Ghost Ent Myanmar

Ghost Ent Myanmar We will go have fun through out of Japan �
Let’s go together ��

17/06/2025
Follow & See First လုပ်ထားကြပါဦး.
16/06/2025

Follow & See First လုပ်ထားကြပါဦး.

ဂျပန်နိုင်ငံအခြေစိုက် အမေရိကန်စစ်တပ်မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ တပ်သားနဲ့ဝန်ထမ်းအင်အား ၅၅၀၀၀ ကနေ ၆၀၀၀၀ ဝန်းကျင်အထိရှိနေပါတယ်.
စစ်အခြေစိုက်စခန်းပေါင်း ၁၂၀ခန့်နဲ့ တပ်စွဲထားတဲ့အတွက် ဂျပန်ဟာ အမေရိကန်ပြင်ပစစ်အခြေစိုက်စခန်းတွေထဲ အကြီးမားဆုံး USစစ်ခြေစိုက်စခန်းတစ်ခုဖြစ်နေပါတယ်.
ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ထဲက စတင်တပ်စွဲခဲ့တာပါ.
ဂျပန်ရဲ့တောင်ဘက်အကျဆုံးကျွန်းတွေဖြစ်တဲ့ အိုခီနာဝါကျွန်းစုတွေမှာ ဂျပန်အခြေစိုက် အမေရိကန်စစ်စခန်းအားလုံးရဲ့ ၇၀% အထိတည်ရှိတဲ့အတွက် အိုခီနာဝါဟာ အမေရိကန်စစ်အခြေစိုက်စခန်းရဲ့အဓိကအာရုံစိုက်တဲ့နေရာဖြစ်ပါတယ်.
အိုခီနာဝါဟာ ထိုင်ဝမ်နဲ့အနီးဆုံးနေရာမှာတည်ရှိနေတဲ့အတွက် အမေရိကန်အနေနဲ့ တောင်တရုတ်ပင်လယ်အရေး၊ ထိုင်ဝမ်အရေးတို့မှာ တရုတ်ကိုမဟာဗျူဟာမြောက်စွာ Counter ထောက်ထားနိုင်ပါတယ်.
တစ်ဘို့ထဲကြည့်တတ်တဲ့ တရုတ်အပြင် ကျပ်မပြည့်တဲ့မြောက်ကိုရီးယားခေါင်းဆောင်ကိုလဲ အမေရိကန်အနေနဲ့ အနီးကပ်စောင့်ကြည့်ကျိန်းမောင်းဖို့ အဆင်ပြေစေပါတယ်.
အိုခီနာဝါရဲ့တောင်ဘက်အကျဆုံး၊ အမေရိကန်စစ်စခန်း​အခွဲ တည်ရှိရာ Yonaguniကျွန်းကနေ ထိုင်ဝမ်အထိက ၆၈မိုင်ပဲကွာဝေးတာဖြစ်လို့ USစစ်လေယာဥ်တွေအနေနဲ့ မိနစ်အနည်းငယ်အတွင်းမှာပဲ ထိုင်ဝမ်ထဲကို လျင်မြန်စွာဝင်ရောက်သွားနိုင်မှာ ဖြစ်ပါတယ်.
တရုတ်အနေနဲ့ ထိုင်ဝမ်ကို သိမ်းပိုက်မယ်ဆိုရင် အမေရိကန်က ထိုင်ဝမ်ဘက်ကနေ စစ်ရေးအရသေချာပေါက်ကူညီမယ်လို့ အမေရိကန်က တရားဝင်ကတိပေးထားပါတယ်.
ဒါကြောင့်တရုတ်အနေနဲ့ ထိုင်ဝမ်ကိုသိမ်းမယ်ဆိုရင် အိုခီနာဝါကနေစစ်ကူဝင်လာမဲ့အမေရိကန်လေတပ်အုပ်စုအပြင် တောင်တရုတ်ပင်လယ်ထဲတပ်စွဲထားတဲ့ အမေရိကန်ရေတပ်အုပ်စုရဲ့ တန်ပြန်နိုင်စွမ်းတွေကိုပါ မဖြစ်မနေထည့်သွင်းတွက်ချက်ထားရမှာ ဖြစ်ပါကြောင်း..

