23/09/2025
ဒီနေ့ကတော့ aoi ရဲ့အပျော်ရဆုံးနေ့လေးတစ်နေ့လို့ပြောလို့ရပါတယ်
အားလုံးဆီလဲ Aoiလိုမျိုးမမျှော်လင့်ထားတဲ့ပျော်ရွှင်စရာတွေနဲ့ပြည့်စုံတဲ့နေ့တစ်နေ့က ရောက်လာမှာမို့လို့ အားမလျှော့ကြဖို့ပြောချင်ပါတယ်
ပင်ပန်းစရာတွေ စိုးရိမ်တာတွေ စိတ်ညစ်တာတွေဆိုတာ အားလုံးလဲရင်ဆိုင်နေရတဲ့ ကိစ္စတွေပါ
ဒါပေမယ့် အဲ့ဒီ့အရာတွေကိုရင်ဆိုင်နေရင်းကြားက ကိုယ့်အတွက် အားတက်စရာ ပျော်ရွှင်စရာဖြစ်စေမယ့် booster တစ်ခုလိုဖြစ်တဲ့ နေ့တစ်နေ့က ကြားမှာပေါ်လာစမြဲပါပဲ ပြောရရင်
ကားပြိုင်တဲ့ဂိမ်းက Nitro လုံးလေးရလိုက်ရသလို
Mario ထဲကရောင်ပြန်ကြယ်လေးစားလိုက်ရသလို
လာမယ့် နေ့ရက်တွေကိုဆက်လျှောက်နိုင်ဖို့အားလေးတစ်ခုဖြစ်လာတာပေါ့
ဒီတော့ အားလုံးလဲ အပေါင်းအသင်းကြောင့်ပဲဖြစ်ဖြစ် ငွေကြေးကြောင့်ဖြစ်ဖြစ် အလုပ်ကိစ္စကြောင့်ဖြစ်ဖြစ် မိသားစုကြောင့်ဖြစ်ဖြစ် ဘာကြောင့်ပဲဖြစ်ဖြစ် စိတ်ပူပင်နေရရင် အဲ့ဒီ့နေ့ရက်တွေက ကောင်းမွန်တဲ့နေ့ရက်တွေအတွက် လှေခါးထစ်တစ်ခုဖြစ်တာမို့အားမလျှော့ပဲ
စိတ်မညစ်နေပဲ ငိုစရာရှိတာငို ပြတ်သားစရာရှိတာပြတ်သားပြီး အမြန် lucky dayလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်နော်>\\<
Minna Fighting!! Ganbatte!!!!
Oyachumiii >\\\<
လတ်တလော active မဖြစ်နိုင်တာ gomenasai TT
Personal postလေးတွေတော့ဆက်တင်သွားမယနောါ