K-Bloom

Call Contact the establishment

K-Bloom 🌸 Your Daily K-Entertainment in Burmese 🇲🇲
K-Pop • K-Drama • K-Variety • Korean Celebrities
📰 News • Stories • Updates | K-Bloom

BTS အဖွဲ့ဝင် Jimin ရဲ့ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ကျရောက်မယ့် မွေးနေ့ကို ဂုဏ်ပြုဖို့ ပီရူးနိုင်ငံက ARMY တွေဟာ ထူးခြားတဲ့ မ...
11/10/2026

BTS အဖွဲ့ဝင် Jimin ရဲ့ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ကျရောက်မယ့် မွေးနေ့ကို ဂုဏ်ပြုဖို့ ပီရူးနိုင်ငံက ARMY တွေဟာ ထူးခြားတဲ့ မွေးနေ့လက်ဆောင်တစ်ခုကို စီစဉ်ပေးခဲ့ကြပါတယ်။

ပီရူးနိုင်ငံက Fan Group ဖြစ်တဲ့ JIMIN PERU 13 ဟာ မြို့တော် Lima ရဲ့ မြေအောက်ရထားလိုင်း အမှတ် (၁) နဲ့ ပူးပေါင်းပြီး “A Train of Love for Jimin” ဆိုတဲ့ အထူးမွေးနေ့ပရောဂျက်ကို ပြုလုပ်ခဲ့တာပါ။

ရထားတစ်စီးလုံးရဲ့ အပြင်ဘက်ကို Jimin ရဲ့ ဓာတ်ပုံတွေ၊ နာမည်တွေအပြင် နှလုံးသား၊ ကြယ်ပွင့်နဲ့ တိမ်ပုံလေးတွေနဲ့ အလှဆင်ထားတာကြောင့် မြို့သူမြို့သားတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေပါတယ်။ 💜

Lima Metro Line 1 ရဲ့ တရားဝင် SNS အကောင့်ကလည်း ဒီအထူးရထားကြီးကို မိတ်ဆက်ပေးခဲ့ပြီး Jimin ရဲ့ မွေးနေ့အထိမ်းအမှတ် အစီအစဉ်မှာ ပြည်သူတွေပါ ပါဝင်ဆင်နွှဲကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

ဒီပရောဂျက်ဟာ ပီရူးနိုင်ငံရဲ့ နာမည်ကြီးသတင်းဌာနတွေမှာပါ ဖော်ပြခံခဲ့ရပြီး Jimin အပေါ် ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ပြသတဲ့ ထူးခြားတဲ့ မွေးနေ့အမှတ်တရတစ်ခု ဖြစ်လာခဲ့ပါတယ်။

ကမ္ဘာတစ်ဖက်ခြမ်းက ARMY တွေရဲ့ ချစ်ခြင်းမေတ္တာတွေကတော့ တကယ်ကို အံ့ဩစရာပါပဲနော်။ 🥹💜

လိင်ပိုင်းဆိုင်ရာ ပြစ်မှုတွေနဲ့ ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံထားရတဲ့ EXO အဖွဲ့ဝင်ဟောင်း Kris Wu ရဲ့ လက်ရှိထောင်တွင်းပုံရိပ်ဆ...
11/10/2026

လိင်ပိုင်းဆိုင်ရာ ပြစ်မှုတွေနဲ့ ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံထားရတဲ့ EXO အဖွဲ့ဝင်ဟောင်း Kris Wu ရဲ့ လက်ရှိထောင်တွင်းပုံရိပ်ဆိုပြီး ဓာတ်ပုံတစ်ပုံဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

အဆိုပါဓာတ်ပုံထဲမှာ Kris Wu ဟာ အရင်ကနဲ့မတူဘဲ မျက်နှာပြည့်လာပြီး ခန္ဓာကိုယ်လည်း သိသိသာသာ ဝလာတဲ့ပုံစံ ဖြစ်နေတာကြောင့် ပရိသတ်တွေကြား စိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။

