးတနေရာက မြင်ကွင်းလေးတစ်ခုပါလား....ဒီမှာ ဝမ်းစာရှာ...
01/09/2026

#ပန်းချီကားလေးကိုအမည်လေးပေးခဲ့ကြပါလားဗျာ
မြင်လိုက်တာနှင့်
အညာမြစ်ကမ်းဘေးတနေရာက မြင်ကွင်းလေးတစ်ခုပါလား....
ဒီမှာ ဝမ်းစာရှာနေကြတဲ့
လူသားတွေရဲ့စိတ်အပူက
အညာရဲ့သဘာဝအပူကို
အန်တုနေလေရဲ့လား။
သဘာဝတရားကပဲ ပိုပူသလား
လူသားတွေရဲ့ ဝမ်းစာအပူမီးကပဲ
ပူ‌လောင်သလား ဆိုတာတော့ ဖန်တီးသူ
အနုပညာရှင်ပဲသိမယ်ထင်ပ။
ဆရာဦးအောင်မောင်းတို့ ချင်းတွင်းရေကြည်အဖွဲ့သားတွေရဲ့အနုပညာစိတ်ဝိဉာဉ်လေးကို
ဒီမြင်ကွင်းလေးက
ညို့ယူလိုက်မယ်.......
ခေါ်လိုက်မယ်......
အသံပြုလိုက်မယ်......
ဟေ့ ဒီမှာ ရေးကြအုန်းစို့ ဆိုပြီးရေးခဲ့ကြမယ်။
ဒီနေရာလေးက
ချင်းတွင်းမြစ်ကမ်းတနေရာလား
မြစ်ထည်းစီးဝင်နေတဲ့
ချောင်းမကြီးတစ်ခု
ဘေးလားမသိ…
တွေးစရာလေးတွေများသား။
ကုန်ပစ္စည်းတွေကကော
ဘာတွေလည်း မသိလေ။
လူတွေကကော
ဘဝအမောတွေကြားမှာ
ပျော်နေသလား
မောနေမလား
မသိနိုင်။
အညာနွေကပူတယ်
ဆိုတာလေးခံစားမိစေပြန်တယ်။
ခံစားမိအောင်လည်း
အရောင်သုံးသွားတဲ့
စနစ်ကလေးက
လှလိုက်တာဗျာ….

Yellow Ochre
Burnt Sienna
Olive Green …တို့က
အညာဒေသ
မြစ်ချောင်းကမ်းနာ:က
သဲသောင်တို့ သဘာဝလေးကိုဖော်ပြနေတယ်။ရွှံ့နွံလေးတွေရှိနေတော့မြင်ခင်းလေးတွေရှိနေမလား၊ရေညှိလေးတွေရှိနေမလား
အတွေးပွားစေတယ်။
French Ultramarine,
Cobalt Blue
Cobalt Violet Light ..စသည်ဖြင့်‌
ပေါင်းစပ်ရောသုံးထားတာလေးတွေ့ရတယ်ဗျာ။
အညာ..ပူတယ်ဆိုတဲ့အညာရဲ့
ရေရဲ့အေးမြတဲ့သဘော
လေထုရဲ့ပူနွေးအေးမြနေတဲ့
အရသာလေးကို
ခံစားမိစေတယ်ဗျာ။
ကဲဘယ်လောက်လှသလည်း။
တစိမ့်စိမ့်ကြည့်လေ
ခံစားမိလေပဲ။
ငါတို့ကျောင်းတက်တုန်းကနေရာလေးလား
တွေးမိရင်
ဖြတ်သန်းခဲ့တဲ့ အတိတ်တ‌လျောက်
မိဘဆွေမျိုး
သူငယ်ချင်းမိတ်ဆွေတွေကိုပါ
လွမ်းမိသွားစေတယ်။
ပန်းချီကားအမည်..
ပန်းချီဆရာ…ဦးအောင်မောင်း
(ချင်းတွင်းရေကြည်)
ပန်းချီကားဆိုဒ်…၁၅×၂၂လက်မ
စာရွက်…..၁၈၀ဂရမ် စက္ကူ
မီဒီယံ……ရေဆေး

#အညတရကုဋေ

ဆရာ‌ဦးအောင်မောင်းကားလေးတွေ ၁၁ကားထပ်ပြီးစုထားမိတယ်တချိန်ကအနှစ်ကလေးတွေဗျာအေးဆေးမှတကားခြင်းရေးပေးမယ်ဗျာ။
31/08/2026

ဆရာ‌ဦးအောင်မောင်းကားလေးတွေ ၁၁ကားထပ်ပြီးစုထားမိတယ်
တချိန်ကအနှစ်ကလေးတွေဗျာ
အေးဆေးမှတကားခြင်းရေးပေးမယ်ဗျာ။

