K-Learning with May

K-Learning with May Kpop, Ost, Ballad, Kdrama,K web cartoon, K Variety Show

အခုတော့ သူ စိမ်းစိုတဲ့ သစ်တောအုပ်လေးဖြစ်သွားပါပီ🌳🦦
21/03/2025

အခုတော့ သူ စိမ်းစိုတဲ့ သစ်တောအုပ်လေးဖြစ်သွားပါပီ🌳🦦

ENFP ကောင်မလေးတွေကို ဆွဲဆောင်နိုင်မဲ့ နည်းလမ်း 🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈—————————————————————————🍒MBTI အားလုံးထဲမှာမှ အရမ်းကိုမှ ...
21/03/2025

ENFP ကောင်မလေးတွေကို ဆွဲဆောင်နိုင်မဲ့ နည်းလမ်း 🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈
—————————————————————————
🍒MBTI အားလုံးထဲမှာမှ အရမ်းကိုမှ လွတ်လပ်မှုကို ကြိုက်နှစ်သက်ပီး အကောင်းမြင်တတ်ပီးတော့မှ energy အပြည့်နဲ့ သွက်သွက်လက်လက်ရှိတဲ့ ဆွဲဆောင်မှုမျိုးကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးမျိုးကတော့ ENFP လေးတွေပဲဖြစ်ပါတယ်။

🍒အမြဲတတ်ကြွပီးတော့မှ ကိုယ်ပိုင်စတိုင်ရှိတဲ့ ENFP မိန်းကလေးတွေကဆိုလို့ရှိရင် ဘယ်သူနဲ့
မဆို လွယ်လွယ်ကူကူနဲ့ရင်းနှီးနိုင်ပေမဲ့ တကယ်တမ်း ရည်းစားထားဖို့ ရွေးတဲ့အခါကျရင်တော့ လုံးဝကိုမှ ချေးများတတ်တဲ့ သူလေးတွေပါ။

🍒အဓိကအားဖြင့် ပျင်းစရာကောင်းတဲ့ ယောင်္ကျားလေးတွေကတော့ သူတို့ရဲ့ စိတ်ဝင်စားခံရမှုကို ရနိုင်ဖို့အတွက် ခက်ခဲနိုင်ပါတယ်။

🍒ပီးတော့ ရိုးရိုးရှင်းရှင်းနဲ့ စိတ်သဘောကောင်းပီး ရိုးသားတဲ့ ယောင်္ကျားတွေတောင််မှ သူတို့အတွက်တော့ ဆွဲဆောင်မှုရှိတဲ့ ယောင်္ကျားတွေလဲ ဟုတ်မနေပြန်ပါဘူး။

🍒သူတို့နဲ့ ဆန့်ကျင့်ဘက်ဖြစ်တဲ့ စိတ်ဝင်စားဖို့ကောင်းပီး၊ စွန့်စားရဲတဲ့စိတ်ရှိတဲ့ ကိုယ်ပိုင်စတိုင် အတွေးအမြင်ရှိတဲ့ ယောင်္ကျားတွေဆီကိုပဲ စိတ်ပါတတ်ကြပါတယ်။

🍒အဲ့တာကြောင့် ဒီကနေ့ကတော့ ENFP မိန်းကလေးတွေရဲ့ စိတ်ဝင်စားမှုခံရစေမဲ့ ယောင်္ကျားလေးတွေရဲ့ အဓိကအပြုအမူတွေကို ပြောရမယ်ဆိုရင်တော့…

🍒ENFP မိန်းကလေးတွေဟာ ပွင့်ပွင့်လင်းလင်းရှိတဲ့ typeဖြစ်တဲ့အတွက်ကြောင့်မို့ ရည်းစားထားရင်လဲ စိတ်ဝင်စားဖို့ကောင်းပီး စိတ်လှုပ်ရှားမှုတွေပေးနိုင်မဲ့ ခံစားချက်တွေကိုလဲ အတူမျှဝေပေးနိုင်မဲ့ ကောင်လေးမျိုးကိုပဲ လိုချင်ကြပါတယ်။

🍒ရိုးရိုးရှင်းရှင်း ပြင်ပရုပ်ရည်သွင်ပြင်ထက် အတူရှိနေရင်ရင်ခုန်ဖို့ကောင်းနေပီးတော့မှ စိတ်ဝင်စားဖို့ကောင်းမဲ့အကြောင်းအရာတွေကို အတူပြောနိုင်မဲ့ကောင်လေးမျိုးကို ပိုပီးစိတ်ဝင်စားတတ်ကြပါတယ်။