ဒါပေမဲ့ စင်ကာပူမီဒီယာ 8days အပါအဝင် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ အဲဒီဓာတ်ပုံဟာ တကယ့်ထောင်တွင်းဓာတ်ပုံ မဟုတ်ဘဲ ၂၀၁၅ ခုနှစ်က Kris Wu ရဲ့ အင်တာဗျူးဗီဒီယိုကို အခြေခံပြီး ပြုပြင်ဖန်တီးထားတဲ့ ပုံအတုဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း Kris Wu ဟာ ထောင်ထဲမှာ သေဆုံးသွားပြီဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ဖူးပေမဲ့ အတည်ပြုနိုင်တဲ့ သက်သေမရှိခဲ့ပါဘူး။

Kris Wu ဟာ ၂၀၂၂ ခုနှစ်မှာ မုဒိမ်းမှုနဲ့ အခြားလိင်ပိုင်းဆိုင်ရာ ပြစ်မှုတွေအတွက် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံခဲ့ရပြီး ပြစ်ဒဏ်ကျခံပြီးနောက် ကနေဒါနိုင်ငံကို ပြည်နှင်ဒဏ်ပေးခံရမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူ့ရဲ့ ထောင်တွင်းအခြေအနေနဲ့ ပတ်သက်ပြီး အတည်မပြုနိုင်တဲ့ သတင်းတွေနဲ့ ဓာတ်ပုံအတုတွေ ဆက်တိုက်ပျံ့နှံ့နေတာကြောင့် အွန်လိုင်းပေါ်က အချက်အလက်တွေကို သတိထားဖို့ လိုအပ်နေပါတယ်။

တောင်ကိုရီးယားမင်းသား Ji Chang Wook နဲ့ ဂျပန်မင်းသမီး Imada Mio တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ဟာသဒရာမာသစ် “Merry B...
10/10/2026

တောင်ကိုရီးယားမင်းသား Ji Chang Wook နဲ့ ဂျပန်မင်းသမီး Imada Mio တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ဟာသဒရာမာသစ် “Merry Berry Love” ဟာ ထုတ်လွှင့်ပြီး တစ်ရက်အတွင်း Disney+ ရဲ့ ကမ္ဘာတစ်ဝန်း လူကြည့်အများဆုံး TV Show စာရင်းမှာ အဆင့် ၉ နေရာအထိ ရောက်ရှိခဲ့ပါတယ်။

အောက်တိုဘာလ ၇ ရက်နေ့က စတင်ထုတ်လွှင့်ခဲ့တဲ့ ဒီဒရာမာဟာ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့အပြင် ဖင်လန်၊ အိုက်စလန်နဲ့ အက်စ်တိုးနီးယားတို့အပါအဝင် နိုင်ငံနဲ့ဒေသပေါင်း ၁၁ ခုမှာ TOP 10 စာရင်းဝင်ခဲ့တာဖြစ်ပါတယ်။

ဇာတ်လမ်းမှာတော့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်ရဲ့ သစ္စာဖောက်မှုကြောင့် ပိုင်ဆိုင်မှုတွေ ဆုံးရှုံးခဲ့ရတဲ့ ကိုရီးယားလူငယ် Lee Yu Bin (Ji Chang Wook) ဟာ အခွင့်အလမ်းသစ်ရှာဖွေဖို့ ဂျပန်နိုင်ငံက ကျွန်းတစ်ကျွန်းကို ရောက်ရှိလာခဲ့ပါတယ်။

အဲဒီမှာ စတော်ဘယ်ရီစိုက်ပျိုးရေးလုပ်ကိုင်နေတဲ့ ဂျပန်မိန်းကလေး Karin (Imada Mio) နဲ့ မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ပြီး နားလည်မှုလွဲမှားမှုတွေကနေတစ်ဆင့် ရိုမန်တစ်ဆန်တဲ့ အချစ်ဇာတ်လမ်းလေး စတင်လာတာဖြစ်ပါတယ်။

ကိုရီးယားနဲ့ ဂျပန်သရုပ်ဆောင်နှစ်ဦးရဲ့ လိုက်ဖက်ညီမှုကို မြင်တွေ့ရမယ့် “Merry Berry Love” ကို Disney+ မှာ ဗုဒ္ဓဟူးနေ့တိုင်း ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။ 🍓💗

