Chris By R&E

Chris By R&E Mark ,9:23
Jesus said to him,“If you can believe, all things are possible to him who believes.”

22/05/2026
22/05/2026

မကြာမှီ Content Video လာပါမည်။ ဒါလေး အရင် ဖတ်ထားကြ တချိူ့ အချက်တွေက ပြောဖို့ ကျန် ခဲ့ တတ်လို့ပါ။

POWER (3)မျိူး အကြောင်း (ပြန်တင်ပေးလိုက်ပါပြီး)/
Electrical Power (၃)မျိူးအကြောင်း။

1.Real Power (KW) P
2.Reactive Power (KVAR) Q
3.Apparent Power(KVA) S

1.S,Q,P အကြောင်း သိမှ လုပ်ငန်းသုံး အဆောက်အဦး တစ်ခု အတွက် လိုအပ်သည့် KW ဘယ်လောက် အသုံးပြုနိုင်သည်ကို တွက်ချက်နိုင်ပါမည်။

2. S power ကို သိရှိမှ KW power အတွက် ကြားခံ Power များဖြစ်သော Transformer KVA ကို တွက်နိုင်ပြီး S,P Power ကို သိမှလဲ KVAR မည့်မျှ လိုအပ်သည်ကို တွက်ချက်နိုင်မည် ဖြစ်ပါသည်။

အောက်ဖော်ပြပါ အတိုင်း တွက်ချက်နိုင်ပါသည်။

(1.Kilowatt (KW)
Real Power (အမှန်တကယ်သုံးနေတဲ့ အင်အား)
Power = Voltage × Current × cosφ

2.Kilovolt-Ampere Reactive (KVAR)
Reactive Power (မသုံးပေမဲ့ လည်ပတ်ဖို့လိုတဲ့ အင်အား)
Power = Voltage × Current × sinφ

3.Kilovolt-Ampere (KVA)
Apparent Power (စုစုပေါင်းအင်အား)
Power = Voltage × Current )

ချိတ်ဆက်ပုံ

အဲဒီသုံးခုကို Power Triangle (တြိဂံ)ပုံ နှင့် ရှင်းလင်းနိုင်ပါတယ်။
Copy code

|\
| \
Q | \ S (kVA)
(kVAR) | \
| \
|_____ \
P (kW)

P = KW (Real Power) → တည်ရာအောက်ဘက်အရပ် (Horizontal axis)

Q = KVAR (Reactive Power) → တည်ရာအပေါ်ဘက်အရပ် (Vertical axis)

S = KVA (Apparent Power) → သုံးထောင့်အနားဖြစ်တဲ့ Hypotenuse

(Formula)

S² =P²+Q²
KVA² = KW² + KVAR²
KVA =√KW²+ KVAR²

Power Factor (φ) ကို
sinφ = √KVAR}{KVA}

ဉပမာ – မီတာတစ်လုံးမှာ 10 kW Load ရှိပြီး Power Factor = 0.8 ဖြစ်တယ်ဆိုလျှင်

KVA = KW / PF
= 10kw / 0.8
= 12.5 KVA

KVAR = √(KVA² - KW²)
= √(12.5² - 10²)
= 7.5 KVAR

ဆိုလိုရင်း
(၁)လိုအပ်သည့် Appatrent power သိချင်ပါက Real power ကို power Factor နှင့်စားခြင်းဖြင့် သိနိုင်ပါသည်။
(၂) Reactive Power ကို သိချင်ပါက KVAR Fomula
အရ လို အပ်သော Q (Energy )ကို သိရှိနိုင်ပါသည်။

ထပ်မံဖြည့်စွပ်နိုင်ပါသည်။
ူမည်ဆိုပါက Creative ပေးပါရန်။

Chris By R&E






See less

လက်ရှိ DOL Control ကို စမ်းဆွဲ ကြည့်​တာ ဖြစ်ပါတယ်။ဆွဲလို့ ရနိုင်မည့် .....Control Circuits1)DOL    2)UP  // DOWN (Elevat...
21/05/2026