🍒အဲဒါကြောင့်ဖို့ ENFP မိန်းကလေးတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အရင်ဆုံး Humor sense ရှိဖို့လိုပါမယ်။ တစ်ခါတစ်ရံမှာ စနောက်ပီးတော့မှ ပျော်စရာကောင်းတဲ့ အခြေအနေမျိုးကို ဖန်တီးပေးနိုင်တဲ့သူမျိုးကို ပိုပီးတော့မှ သတိထားမိတတ်ကြပါတယ်။

🍒ပီးတော့ ကိုယ်ရဲ့ကိုယ်ပိုင်စတိုင်က ထင်းနေမှသာသူမရဲ့ စိတ်ဝင်စားခြင်းကို ခံရမှာဖြစ်ပါတယ်။ သူမက ကိုယ်ပိုင်အမြင်ရှိပီး ထူးခြားတဲ့ဝါသနာနဲ့ စိတ်အားထက်သန်မှုတွေရှိတဲ့ ယောင်္ကျားလေးမျိုးကသာ ဆွဲဆောင်မှုရှိတယ်လို့ ထင်တတ်ကြပါတယ်။

🍒ပီးတော့မှ သူမရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို လေးစားပေးတဲ့ ယောင်္ကျားလေးမျိုးကိုပဲ စိတ်တံခါးပေါက် ဖွင့်ပေးတတ်ကြပါတယ်။

🍒သူမကို အတင်း control လုပ်တာ၊ လိုက်ပီး ဖက်စွက်တာမျိုး မဟုတ်ဘဲနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို လေးစားပီး စိတ်ဝင်စားမှုနဲ့ စိတ်အားထက်သန်မှုကို သဘာဝကျကျနဲ့ ဖော်ပြတတ်တဲ့ယောင်္ကျားလေးမျိုးကိုပဲ ဆွဲဆောင်မှုရှိတယ်လို့ ထင်တတ်ကြပါတယ်။

🍒ENFP မိန်းကလေးတွေကို ပိုင်ဆိုင်ဖို့ဆိုရင်တော့
သာမန်လို သူမကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးရုံနဲ့ မလုံလောက်ဘဲနဲ့ သူမကို စိတ်လှုပ်ရှားစေပီးတော့မှ အသစ်အသစ်တွေကို ပြသနိုင်ရပါမယ်။

🍒ဟာသတွေ စနောက်တာတွေ သဘောကျတတ်ပေမဲ့ အရမ်းပေါ့ပြတ်ပြတ်ဆန်သွားရင်လဲ လေးနက်မှုမရှိဘူးလို့ အထင်ခံရနိုင်တဲ့ အတွက်ကြောင့်မို့ balance ရှိဖို့လဲ သတိထားဖို့လိုအပ်ပါသေးတယ်။

🍒ကိုယ့် crush လေးတွေထဲမှာ ENFP ကောင်မလေးတွေပါရင်တော့ ဒီအချက်လေးတွေကို ကိုးကားပီး အဆင်ပြေနိုင်ကြပါစေနော်။ENFP မိန်းကလေးတွေရှိရင်လဲ မှန်မမှန်ပြောပေးသွားကြပါဦးနော်။ နောက်အပတ်တွေလဲ တခြား MBTI ကကောင်မလေးတွေအကြောင်းကို တင်ပေးသွားပါမယ်နော်။
MBTI free test link: Free Personality Test | 16Personalities

Lee Si-Young ရဲ့ reels တွေထဲမှာ အတူတွဲတွေ့ရတဲ့သူက ဘယ်သူများလဲ ???????လောလောလတ်လတ်လေးကမှ Lee Si Young က လက်ထက်ပီး ၈နှစ်အက...
20/03/2025

Lee Si-Young ရဲ့ reels တွေထဲမှာ အတူတွဲတွေ့ရတဲ့သူက ဘယ်သူများလဲ ???????

လောလောလတ်လတ်လေးကမှ Lee Si Young က လက်ထက်ပီး ၈နှစ်အကြာမှာပဲ ကွာရှင်းတော့မယ်ဆိုတဲ့ သတင်းကို ပြောပြခဲ့တာ အားလုံးသိကြမှာပါ။

သူမက မိသားစုနဲ့ အနုပညာ လှုပ်ရှားမှုတွေကို တစ်ချိန်တည်းမှာပဲ လုပ်ဆောင်နေပီးတော့မှ အေးအေးဆေးဆေးလေးပဲ သူမိသားစုနဲ့ ဖြတ်သန်းနေတယ်လို့ ထင်ရတဲ့အတွက်ကြောင့်မို့ အခု ကွာရှင်းတော့မယ်ဆိုတဲ့သတင်းကတော့ မမျှော်လင့်ပဲကြားလိုက်ရတာဖြစ်လို့ အားလုံး လန့်သွားကြမှာပါ။

ဒီနေရာမှာ လူတွေစိတ်ဝင်စားခံနေရတဲ့သူတစ်ယောက်ရှိပါတယ်။

သူကတော့ အခုတလော instagram reels တွေနဲ့ YouTube ပေါ်မှာ ရေပန်းစားနေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။
လူတိုင်းက သူ့ကို သူမရဲ့ ခင်ပွန်းလားလို့ အထင်ခံရလောက်တဲ့ အထိ သူမနဲ့ chemistry မိခဲ့တဲ့သူကတော့ တကယ်တမ်း ဘယ်သူများပါလဲ???