တောင်ကိုရီးယားမင်းသား Jang D**g Yoon နဲ့ မင်းသမီး Kim Seung Yoon တို့ဟာ အောက်တိုဘာလ ၁၀ ရက်နေ့မှာ မင်္ဂလာပွဲကျင်းပခဲ့ကြပြ...
10/10/2026

တောင်ကိုရီးယားမင်းသား Jang D**g Yoon နဲ့ မင်းသမီး Kim Seung Yoon တို့ဟာ အောက်တိုဘာလ ၁၀ ရက်နေ့မှာ မင်္ဂလာပွဲကျင်းပခဲ့ကြပြီး မင်္ဂလာဓာတ်ပုံလေးတွေကိုလည်း သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေကနေ မျှဝေခဲ့ကြပါတယ်။

Jang D**g Yoon က “My Love, My Muse, My Home” (ငါ့ရဲ့အချစ်၊ ငါ့ရဲ့စိတ်ကူးစိတ်သန်းရင်းမြစ်၊ ငါ့ရဲ့အိမ်) လို့ ရေးသားခဲ့ပြီး Kim Seung Yoon ကလည်း “My Love, My Life, My Home” ဆိုတဲ့ စာသားလေးနဲ့အတူ မင်္ဂလာဓာတ်ပုံတွေကို မျှဝေခဲ့တာပါ။

ဓာတ်ပုံတွေထဲမှာ Jang D**g Yoon က သပ်ရပ်တဲ့ Tuxedo ဝတ်စုံကို ဝတ်ဆင်ထားပြီး Kim Seung Yoon ကတော့ အဖြူရောင် Lace Wedding Dress လေးနဲ့ လှပနေခဲ့ပါတယ်။ နှစ်ယောက်သား လက်ချင်းတွဲထားတာ၊ ပခုံးလေးမှီထားတာတွေကလည်း ရိုမန်တစ်ရုပ်ရှင်တစ်ကားထဲက မြင်ကွင်းလေးတွေအတိုင်းပါပဲ။

Jang D**g Yoon ဟာ ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက လက်ရေးစာတစ်စောင်နဲ့ မင်္ဂလာသတင်းကို အသိပေးခဲ့ပြီး မိသားစုဝင်တွေနဲ့အတူ ရိုးရှင်းတဲ့ ဘာသာရေးအခမ်းအနားပုံစံနဲ့ မင်္ဂလာပွဲကျင်းပမယ်လို့ ပြောကြားခဲ့ပါတယ်။

တစ်ဖက်မှာတော့ သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့တဲ့ ‘Nuruk’ ရုပ်ရှင်အတွက် Crowdfunding ပြုလုပ်ခဲ့မှုနဲ့ပတ်သက်ပြီး ယခင်က ဖြစ်ပေါ်ခဲ့တဲ့ ဝေဖန်မှုတွေလည်း ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ရုပ်ရှင်တာဝန်ရှိသူတွေက ရုပ်ရှင်ထုတ်လုပ်ရေးကုန်ကျစရိတ်ကို Jang D**g Yoon ကိုယ်တိုင် ကျခံခဲ့တာဖြစ်ကြောင်း ရှင်းလင်းထားပါတယ်။

ဝေဖန်မှုတွေရှိခဲ့ပေမဲ့ အခုတော့ Jang D**g Yoon နဲ့ Kim Seung Yoon တို့ဟာ ဘဝသစ်တစ်ခုကို အတူတူစတင်လိုက်ကြပြီဖြစ်ပါတယ်။ 💕

**gYoon

BTS ရဲ့ Peru ခရီးစဉ်ဟာ ပရိသတ်တွေရဲ့ နွေးထွေးတဲ့ကြိုဆိုမှုတွေနဲ့ စတင်ခဲ့ပေမဲ့ အခုရက်ပိုင်းအတွင်း ဖြစ်ပျက်နေတဲ့ အကြောင်းအရ...
09/10/2026