လက်ရှိ DOL Control ကို စမ်းဆွဲ ကြည့်​တာ ဖြစ်ပါတယ်။
ဆွဲလို့ ရနိုင်မည့် .....
Control Circuits
1)DOL
2)UP // DOWN (Elevator System)
3)Star//Delta
4)Forward//Reverse
5) DB breaker System
Free ဆွဲ နိုင်သည့် အပိုင်းပါ။မဆိုးဘူး ပြောရမည်။
အချိန် မရသေးလို့ပါ။ Software Down နည်း/Free file Downနည်း ဗီဒီယို လေး လုပ်ပေးပါ့မယ်။
ဘာလို့လဲ ဆို Software Down ပြီးရင် //Free file က သပ်သပ် ထပ်ပြီး ပြန် Download ဆွဲရလို့ပါ။
အားလုံး ကိုယ်ဆီ လေ့လာလို့ ရအောင်ပါ။
ဝန်းရံ ပေးနေကြသူ အရောက်တိုင်းကို ကျေးဇူး အထူး ထင်ရှိပါသည်။

ူမည်ဆိုပါက



ရတုန်း လေပဲ တိုက်တိုက် /လေဆင်နှာမောင်းပဲ တိုက်တိုက် ကွာ🤗🤗🤭ဆယ်စုနှစ် ၂ ခုကျော်အောင်စောင့်ခဲ့ရတဲ့ မြင်ကွင်းကို အာဆင်နယ်ဖန်...
20/05/2026

ရတုန်း လေပဲ တိုက်တိုက် /လေဆင်နှာမောင်းပဲ တိုက်တိုက် ကွာ🤗🤗🤭
ဆယ်စုနှစ် ၂ ခုကျော်အောင်စောင့်ခဲ့ရတဲ့ မြင်ကွင်းကို အာဆင်နယ်ဖန်တွေ ပြန်လည်မြင်တွေ့ပျော်ရွှင်နိုင်ကြတော့မှာပါ ။ အရင်တုန်းက အာဆင်နယ်ဟာ ချန်ပီယံဖြစ်လာတဲ့ ပြိုင်ဘက်အသင်းတွေကို Guard of Honor နဲ့ ဂုဏ်ပြုပေးခဲ့ရပါတယ် ။ အခုတခါတော့ သူတို့အသင်းကို ပြန်လည်ဂုဏ်ပြုတာကိုခံရတော့မှာပါ ။ ဒီအတွက် ဘုန်းမောက်ကို သူတို့ကျေးဇူးတင်ရမှာပါပဲ ။

အာဆင်နယ်ဟာ လာမယ့်ရာသီကုန်ပွဲစဉ်ကို ပဲလေ့စ်ကွင်းမှာ သွားရောက်ကစားရမှာပါ ။ ၂ သင်းစလုံးအတွက် ရလဒ်က အရေးမပါတော့ပါဘူး ။ အာဆင်နယ်က ပရီးမီးယားလိဂ်ဆုဖလားကို လက်ခံရယူမယ် ၊ ပဲလေ့စ်အသင်းကလည်း အသင်းဖန်တွေကို နှုတ်ဆက်ပွဲပြုလုပ်ပါမယ် ။

အာဆင်နယ်တို့ ဆုပေးပွဲအခမ်းအနားကို ပွဲမစခင်လုပ်ခွင့်ရမလား ၊ ပွဲပြီးသွားလို့ ၁ နာရီလောက်စောင့်ပြီးမှ လုပ်ခွင့်ရမလားဆိုတာကတော့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်နဲ့ ညှိနှိုင်းရမှာပါ ။ ပဲလေ့စ်ကွင်းဖြစ်တာကြောင့် အိမ်ရှင်အသင်းရဲ့အခမ်းအနားကို ဦးစားပေးရမှာဖြစ်နေလို့ပါပဲ ။ အာဆင်နယ်ဖန်တွေအတွက်ကတော့ ၁ နာရီလောက်ထပ်စောင့်ရတာက ဘာမှပြောပလောက်စရာ ဖြစ်မယ်မထင်ပါဘူး ။