သူမက ၂၀၁၇ခုနှစ်မှာ သူမထက်ကိုးနှစ်ကြီးတဲ့သူနဲ့ လက်ထက်ခဲ့ပီး လက်ထက်ပီးနောက်ပိုင်း ကလေးတန်းမွေးခဲ့ပီးတော့မှ ရုပ်သံတွေမှာလဲ မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းတဲ့အကြောင်းတွေကို မျှဝေခဲ့ပါတယ်။

သူမက ၈နှစ်အကြာမှာမှ ကွာရှင်းဖို့ကို ဆုံးဖြတ်ခဲ့ တာဖြစ်ပီး companyဘက်ကလဲ နှစ်ဘက်လုံးက အပြန်အလှန် အားပေးရင်းရှိသွားမယ်ဆိုတာကို ထုတ်ပြန်ခဲ့ပီးတော့မှ ကွာရှင်းရတဲ့ အကြောင်းရင်းကို အသေးစိတ်မထုတ်ပြန်ဘဲ နှစ်ယောက်သား အကျင့်စရိုက် မတူညီမှုကြောင့်လို့ပဲ ပြောပြခဲ့ပါတယ်။ ကွဲနေတာ အချိန်အတိုင်းအတာတစ်ခုထိရှိနေခဲ့ပီ ဖြစ်ပီး ပိုင်ဆိုင်မှု ခွဲဝေတာတွေနဲ့ ကလေးထိန်းခွင့်တွေနဲ့ ပတ်သတ်ပီးတော့လဲ ပြေပြေလည်လည်ရှိတယ်ဆိုတဲ့ အကြောင်းကို အသိပေးခဲ့ပီးဖြစ်ပါတယ်။

သူမရဲ့ ကွာရှင်းသတင်းနောက်ပိုင်းမှာမှ reelsတွေ ရိုက်တိုင်းမှာ အတူပါခဲ့တဲ့ ယောင်္ကျားနဲ့ ပတ်သတ်ပီးတော့မှ စိတ်ဝင်စားမှုတွေက အလွန်ကိုမှ မြင့်တက်လာခဲ့ပါတယ်။

Video တွေတိုင်းမှာ သူတို့နှစ်ဦးဟာ အရမ်းကိုမှ သဘာဝကျကျနဲ့ လိုက်ဖက်နေပီးတော့မှ ကိုယ်ကိုယ်တိုင်တောင်မှပဲ သူက သေချာပေါက် ခင်ပွန်းသည်ပဲ ဖြစ်မယ်လို့ တွေးထင်မိခဲ့ပါတယ်။

ဒါပေမဲ့ သူက ခင်ပွန်းသည် ဟုတ်မနေဘဲနဲ့ content creator ဖြစ်ပီးတော့မှ consulting အထူးပြုလုပ်ကိုင်နေတဲ့ Kiwe Labရဲ့ CEO Kim Ki Hyun ပဲဖြစ်ပါတယ်။

အခု လက်ရှိမှာတော့ အသက် ၄၀ရှိနေပီ ဖြစ်ပီးတော့မှ Seoul တက္ကသိုလ် Department of Sculpture ကနေမှ ကျောင်းနားခဲ့ပီး အဲ့နောက်ပိုင်းမှာမှ Graphic designer နဲ့ ITအကြံပေးအဖြစ် အလုပ်လုပ်ခဲ့ပီးနောက်မှာတော့ video အတိုအထွာလေးတွေ အဓိကထားရိုက်တဲ့ Kiwe Lab Start-up လုပ်ငန်းကို လုပ်ကိုင်ခဲ့ပါတယ်။ Ji Seok-Jin, Lee Si Young တို့ရဲ့ channelတွေကိုလဲ အောင်မြင်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။

အဲ့တာအပြင် Tik Tok video တွေမှာဆိုရင်လဲ အကြမ်းဖျင်း ကြည့်လိုက်မယ်ဆိုရင်လဲ 12.68 million တောင်ရှိတာမို့ Lee Si-Youngကို Tik Tok ဘုရင်မလို့ တင်စားရလောက်အောင်အထိ ကြီးကြီးမားမား လုပ်ပေးနိုင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။