BTS ရဲ့ Peru ခရီးစဉ်ဟာ ပရိသတ်တွေရဲ့ နွေးထွေးတဲ့ကြိုဆိုမှုတွေနဲ့ စတင်ခဲ့ပေမဲ့ အခုရက်ပိုင်းအတွင်း ဖြစ်ပျက်နေတဲ့ အကြောင်းအရာတချို့ကတော့ စိတ်မကောင်းစရာပါပဲ။

BTS ဟာ Peru မှာ ပထမဆုံးအကြိမ် ဖျော်ဖြေဖို့ ရောက်ရှိလာခဲ့ပြီး ပရိသတ်တွေကလည်း သူတို့အတွက် မီးအလှဆင်မှုတွေနဲ့ Drone Show အပါအဝင် ကြိုဆိုပွဲအမျိုးမျိုးကို စီစဉ်ပေးခဲ့ကြပါတယ်။ ဒါပေမဲ့ ဟိုတယ်ရှေ့မှာ ပရိသတ်အများအပြား စုဝေးနေကြတာကြောင့် အခြေအနေတွေက မျှော်လင့်ထားသလို မဖြစ်ခဲ့ပါဘူး။

ဟိုတယ်ရှေ့မှာ တစ်နေ့လုံး စောင့်ဆိုင်းနေကြသူတွေကြောင့် အော်ဟစ်သံတွေဟာ အခန်းတွေအတွင်းအထိ ရောက်ရှိလာခဲ့ပြီး BTS အဖွဲ့ဝင်တွေနဲ့ သူတို့ကို လိုက်ပါကူညီပေးနေတဲ့ ဝန်ထမ်းတွေပါ ကောင်းကောင်းအနားယူလို့မရတဲ့အခြေအနေ ဖြစ်လာခဲ့ပါတယ်။ ဟိုတယ်မှာ တည်းခိုနေတဲ့ အခြားဧည့်သည်တွေအတွက်လည်း အနှောင့်အယှက်ဖြစ်ခဲ့ပါတယ်။ တချို့ပရိသတ်တွေက ကားတွေအနားအထိ ဝိုင်းအုံလာခဲ့ကြတာကြောင့် သွားလာရေးမှာပါ အခက်အခဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး RM ကိုယ်တိုင် Weverse မှာ ပရိသတ်တွေကို တောင်းဆိုချက်တစ်ခု ပြောကြားခဲ့ပါတယ်။ သူတို့ကို နွေးထွေးစွာ ကြိုဆိုပေးတဲ့အတွက် ကျေးဇူးတင်ပေမဲ့ ဟိုတယ်ရှေ့မှာ စောင့်ဆိုင်းနေကြခြင်းကို ရပ်တန့်ပေးဖို့နဲ့ အဖွဲ့ဝင်တွေအပြင် ဝန်ထမ်းတွေပါ အနားယူနိုင်ဖို့ နားလည်ပေးကြဖို့ တောင်းဆိုခဲ့တာပါ။ အနားယူချိန်နဲ့ အိပ်စက်ချိန် မလုံလောက်ရင် ဖျော်ဖြေမှုအပေါ်ပါ သက်ရောက်မှုရှိလာနိုင်တယ်လို့လည်း ပြောခဲ့ပါတယ်။

နောက်ထပ် ပြောစရာဖြစ်လာခဲ့တာကတော့ BTS အတွက် စီစဉ်ထားတဲ့ Drone Show ပါ။ Drone တွေ ပျံသန်းဖို့ လေကြောင်းဆိုင်ရာခွင့်ပြုချက် ရရှိထားပေမဲ့ ပွဲကျင်းပမယ့် Barranco မြို့နယ်ရဲ့ ခွင့်ပြုချက်ကိုတော့ ရယူထားခြင်းမရှိဘူးလို့ မြို့နယ်အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။ ထို့အပြင် Drone တွေ လွှတ်တင်ဖို့ ရွေးချယ်ထားတဲ့ နေရာဟာလည်း လုံခြုံရေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ် မရှိတာကြောင့် ပိတ်သိမ်းထားတဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။ နောက်ဆုံးမှာ Drone Show ကို ပြုလုပ်ခဲ့ပေမဲ့ ခွင့်ပြုချက်ဆိုင်ရာ ပြဿနာကတော့ အငြင်းပွားစရာ ဖြစ်လာခဲ့ပါတယ်။

