i will wait someone who never come back by writing this sh*ts

i will wait someone who never come back by writing this sh*ts just feelings

28/02/2024

မင်းနဲ့ဝေးတဲ့ညတွေဟာ
ကိုယ့်အတွက်ဘာမှအဆင်မပြေ
ပြန်နီးစပ်နိုင်မလား ဆိုတဲ့
မျှော်လင့်ချက်လေးဟာ ရောင်နီလေးတောင်
မသမ်းနိုင်တော့တာတော့ ရင်နာစရာပါပဲ။
ဗီလ်

08/11/2023

လေးလံလွန်းတဲ့ အတောင်ပံတွေကို
ဖြုတ်မချရက်ခဲ့တဲ့
လိပ်ပြာတစ်ကောင်ရဲ့ ခံစားချက်တွေကို
နားလည်ပေးဖို့ကြိုးစားကြည့်
မြတ်နိုးတဲ့လမ်းကို
အဆုံးထိလျှောက်နိုင်ဖို့
ဘယ်ဖိနပ်ကို စီးရမလဲ ကျွန်တော်မသိခဲ့တာ။
ဗီလ်

27/10/2023

ရယ်ပြုံးရင်းသောက်နေမိတဲ့
စီးကရက်တွေရဲ့နောက်ကွယ်မှာ
ကိုယ်ဘယ်လောက်ပြိုလဲနေလဲ
မင်းမှမသိခဲ့ပဲ
ဘာမှမဖြစ်သလိုပုံစံနဲ့ နေပြနိုင်တာကလည်း
ကိုယ့်ရဲ့အကောင်းဆုံး
ဟန်ဆောင်မှုတွေထဲကတစ်ခုပဲပေါ့
လိန်း

25/10/2023

ငွေ့ငွေ့လေး လွမ်းနေတယ်ဆိုပါစို့
ကျောက်ခဲတစ်လုံး ရေထဲကျသွားတာကို
ပြန်ပေါ်လာဖို့ ထိုင်စောင့်ကြည့်မိသလိုမျိုး
စိတ်ဟာ အတိတ်ထဲမှာနစ်မြုပ်နေတာ
ဘယ်သူကယ်နိုင်ခဲ့သလဲ
တောင်းပန်ရင်လည်း ခွင့်မလွှတ်ဖို့
ကိုယ်မှာချင်တယ်။
ဗီလ်

17/10/2023

မမျှော်လင့်ပဲရခဲ့တဲ့
မေတ္တာတွေ ဂရုစိုက်မှုတွေက
သိပ်မက်မောဖို့ကောင်းပါတယ်ဟေသာ
ဒီထက်ပိုပြီး မတွယ်တာခင်မှာ
နောက်ဆုတ်ခဲ့ရုံလေးက
ဒီလောက်ကြေကွဲဖို့ကောင်းမှန်း
ကိုယ်မှကြိုမသိခဲ့တာ
ဗီလ်

12/10/2023

အသားနာတာ ကုလို့ရပေမယ့်
စိတ်နာတာ ကုလို့မရဘူးမဟုတ်လား
ခွင့်မလွှတ်နိုင်မှန်းသိလို့
သိမ်းထားမိခဲ့တဲ့
တောင်းပန်စကားတွေကို
မင်းနားထောင်ချင်တော့မယ်မထင်တော့လို့
ဗီလ်

04/10/2023

မင်းနဲ့အမှတ်တရတွေကိုတွေးရတာက
ကိုယ့်အတွက်အိပ်ရာဝင်ပုံပြင်
ပိတောက်ပန်းကိုနှစ်ပတ်လည်ပွင့်စေချင်တဲ့
အရူးတစ်ယောက်က မင်းနာမည်ကိုကျသတိတရနဲ့
မင်းဆန္ဒနဲ့မင်း ထွက်သွားတာဟာ
အမှားမဟုတ်သလို
ကိုယ်လည်းကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ်
လွမ်းတာဟာတရားတယ်မဟုတ်လား
ဗီလ်

29/09/2023

ကိုယ့်ရဲ့တစ်ရေးနိုးအိပ်မက်တွေထဲမှာ
ရှာဖွေကြည့်လည်း
မင်းကိုတွေ့ရပြန်တာ
ကိုယ့်အတွက်တော့ဂုဏ်ယူစရာပါ
ဗီလ်

28/09/2023

အဖြူရောင် ကျူးလစ်ပန်းတွေလည်း
မတောင်းပန်နိုင်တော့
ဝေးသွားဖို့စဉ်းစားထားတဲ့သူတစ်ယောက်ကို
နီးကြဖို့တိုင်ပင်လို့မရနိုင်တာကို
ကိုယ်မေ့လျော့ခဲ့....
ဗီလ်

26/09/2023

ထွက်မသွားနဲ့လို့ ဆွဲမထားတော့ဘူး
ပြန်လာမှာပါဆိုပြီးလည်း
မျှော်လင့်မနေတော့ဘူး
မတည်မြဲခြင်း သဘောတရားတွေ
နားလည်လာတဲ့အခါ
မြင်သာမြင် မကြင်ရဆိုတဲ့စကားကို
ကိုယ်သဘောပေါက်လာပြီအချစ်ရယ်...
Oak

26/09/2023

ရှောင်ဖယ်နေခါကျမှ
အိပ်မက်ထဲထိတော့မလာပါနဲ့ကွာ
မင်းရှိတဲ့နေရာမှာပဲနေချင်တတ်လွန်းတဲ့ကောင်
အိပ်မက်က ပြန်နိုးဖို့ခက်နေရပြန်ရော
ဗီလ်

25/09/2023

မျက်ရည်ကျတာမြင်လို့
အားနာနာနဲ့ ကမ်းမယ့်တစ်ရှူးကို
မလိုချင်လို့ ကျွန်တော် ကျောခိုင်းခဲ့တာပါ
သနားတာနဲ့ ချစ်တာ
ဘယ်နေရာမှာမှ မတူကြောင်း
လမ်းကြုံလို့ တွေ့ဆုံခဲ့ရင်
ကျွန်တော်ရှင်းပြပါရစေ။
ဗီလ်

住所

Tokyo
Minato-ku, Tokyo

ウェブサイト

アラート

i will wait someone who never come back by writing this sh*tsがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する

カテゴリー