#ဒေါ်နယ်ထရန့် #နိုင်ငံတကာသတင်း #အမေရိကန် #ဂျပန် #တရုတ် #စစ်ရေးသတင်း

15/06/2025

ကမ္ဘာကြီးမှာ စစ်ရေးတွေပူနေကြပေမဲ့ ဒေါ်နယ်ထရန့်တစ်ယောက်ကတော့ သူ့ရဲ့စီးပွားရေးအင်ပါယာကိုအကြံကြီးကြီးနဲ့ ချဲ့ထွင်နေပါတယ်.
ဒေါ်နယ်ထရန့်ပိုင် Trump Media & Technology Group ကုမ္ပဏီကနေပြီး စီးပွားရေးအသစ်တစ်ခုစတင်တော့မှာပါ.
အဲ့ဒီစီးပွားရေးကတော့ Bitcoin တွေကိုဝယ်ယူစုဆောင်းပြီး ရင်းနှီးမြှပ်နှံမဲ့ Investment Firm တစ်ခုကို စတင်နေတာပါ.
အမေရိကန်သမ္မတရဲ့ ကိုယ်ပိုင်စီးပွားရေးအသစ်ဆိုတော့ ရင်းနှီးမြှပ်နှံမဲ့သူတွေ တန်းစီပြီးစောင့်နေကြပါတယ်.
ဒီစီးပွားရေးက စတောင်မစရသေးဘူး ရင်းနှီးမြှပ်နှံသူတွေက ၂.၃ ဘီလီယံဒေါ်လာအထိ ငွေတွေဝိုင်းထည့်ထားကြပါပြီ. နောက်ထပ်လဲ ထပ်တိုးဖို့ပဲရှိပါတယ်.
အဲ့ဒီ ဒေါ်လာဘီလီယံပေါင်းများစွာကို Bitcoinတွေဝယ်ဖို့စီစဥ်ထားပါတယ်.
လတ်တလောမှာ ကမ္ဘာပေါ်ကနာမည်ကြီးCompanyတစ်ချို့ဟာ Bitcoin တွေဝယ်ယူစုဆောင်းတဲ့စီးပွားရေးကို တစ်စိုက်မတ်မတ်လုပ်လာကြပါတယ်.
Bitcoin စျေးကလဲ လက်ရှိ ၁၀၅၀၀၀ စျေးကနေ ၂၀၂၅ အကုန်မှာ ၁သိန်းခွဲကနေ ၂သိန်းကြားရှိနိုင်တယ်လို့ ထင်ကြေးပေးနေကြတဲ့စီးပွားရေးပညာရှင်ဆိုတဲ့သူတွေကလဲ ရှိနေကြပါတယ်.
ထရန့်ကတော့ အမေရိကန်သမ္မတဖြစ်တုန်း ဘုရားလဲဖူးရင် လိပ်ဥလဲတူးနေပါပြီ.

KO Gyi Kyaw ရေးသားသည်.