တစ်ဖက်မှာလည်း BTS ရဲ့ ဖျော်ဖြေပွဲတွေကြောင့် အနီးအနားလမ်းတွေမှာ ယာဉ်ကြောပိတ်ဆို့မှုတွေကို စီမံခန့်ခွဲဖို့ လိုအပ်လာသလို တက္ကသိုလ်တချို့ကလည်း ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေအတွက် သင်ကြားရေးပုံစံနဲ့ သွားလာရေးအစီအစဉ်တွေကို ပြောင်းလဲခဲ့ရပါတယ်။

တကယ်တော့ ကိုယ်ချစ်တဲ့သူတွေကို ပျော် ရွှင်စေချင်လို့ ကြိုးစားခဲ့ကြတာပါ။ ဒါပေမဲ့ ကိုယ်ပေးချင်တဲ့ ပျော်ရွှင်မှုတွေက သူတို့ အတွက် ပင်ပန်းမှုတွေ ဖြစ်လာခဲ့ရင်တော့ စိတ်မကောင်းစရာပါပဲ။ သူတို့ကို ချစ်တဲ့စိတ် နဲ့ပဲ သူတို့ရဲ့ ခံစားချက်တွေကိုလည်း နားလည် ပေးနိုင်ကြပါစေ🥺✨️

BLACKPINK အဖွဲ့ဝင် Jennie ဟာ အောက်တိုဘာလ ၈ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ Goyang မြို့မှာ ကျင်းပခဲ့တဲ့ နာမည်ကျော်အဆိုတော်...
09/10/2026

BLACKPINK အဖွဲ့ဝင် Jennie ဟာ အောက်တိုဘာလ ၈ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ Goyang မြို့မှာ ကျင်းပခဲ့တဲ့ နာမည်ကျော်အဆိုတော် The Weeknd ရဲ့ ဖျော်ဖြေပွဲမှာ အထူးဧည့်သည်အဖြစ် ရုတ်တရက် ပါဝင်ခဲ့ပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။

Jennie ဟာ The Weeknd နဲ့အတူ နာမည်ကျော်သီချင်း “One Of The Girls” ကို သီဆိုဖျော်ဖြေခဲ့တာဖြစ်ပြီး ခရမ်းရောင်ရေကူးဝတ်စုံပုံစံ ဖက်ရှင်နဲ့ ဆံမြိတ်အပြည့်ချထားတဲ့ ဆံပင်ပုံစံကြောင့်လည်း ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။

သီချင်းဖျော်ဖြေမှုအပြီးမှာတော့ Jennie နဲ့ The Weeknd တို့ဟာ တစ်ဦးကိုတစ်ဦး ပွေ့ဖက်နှုတ်ဆက်ခဲ့ကြပြီး Jennie က စင်မြင့်နောက်ကို ပြန်ဝင်သွားချိန်မှာ “주말오빠 (Weekend အစ်ကိုကြီး) ပျော်ရွှင်စရာ ဖျော်ဖြေပွဲဖြစ်ပါစေ” လို့ ကိုရီးယားဘာသာနဲ့ ပြောခဲ့တာကြောင့်လည်း ပရိသတ်တွေ သဘောကျခဲ့ကြပါတယ်။

Jennie နဲ့ The Weeknd တို့ဟာ ၂၀၂၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ HBO ဇာတ်လမ်းတွဲ “The Idol” မှာ အတူလက်တွဲလုပ်ကိုင်ခဲ့ဖူးကြသလို “One Of The Girls” သီချင်းကိုလည်း အတူသီဆိုခဲ့ကြသူတွေ ဖြစ်ပါတယ်။

ဒီတစ်ကြိမ် ဖျော်ဖြေပွဲမှာတော့ Jennie ရဲ့ မမျှော်လင့်ထားတဲ့ ပါဝင်ဖျော်ဖြေမှုက ပရိသတ်တွေအတွက် အမှတ်တရဖြစ်စရာ အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ပါတယ်။