တကယ်တမ်းလဲ Lee Si Young ရဲ့ insta မှာဆိုရင်လဲ Kim Ki Hyun ကို မကြာခဏတွေ့နိုင်ပါတယ်။

သေချာပေါက် videoတွေ အတူရိုက်ရုံတင်မဟုတ်ဘဲ အပြင်မှာလဲ အတူတူ အရက်သောက်ကြတဲ့အထိ videoတွေထဲမှာဆိုရင် ရင်းနှီးတဲ့ပုံစံမျိုးကို တွေ့မြင်နိုင်ပါတယ်။

အထူးသဖြင့် reels တွေထဲမှာဆိုရင်လဲ coupleပုံစံလိုမျိုးရိုက်တဲ့ content တွေကများလို့ သူတို့နှစ်ယောက်က တကယ့် လင်မယားတွေလားဆိုပီး အထင်လွဲကြမဲ့သူတွေများကြမယ်လို့ထင်ပါတယ်။

အဲ့မှာဆို နှစ်ယောက်သားက အရမ်းကိုမှ လိုက်ဖက်လွန်းလို့ ခင်ပွန်းသည်မဟုတ်ဘူးလားဆိုတဲ့ reactionမျိုးတွေ ထွက်လာတာပဲဖြစ်ပါတယ်။

ကွာရှင်းတဲ့ သတင်းထွက်ပီးနောက်ပိုင်းတောင်မှပဲ Si-Young ရဲ့ instaမှာဆိုရင်လဲ နှစ်ယောက်သားက ရင်းနှီးနေတဲ့ အခြေအနေတွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်။

Kiwe Lab https://www.kiwelab.com/


Source: NAVER

21/07/2021

BAE173 (이한결- Lee Hangyul)
(죠지 George - 좋아해 I like you) Cover song

One of my favorite songs ❤❤❤

모르는 것은 물어봐라မသိတဲ့ အရာဆို မေးပါ모르는 것이 부끄러운 게 아니야.မသိတာက ရှက်စရာမဟုတ်ပါဘူး이미 알아야 할 시기가 지났는데도 모른다면 그건 부끄러운 일이지.သိသင့်တဲ့ အခ...
10/01/2021

모르는 것은 물어봐라
မသိတဲ့ အရာဆို မေးပါ

모르는 것이 부끄러운 게 아니야.
မသိတာက ရှက်စရာမဟုတ်ပါဘူး

이미 알아야 할 시기가 지났는데도 모른다면 그건 부끄러운 일이지.
သိသင့်တဲ့ အချိန်အတိုင်းအတာတစ်ခု ကျော်လွန်ပီးတာ​တောင် မသိ​သေးဘူးဆိုမှ ရှက်စရာ​ကောင်းတဲ့ ကိစ္စ​ပေါ့

처음부터 아는 사람이 어디 있겠니?
အစကတည်းက သိတဲ့သူဆိုတာ ဘယ်မှာရှိပါ့မလဲ?

사회생활을 하다가 모르는 것이 있다면 우물쭈물하다 시기를 놓치지 말고, 과감히 물어봐라.
တ​နေ့တာကို ဖြတ်သန်းရင်း မသိတာရှိရင် တွေ​​ဝေရင်း အချိန်​တွေကို မလွတ်​စေဘဲ ရဲရဲတင်းတင်း မေးပါ

단 상대방의 수고가 헛되지 않도록 제대로 배워라.
တစ်ခု​တော့ရှိတယ် တစ်ဖက်သူရဲ့ ကြိုးစား(သင်​ပေးတာ)ကို အလဟသာမဖြစ်​အောင်​တော့ သေချာ​လေး သင်ယူပါ

수첩에 적고, 중요한 것은 눈에 띄도록 박스를 그리고 별표를 쳐두어라.
noteထဲမှာ​ သေချာ​လေးမှတ်ပီး အ​​ရေးကြီးတဲ့ဟာဆို မျက်လုံးထဲ ထင်းကနဲနဲ မြင်​အောင် အ၀ိုင်းဆွဲထားပီး ကြယ်​လေးပြထားပါ

딸아! 열심히 배우면 너는 배움의 기쁨을, 상대방은 가르침의 기쁨을 얻게 된단다.
သမီး​ရေ... ကြိုးကြိုးစားစားသာ သင်ယူရင် သမီးက သင်ယူရခြင်းရဲ့ ပျော်ရွှင်မှု, တစ်ဖက်သူက​တော့ သင်​ပေးရခြင်း ပျော်ရွှင်မှုကို ရပါလိမ့်မယ်

Address

Seoul

Telephone

+821064682179

Website

Alerts

Be the first to know and let us send you an email when K-Learning with May posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to K-Learning with May:

Share

Category