မုံရွာကျောက်ဆောင်ဆိပ်ချင်းတွင်းမြစ်ကမ်းဘေးကကျောက်ဆိုင်ဆိပ်ဆို မုံရွာသူမုံရွာသားတွေရဲ့ မရောက်မဖြစ်တဲ့နေရာလေးတစ်ခုပေါ့ငယ်ဘ...
28/08/2026

မုံရွာကျောက်ဆောင်ဆိပ်
ချင်းတွင်းမြစ်ကမ်းဘေးကကျောက်ဆိုင်ဆိပ်ဆို
မုံရွာသူမုံရွာသားတွေရဲ့
မရောက်မဖြစ်တဲ့နေရာလေးတစ်ခုပေါ့
ငယ်ဘဝကအတိတ်တွေကို
ပြန်သတိရမိတဲ့နေရာလေးဆိုလည်းမမှားနိုင်
အဲ့သစ်ပင်ကြီးမှာစာတွေကောရေးခဲ့ဖူးလား။
ခဲချွန်ဓားနဲ့ကော စာလုံးတွေထွင်းဖူးကြလား။
အမှတ်တရတွေအများကြီးရှိနေတဲ့
ငယ်သူငယ်ချင်းတွေကို သတိရစေတဲ့
ဆရာဦးအောင်မောင်းရဲ့
ကျောက်ဆောင်ဆိပ်

Artist Aung Htet Lwin ရဲ့ ရေ....ဆိုတဲ့‌ ရေ ရေဆေးပန်းချီးလေးတွေထပ်မံစုဆောင်းထားလိုက်ပီဗျာ။စုဆောင်းခွင့်‌ပြုတဲ့ ဆရာ့ကိုလည်...
26/08/2026

Artist Aung Htet Lwin ရဲ့
ရေ....ဆိုတဲ့‌ ရေ
ရေဆေးပန်းချီးလေးတွေ
ထပ်မံစုဆောင်းထားလိုက်ပီဗျာ။
စုဆောင်းခွင့်‌ပြုတဲ့ ဆရာ့ကိုလည်း
The Art MM မှကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။

တိတ်ဆိတ်ခြင်း၁၁"×၁၅"လက်မWatercolor on cold press paperArtist KD Thu   လပြည့်ကျော်တစ်ရက်နေ့မနက်နှစ်နာရီနှင့်လေးနာရီကြားက ...
18/08/2026

တိတ်ဆိတ်ခြင်း
၁၁"×၁၅"လက်မ
Watercolor on cold press paper
Artist KD Thu
လပြည့်ကျော်တစ်ရက်နေ့မနက်နှစ်နာရီနှင့်လေးနာရီကြားက ပုဂံရဲ့အရမ်းလှတဲ့အချိန်လေးပေါ့။အညာ‌လေရဲအေးမြတဲ့အထိအတွေ့တိတ်ဆိတ်နေတဲ့ ပုဂံညတွေဆိုတာ ဘယ်တော့မှမေ့လို့မရတဲ့ အချိန်တွေပါပဲ။
လရောင်အောက်မှ ခန့်ညားထည်ဝါနေတဲ့
သဗ္ဗုညုဘုရားကြီး၊ပုဂံရဲ့ဉာဏ်တော်အမြင့်ဆုံးဘုရားဆိုလည်းမမှားပေ။
သရပါတံခါးဘေးက သရဗေတံခါးနား
က
ပုတ္တလင် ဘုရားလေးကလည်း
အတိတ်ကသမိုင်းတစ်ခုကိုပြန်တွေးမိသလို
၅၂၈နှင့်၁၅၀၀စစ်ခင်းတော့ မြောက်ပြင်သည်မိဖုရားကြီး ရင်ဝတ်ပုဝါကျွတ်အပြေးအလွှားပြေးနေသလား
မြို့ရိုးပေါ်ကရဲမက်တွေရဲ့အော်သံများကြားရလေမလား
တကယ်အမှန်တရားကတော့
လေနုအေးအေးရယ်
တရုတ်ဆိုင်ကယ်သံရယ်
ကင်မရာရှပ်တာကျတဲ့အသံရယ်
ကလွဲ ဘာမှမရှိ
ဟိုးအဝေးအတိတ်က ပုဂံသားကြီးတွေလည်း .......
အိပ်မောကျနေရောပေါ့......
#အညတရကုဋေ

Address

Bagan

Website

Alerts

Be the first to know and let us send you an email when The Art MM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to The Art MM:

Shortcuts

Share

Category