သရုပ်ဆောင် Yoo Seung-ho နဲ့ Im Se-joo တို့ဟာ ယခင်က ၆ နှစ်ခန့်ကြာ ချစ်သူဆက်ဆံရေးရှိခဲ့ကြောင်း နောက်ကျပြီးမှ သိရပါတယ်။နှစ်...
08/10/2026

သရုပ်ဆောင် Yoo Seung-ho နဲ့ Im Se-joo တို့ဟာ ယခင်က ၆ နှစ်ခန့်ကြာ ချစ်သူဆက်ဆံရေးရှိခဲ့ကြောင်း နောက်ကျပြီးမှ သိရပါတယ်။

နှစ်ဦးဟာ 2020 ခုနှစ်မှာ ထုတ်လွှင့်ခဲ့တဲ့ tvN ဒရာမာ ‘Memorist’ မှာ အတူတူပါဝင်သရုပ်ဆောင်ခဲ့ပြီး အဲဒီကနေတစ်ဆင့် နီးကပ်လာကာ ချစ်သူတွေဖြစ်လာခဲ့ကြတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ နှစ်ဦးဟာ အချစ်ရေးကို အဆုံးသတ်ထားပြီး ကောင်းမွန်တဲ့ လုပ်ဖော်ကိုင်ဖက်ဆက်ဆံရေးနဲ့ ဆက်ရှိနေကြတယ် လို့ သိရပါတယ်။

Yoo Seung-ho ရဲ့ အေဂျင်စီ 333 ကလည်း “နှစ်ဦးဟာ အရင်က ချစ်သူတွေဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ လမ်းခွဲထားပြီး ကောင်းမွန်တဲ့ လုပ်ဖော်ကိုင်ဖက်ဆက်ဆံရေးနဲ့ ရှိနေပါတယ်” လို့ အတည်ပြုထားပါတယ်။

‘Memorist’ မှာ အတူသရုပ်ဆောင်ခဲ့ရာကနေ အချစ်ရေးဖြစ်လာခဲ့ကြတဲ့ နှစ်ဦးရဲ့ ၆ နှစ်ကြာ ဆက်ဆံရေးဟာ အခုတော့ အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။

ကိုရီးယားမင်းသား Lee Tae Sung (이태성) က တစ်ကိုယ်တည်းဖခင်အဖြစ် ပြုစုပျိုးထောင်လာခဲ့တဲ့ သားဖြစ်သူရဲ့ လက်ရှိအခြေအနေကို မျှဝေခ...
08/10/2026

ကိုရီးယားမင်းသား Lee Tae Sung (이태성) က တစ်ကိုယ်တည်းဖခင်အဖြစ် ပြုစုပျိုးထောင်လာခဲ့တဲ့ သားဖြစ်သူရဲ့ လက်ရှိအခြေအနေကို မျှဝေခဲ့ပြီး နောက်အိမ်ထောင်ပြုဖို့ စိတ်ကူးရှိကြောင်းလည်း ဖွင့်ဟပြောကြားခဲ့ပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့မှာ ထုတ်လွှင့်မယ့် Channel A ရဲ့ “신랑수업2” အစီအစဉ်မှာ Lee Tae Sung က သားဖြစ်သူအကြောင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့သားလေးဟာ အခုဆိုရင် အသက် ၁၅ နှစ်ရှိပြီဖြစ်ပြီး အလယ်တန်း တတိယနှစ်ကို တက်ရောက်နေပါပြီ။ အံ့အားသင့်စရာကတော့ အရပ် 187cm (၆ ပေ ၁.၆ လက်မခန့်) အထိ ရှည်လာပြီး ဖခင်ဖြစ်သူထက်တောင် အရပ်ပိုရှည်နေပြီ ဖြစ်ပါတယ်။