Lightning Protection System (LPS) (သို့) မိုးကြိုးဘေးအန္တရာယ် ကာကွယ်ရေးစနစ် တစ်ခု     ERICO ကုမ္ပဏီထုတ် Dynasphere နည်းပ...
20/05/2026

Lightning Protection System (LPS) (သို့) မိုးကြိုးဘေးအန္တရာယ် ကာကွယ်ရေးစနစ် တစ်ခု
ERICO ကုမ္ပဏီထုတ် Dynasphere နည်းပညာကို အခြေခံထားသော စနစ်ဖြစ်ပြီး အစိတ်အပိုင်း တစ်ခုချင်းစီ၏ လုပ်ဆောင်ချက်တွေကို အောက်ပါအတိုင်း အသေးစိတ် ခွဲခြားနိုင်ပါသည်။
၁။ The Capture System

Lightning Down Leader

မိုးတိမ်တွေထဲကနေ မြေပြင်ကို အရှိန်နှင့် ဆင်းလာသော မိုးကြိုးလျှပ်စီးတန်း ဖြစ်ပါသည်။

ERITECH DYNASPHERE Terminal

မိုးကြိုးဖမ်းစက် (Air Terminal) ပါပဲ။ သာမန် မိုးကြိုးလွှဲတွေထက် ထူးခြားတာက သူဟာ "Early Streamer Emission (ESE)" နည်းပညာကို အသုံးပြုထားတာ ဖြစ်ပါတယ်။ မိုးကြိုးမပစ်ခင် လျှပ်စစ်စက်ကွင်း (Electric Field) တက်လာတာနှင့် အမျှ သူဆီကနေ အပေါ်ကို လျှပ်စီးတန်း (Upleader) တစ်ခုကို အလျင်အမြန် ကြိုထုတ်လွှတ်ပြီး မိုးကြိုးကို သူ့ဆီလာအောင် ဆွဲဆောင်ဖမ်းယူလိုက်တာပဲ ဖြစ်ပါတယ်။

၂။ တပ်ဆင်ထားသည့် အစိတ်အပိုင်းများ (Support & Mounting)

F.R.P. Support

Fiberglass Reinforced Polymer နှင့် ပြုလုပ်ထားသော တိုင်ဖြစ်ပါသည်။ သူက လျှပ်စစ်( စပတ် )မဖြစ်အောင် (Insulation) ကောင်းကောင်း လုပ်ပေးနိုင်တဲ့အတွက် မိုးကြိုးစွမ်းအင်ကို အဆောက်အဦဆီ မရောက်အောင် တားဆီးပေးပါသည်။

Inline Coupling & Mounting Brackets

မိုးကြိုးဖမ်းစက်နှင့် ပိုက်တိုင်တွေကို တစ်ဆက်တည်း ခိုင်ခိုင်မြဲမြဲ ဖြစ်စေဖို့ ချိတ်ဆက်ပေးတဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါသည်။

၃။ စွမ်းအင်သယ်ဆောင်သည့်အပိုင်း (Conduction System)

ERITECH ERICORE Downconductor

အဓိက အရေးကြီးတဲ့ အပိုင်းပါ။ သူက သာမန် ကြေးကြိုး မဟုတ်ဘဲ Shielded လျှပ်စစ်ကြိုး (Coaxial cable) အမျိုးအစား ဖြစ်ပါသည်။ မိုးကြိုးလျှပ်စီး စီးဆင်းသွားတဲ့အခါ ဘေးပတ်ဝန်းကျင်ကို လျှပ်စစ်ဓာတ်ကူးတာ (Side flashing) တွေ မဖြစ်အောင် အထူးပြုလုပ်ထားတဲ့ အလွှာတွေ ပါဝင်ပါသည်။

Lightning Event Counter

မိုးကြိုးဘယ်နှစ်ကြိမ် ပစ်ခဲ့သလဲဆိုတာကို မှတ်သားပေးတဲ့ စက်လေးဖြစ်ပါသည်။ စနစ်တစ်ခုလုံး အလုပ်လုပ်မလုပ် စစ်ဆေးတဲ့နေရာမှာ အသုံးအရမ်းဝင်ပါသည်။