#အမေရိကန် #နိုင်ငံတကာသတင်း #ဒေါ်နယ်ထရန့် #တရုတ်

15/06/2025

အစ္စရေးရဲ့လေကြောင်းစစ်ဆင်ရေး တိုက်ခိုက်လာတော့မည်ကို သိသိချင်း အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်၏လေတပ်မှ ထိပ်တန်းဗိုလ်ချုပ်ကြီးများဟာ တုံ့ပြန်မှုများကိုအရေးပေါ်ဆောင်ရွက်ဖို့အတွက် Bunker ကြီးများအတွင်း အရေးပေါ်အစည်းအဝေးများ ကျင်းပနေခဲ့ကြတယ်.
ဒါပေမဲ့လည်း...
အစ္စရေးဘက်က အီရန်တုန့်ပြန်လာမည့် ထိုအရေးပေါ်ပရိုတိုကောနှင့် ဗိုလ်ချုပ်ကြီးများစုဝေးနေသည့်ဘန်ကာ၏တည်နေရာကို ကြိုတင်သိခဲ့ပြီးဖြစ်သည်။
အစ္စရေးက ဒရုန်းများဖြင့် ထိုBunkerတည်နေရာများကို ဖျက်စီးပစ်ခဲ့ပြီး လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ အကြီးအကဲများကို သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။
“အမိန့်ပေးမယ့်သူမရှိဘူးဆိုတဲ့အချက်က အီရန်ရဲ့ချက်ချင်းတုံ့ပြန်မှုကို ပျက်ပြယ်စေခဲ့တယ်” ဟု အစ္စရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အခြားအဓိကပစ်မှတ်မှာ အီရန်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် ရေဒါများဖြစ်သည်။ အီရန်ထဲ စမ့်ဝင်နေခဲ့တဲ့ အစ္စရေးထောက်လှမ်းရေးက ပစ်မှတ်တည်နေရာများကို မြေပုံဆွဲခဲ့ပြီး အများစုမှာ အစ္စရေးလေတပ်ရဲ့ အရေးပေါ်တုံ့ပြန်နိုင်မည့်အရာမှန်သမျှကို ဖျက်စီးပစ်ရန်ဖြစ်သည်.
တချိန်တည်းမှာပဲ အစ္စရေးရဲ့ မော့ဆက်သူလျှိုအေဂျင်စီက လေကြောင်းရန်ကာကွယ်ရေးနှင့် ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုများကို ဖယ်ရှားရန်အတွက် အီရန်နိုင်ငံအတွင်းမှာ လျှို့ဝှက်ဗုံးခွဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။
အီရန်နိုင်ငံအတွင်းရှိ အစ္စရေးအထူးကွန်မန်ဒိုတပ်ဖွဲ့နှင့် မော့ဆက်များသည် ကွန်တိန်နာကားများအတွင်းတွင် ဝှက်ထားသော နောက်ဆုံးပေါ်ဒရုန်းနည်းပညာများနှင့် ပေါက်ကွဲအားပြင်းလက်နက်စနစ်များကို လျှို့ဝှက်တပ်စွဲထားခဲ့ကြသည်။
အစ္စရေးဘက်က တိုက်ခိုက်မှုစတင်ချိန်တွင် အဆိုပါလက်နက်များကို ပစ်လွှတ်ခဲ့ပြီး အီရန်လေကြောင်းရန်ကာကွယ်ရေး ပစ်မှတ်များကို ဖျက်ဆီးပစ်ခဲ့ကြသည်။
မော့ဆက်တို့က စစ်ဆင်ရေးမစမီ အချိန်အတော်ကြာထဲက အီရန်ဘက်သို့ မှောင်ခိုသယ်ဆောင်လာခဲ့ကြသော ဒရုန်းများဖြင့် အီရန်အတွင်း တိုက်ခိုက်ရေးဒရုန်းအခြေစိုက်စခန်းတစ်ခုကိုလည်း ထူထောင်ခဲ့ကြောင်း အစ္စရေးထောက်လှမ်းရေးအရာရှိက ပြောကြားခဲ့သည်.
တကယ်တော့ အီရန်လေတပ်က အစ္စရေးဘက်သို့ ပဲ့ထိန်းဒုံးကျည် 300 နဲ့ 500ကြားပမာဏကို အရေးပေါ်အခြေအနေတွင် အမြန်ပစ်လွှတ်နိုင်ရန် ပြင်ဆင်ထားခဲ့ကြကြောင်း အစ္စရေးထောက်လှမ်းရေးအရာရှိက ပြောကြားခဲ့သည်။
ဒါပေမဲ့ အီရန်အတွင်းကြိုတင်ရောက်ရှိနေတဲ့ အစ္စရေးကွန်မန်ဒိုများရဲ့ပစ်ခတ်ဖျက်ဆီးမှုများကြောင့် လေကြောင်းတိုက်ခိုက်ခံရမှုအပြီး နာရီအနည်းငယ်ကြာမြင့်ပြီးမှ ဒရုန်းအစင်း၁၀၀ ခန့်ဖြင့်သာ တုံ့ပြန်နိုင်ခဲ့သည်။
အီရန်နိုင်ငံ အနောက်ဘက်ရှိ စွန့်ပစ်သင်္ဘောကွန်တိန်နာတစ်ခုအတွင်းတွင် ဝှက်ထားသော ထူးခြားသော ပစ်လွှတ်မှုယန္တရားတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အီရန်စစ်တပ်မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သေချာတာပေါ့ မော့ဆက်တွေရဲ့ မှောင်ခိုခိုးသွင်းထားတဲ့ ဒရုန်းပစ်စင်တွေဆိုတာ...