Lee Tae Sung က “သားက အခုဆို အရာရာကို နားလည်တတ်တဲ့အရွယ် ရောက်နေပြီဖြစ်လို့ ကျွန်တော့်ရဲ့ အချစ်ရေးကိုတောင် အားပေးနေပါပြီ” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် နောက်အိမ်ထောင်ပြုဖို့ စိတ်ကူးရှိလားဆိုတဲ့ မေးခွန်းကိုလည်း “ကျွန်တော်က ကလေးတွေကို အရမ်းချစ်တယ်။ နောက်အိမ်ထောင်ပြုပြီး သမီးလေးတစ်ယောက် မွေးချင်ပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။ 🤍

Lee Tae Sung ဟာ ၂၀၁၃ ခုနှစ်မှာ အိမ်ထောင်ရေးအဆုံးသတ်ခဲ့ပြီးနောက် သားဖြစ်သူကို ကိုယ်တိုင်ပြုစုပျိုးထောင်လာခဲ့တာ ဖြစ်ပါတယ်။ အလုပ်ကြောင့် မအားလပ်တဲ့အချိန်တွေမှာတော့ မိခင်ဖြစ်သူရဲ့ အကူအညီနဲ့ သားကို ပြုစုပျိုးထောင်ခဲ့ရပါတယ်။

၂၀၂၀ ပြည့်နှစ်က “My Little Old Boy” အစီအစဉ်မှာ ပါဝင်စဉ်ကလည်း သားဖြစ်သူဟာ ညီလေး၊ ညီမလေးတစ်ယောက် လိုချင်တယ်လို့ ပြောခဲ့ဖူးကြောင်း မျှဝေခဲ့ပါတယ်။

အခုတော့ တစ်ချိန်က ညီလေး၊ ညီမလေး လိုချင်ခဲ့တဲ့ သားငယ်လေးဟာ ဖခင်ရဲ့ အချစ်ရေးကိုပါ အားပေးတတ်တဲ့ ဆယ်ကျော်သက်အရွယ် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ 💕

#이태성

နာမည်ကြီး ကိုရီးယား Dating Reality Show “Transit Love 4” (환승연애4) ကနေ ပြန်လည်ချစ်သူတွေ ဖြစ်လာခဲ့ကြတဲ့ Park Ji Hyun နဲ့ Ju...
08/10/2026

နာမည်ကြီး ကိုရီးယား Dating Reality Show “Transit Love 4” (환승연애4) ကနေ ပြန်လည်ချစ်သူတွေ ဖြစ်လာခဲ့ကြတဲ့ Park Ji Hyun နဲ့ Jung Won Gyu တို့ဟာ နောက်ဆုံးမှာတော့ ဒုတိယအကြိမ် လမ်းခွဲလိုက်ကြပြီ ဖြစ်ပါတယ်။

အောက်တိုဘာလ ၇ ရက်နေ့မှာ Park Ji Hyun က သူမရဲ့ YouTube Channel “아임지현” မှာ Tokyo ခရီးစဉ် Vlog တစ်ခု တင်ခဲ့ပြီး Jung Won Gyu နဲ့ ချစ်သူဆက်ဆံရေးကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ကိုယ်တိုင်အသိပေးခဲ့ပါတယ်။

“ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း ကျွန်မတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးအကြောင်း သိချင်နေကြတဲ့သူတွေ များခဲ့ပါတယ်။ ကျွန်မတို့ကို အားပေးခဲ့ကြတဲ့သူတွေ အများကြီးရှိတာကြောင့် ကိုယ်တိုင်ပြောပြသင့်တယ်လို့ ထင်ခဲ့ပါတယ်။ ကျွန်မနဲ့ Won Gyu Oppa တို့ ဆက်ပြီး မတွဲကြဖို့ ဆုံးဖြတ်လိုက်ကြပါပြီ” လို့ ပြောကြားခဲ့ပါတယ်။

လမ်းခွဲရတဲ့ အကြောင်းရင်းကိုတော့ အသေးစိတ် မဖော်ပြခဲ့ဘဲ တစ်ဖက်လူကို လေးစားမှုထားတာကြောင့် ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် “ချစ်သူတွေအဖြစ် ဆက်ဆံရေးက အဆုံးသတ်သွားပေမယ့် သူ့ကို လူတစ်ယောက်အနေနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားစေချင်ပါတယ်” လို့လည်း ဆုတောင်းပေးခဲ့ပါတယ်။

လမ်းခွဲပြီးနောက် စိတ်ထိခိုက်ခဲ့ရတဲ့ အချိန်တွေရှိခဲ့ကြောင်း ဝန်ခံရင်း သူမကိုယ်တိုင်လည်း မျက်ရည်ဝဲခဲ့ပါတယ်။ သူတို့နှစ်ယောက် ပြန်လည်ပေါင်းစည်းတာကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေအတွက်လည်း စိတ်မကောင်းဖြစ်မိကြောင်း ပြောပြခဲ့ပါတယ်။

Park Ji Hyun နဲ့ Jung Won Gyu တို့ဟာ “Transit Love 4” မှာ လမ်းခွဲပြီးသား ချစ်သူဟောင်းတွေအဖြစ် ပါဝင်ခဲ့ကြပြီး အစီအစဉ်အဆုံးမှာ တစ်ယောက်ကိုတစ်ယောက် ပြန်လည်ရွေးချယ်ကာ ချစ်သူတွေအဖြစ် ပြန်လည်ပေါင်းစည်းခဲ့ကြတာ ဖြစ်ပါတယ်။

အထူးသဖြင့် Jung Won Gyu က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ Park Ji Hyun နဲ့ လက်ထပ်ဖို့ ရည်ရွယ်ပြီး တွဲနေကြတာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးတာကြောင့် ပရိသတ်တွေကလည်း သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကို အားပေးခဲ့ကြပါတယ်။

ဒါပေမယ့် အခုအခါမှာတော့ တစ်ကျော့ပြန် အချစ်ရေးဟာလည်း အဆုံးသတ်သွားခဲ့ပြီး နှစ်ယောက်စလုံး ကိုယ့်လမ်းကိုယ် ဆက်လျှောက်ဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ 💔

#환승연애4

လီဂွမ်ဆူ (Lee Kwang-soo) ဟာ Fan တွေနဲ့ 1:1 စကားပြောနိုင်တဲ့ Bubble ကို စတင်အသုံးပြုခဲ့ပြီး သူ့ရဲ့ ရင်းနှီးဖော်ရွေတဲ့ စကာ...
07/10/2026

လီဂွမ်ဆူ (Lee Kwang-soo) ဟာ Fan တွေနဲ့ 1:1 စကားပြောနိုင်တဲ့ Bubble ကို စတင်အသုံးပြုခဲ့ပြီး သူ့ရဲ့ ရင်းနှီးဖော်ရွေတဲ့ စကားပြောပုံကြောင့် ပရိသတ်တွေကြားမှာ လူပြောများလာခဲ့ပါတယ်။

သူက အိပ်တော့မယ့် Fan တွေကို “အိပ်မနေနဲ့၊ Bubble ပြောချိန်ရောက်ပြီ” လို့ နောက်ပြောင်တာ၊ Concert ကြည့်နေချိန်မှာတောင် Bubble ဝင်ပြီး “စွဲနေပြီလား” လို့ စနောက်တာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် တချို့ Fan တွေကတော့
“အိုပါး Reels ကြည့်နေတာ အနှောင့်အယှက်ဖြစ်တယ်၊ Alarm ပိတ်ပေးပါ”၊ “နင် ငါ့ကိုသိလို့လား? ဘာလို့ Message တွေ ဆက်ပို့နေတာလဲ?” ဆိုပြီး စနောက်တဲ့အဆင့်က အကန့်အသတ်ကျော်လာခဲ့ပါတယ်။

ဒီလို စကားတွေကြောင့် တချို့ပရိသတ်တွေက Artist ကို ရင်းနှီးတယ်ဆိုပြီး အခြေခံလေးစားမှုကို မကျော်သင့်ဘူး လို့ ဝေဖန် ေပြာဆိုနေကြပါတယ်။

Address

Seoul

Telephone

+821064682179

Website

Alerts

Be the first to know and let us send you an email when K-Bloom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to K-Bloom:

Shortcuts

Share