Ko Gyii Kyaw ရေးသားသုံးသပ်သည်.

#အစ္စရေးအီရန်
#စစ်ရေးသတင်း
#နိုင်ငံတကာသတင်း

#အမေရိကန် #တရုတ်

အောက်ပါ Page ကနေ နိုင်ငံတကာသတင်း၊ စစ်ရေး၊ နိုင်ငံရေး အရေးကြီးသတင်းများကို အချိန်နဲ့တပြေးညီ တင်ဆက်သွားမှာဖြစ်တဲ့အတွက် Fol...
14/06/2025

အောက်ပါ Page ကနေ နိုင်ငံတကာသတင်း၊ စစ်ရေး၊ နိုင်ငံရေး အရေးကြီးသတင်းများကို အချိန်နဲ့တပြေးညီ တင်ဆက်သွားမှာဖြစ်တဲ့အတွက် Follow & See First လုပ်ထားကြပါ.
👇👇

https://www.facebook.com/share/p/1GAtyD8cSJ/

အစ္စရေးရဲ့ "Operation Rising Lion" လေကြောင်းစစ်ဆင်ရေးက အီရန်ရဲ့နားအုံကို လက်ဝါးကြီးကြီး၊ အားကြီးကြီးနဲ့ အသားကုန်လွှဲရိုက်လိုက်သလိုပါပဲ.
အစ္စရေးတို့ရဲ့ အဲ့ဒီလေကြောင်းစစ်ဆင်ရေးအတွင်း နှူလက်နက်ထုတ်လုပ်ရေးပစ်မှတ်တွေကို ဖျက်စီးပစ်နိုင်ခဲ့ရုံတင်မကပဲ အီရန်စစ်တပ်ရဲ့အရေးကြီးထပ်ဆုံးစစ်ဗိုလ်ကြီးတွေ ရှင်းလင်းသုတ်သင်ခံခဲ့ရပါတယ်.
အီရန်ထဲ စိမ့်ဝင်ပျံ့နှံ့နေတဲ့အစ္စရေး မောဆက်ရဲ့သူလျိုတွေတော်တော်အလုပ်လုပ်ခဲ့ကြပုံပဲ.
ပစ်မှတ်တိုင်းက တိကျသပ်ရပ်လွန်းတာ အံ့သြသင့်စရာပါ.

အီရန်ဆုံးရှုံးခဲ့ရတဲ့ ထိပ်ဆုံးCommender စစ်ဗိုလ်ချုပ်ကြီးများ~

ဗိုလ်ချုပ်ကြီး ဟိုစိန်ဆာလာမီ – အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ စစ်ဦးစီးချုပ်.
(Commander‑in‑Chief of the Islamic Revolutionary Guard Corps )

ဗိုလ်ချုပ်ကြီး မိုဟာမက်ဘက်ဟီရီ - အီရန်စစ်တပ်၏ စစ်ဦးစီးချုပ်.

ဗိုလ်ချုပ် ဂိုလန်အရီရာရှစ် - ဗဟိုစစ်ဌာနချုပ်၏ အကြီးအကဲ. ( Head of Central Headquarters)

ဗိုလ်ချုပ် AmirAliHajizadeh - IRGC အာကာသတပ်ဖွဲ့၏ တပ်မှူး. ( Commander of the IRGC Aerospace Force )

အလီရှာခါနီ – အီရန်အဓိပတိခေါင်းဆောင် ခါမေနီ၏ အထူးအကြံပေးပုဂ္ဂိုလ်

အဲ့ဒါအပြင် အဆိုပါ လေကြောင်းစစ်ဆင်ရေးတိုက်ခိုက်မှုအတွင်း အီရန်နျူကလီးယားသိပ္ပံပညာရှင်ခြောက်ဦး သုတ်သင်ခံခဲ့ရကြောင်း အီရန်ဘက်က အတည်ပြုခဲ့ပါတယ်.

အီရန်ရဲ့သမိုင်းမှာ အကြီးမားဆုံးဆုံးရှုံးမှုတွေထဲက တစ်ခုအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်.

Ko Gyi Kyaw ရေးသားသုံးသပ်သည်.

#အစ္စရေးအီရန် #စစ်ရေးသတင်း
#အမေရိကန် #တရုတ်
#နိုင်ငံတကာသတင်း

15/09/2022

သူပြောတာ ဟုတ်လား? ဒီလူက ရူးနေတာပါ.

15/09/2022

နာမည်ကြီး ရေပေါ်ဟော်တယ်သင်းဘောကြီးပေါ်က သရဲခြောက်လှန့်မှုများ 😱💀

14/09/2022

အစိမ်းသေ သေဆုံးခဲ့ကြသောသူရဲ၊ နာနာဘာဝ၊ ဝိညာဉ်များ ဝင်ရောက်ပူးကပ်ခြင်း😱 part-2

14/09/2022

သေဆုံးခဲ့ကြသော အစိမ်းသေ၊ သူရဲ၊ နာနာဘာဝ၊ ဝိညာဉ်များ ဝင်ရောက်ပူးကပ်ခြင်း😱
ပြည်သူများ/နွေဦးသူရဲကောင်းများရဲ့ ဝိညာဥ်များဝင်ရောက်ပူးကပ်တဲ့ ကြေကွဲဖွယ် မြင်ကွင်းတွေဖြစ်ပါတယ်..

#သရဲ #သရဲမ #ဝိညာဥ် #နာနာဘာဝ #အမေရိကန် #တရုတ် #ရုရှား #မင်းအောင်လှိုင် #သတင်းစုံ #သတင်းထူး #သတင်း #ယူကရိန်း

06/03/2020

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၅ထပ်တိုက်အမြင့်ရှိ လေဟာနယ်ထဲက ကြောက်မက်ဖွယ်ရာ စားသောက်ဆိုင်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စားပွဲတွေကို ပေ ၁၅၀ အမြင့်အထိ ကရိန်းတွေနဲ့ ဆွဲမထားပြီး စားသုံးသူတွေကို သုံးဆောင်စေတာဖြစ်ပါတယ်။ ပေ၁၅၀ဆိုတာ ၁၅ ထပ်တိုက်ရဲ့အမြင့်နဲ့ အတူတူလောက်ပါပဲ။ အဲ့ဒီအမြင့်ရှိတဲ့ လေဟာနယ်ထဲက ထိုင်ခုံလေးတစ်လုံးပေါ်မှာထိုင်ပြီးစားသောက်ရတာပါ။
လက်ရှိအချိန်မှာတော့ ဒီစားသောက်ဆိုင် ဝန်ဆောင်မှုဟာ ဒူဘိုင်း၊ အိန္ဒိယ နဲ့ မလေးရှားနိုင်ငံတွေအထိ ရောက်ရှိနေပါပြီ။ ဒီဝန်ဆောင်မှုမှာပဲ Economy , Business , First class ဆိုပြီး ဝန်ဆောင်မှုအမျိုးအစားတွေ ခွဲခြားထားပါသေးတယ်။ ၁ နာရီကြာမြင့်တဲ့ ဒီဝန်ဆောင်မှုအတွက် မြန်မာငွေနဲ့တွက်ရင် ၁သိန်း ၃သောင်းလောက်ကနေ ၃သိန်းခွဲလောက်အထိ ဈေးနှုန်း အမျိုးမျိုးကျသင့်မှာဖြစ်ပါတယ်။

Ent Myanmar

住所

Saiwai-Ku, Nakasaiwaicho, 1-43, 101
Kawasaki-shi, Kanagawa
212-0012

電話番号

+818029597803

アラート

Ghost Ent Myanmarがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する