၄။ မြေခစနစ် (Earthing/Grounding System)

Inspection Pit

မြေကြီးထဲက အောက်ခံ ကြေးတိုင်တွေနှင့် ကြိုးတွေ၏ အခြေအနေကို ပုံမှန် စစ်ဆေးနိုင်အောင် လုပ်ထားသော ဘောက်စ်လေး (သို့) အပေါက်လေး ဖြစ်ပါသည်။

Grounding Rods

မိုးကြိုးကနေ ပါလာသော ပြင်းထန်သည့် လျှပ်စစ်ဓာတ်အားတွေကို မြေကြီးထဲကို လျင်လျင်မြန်မြန်နှင့် ဘေးအန္တရာယ်ကင်းကင်း ပျံ့နှံ့ရောက်ရှိသွားအောင် လုပ်ဆောင်ပေးသော မြေခတိုင်တွေ ဖြစ်ပါသည်။ ပုံထဲမှာတော့ မြေခတိုင် (၄) တိုင်ကို စနစ်တကျ ချိတ်ဆက်ထားတာ တွေ့ရနိုင်ပါသည်။

အကျဉ်းချုပ် လုပ်ဆောင်ပုံ

၁။ မိုးကြိုးပစ်တော့မယ့် အခြေအနေမှာ Dynasphere Terminal ကနေ Upleader ကို ထုတ်လွှတ်ပြီး မိုးကြိုးကို ဖမ်းယူပါသည်။
၂။ ဖမ်းယူရရှိသည့် လျှပ်စစ်ဓာတ်အားတွေကို Ericore Downconductor ကနေတစ်ဆင့် အဆောက်အဦးကို ထိခိုက်မှုမရှိစေပဲ အောက်ကို သယ်ဆောင်သွားပါသည်။
၃။ နောက်ဆုံးမှာ Grounding Rods တွေကနေတစ်ဆင့် ထိုဓာတ်အားအားလုံးကို မြေကြီးထဲသို့ ဘေးကင်းစွာ စွန့်ထုတ်ပေးလိုက်တာ ဖြစ်ပါသည်။

ဒီစနစ်ကို များသောအားဖြင့် စက်ရုံတွေ၊ Data Center တွေနှင့် အထပ်မြင့် အဆောက်အဦတွေမှာ အဓိက အသုံးပြုလေ့ရှိပါသည်။

#မြန်မာနိုင်ငံမှာ ဒီလို စနစ် မရှိသေးပါဘူး။ရှိရင်လဲ ပြောခဲ့ကြပါဦး။ကိုယ်ကတော့ မတွေ့ဖူးသေးလို့ပါ။

Lightning Protection System (LPS) နှင့် ပတ်သက်ပြီး နည်းပညာပိုင်းဆိုင်ရာ ပိုမိုပြည့်စုံသွားအောင် အဓိက ကျသည့် အချက် (၃) ချက်

၁။ ESE (Early Streamer Emission) ၏ အားသာချက်

ပုံထဲမှာ ပါသည့် Dynasphere သည် ESE အမျိုးအစား ဖြစ်ပါသည်။ သာမန် မိုးကြိုးလွှဲ (Conventional Rod) တွေက မိုးကြိုးကို စောင့်ပြီးမှ ဖမ်းယူတာ ဖြစ်ပေမဲ့၊ ESE ကတော့ မိုးကြိုးမကျခင် လျှပ်စစ်စက်ကွင်း ပြင်းအားကို တိုင်းတာပြီး အပေါ်ကို High-voltage streamer ကြိုလွှတ်လိုက်ပါသည်။

အားသာချက်
သာမန် မိုးကြိုးလွှဲတွေထက် ကာကွယ်ပေးနိုင်တဲ့ ဧရိယာ (Protection Radius) ပိုမို ကျယ်ဝန်းပါတယ်။ အဆောက်အဦ တစ်ခုလုံးကို တိုင်တစ်တိုင်တည်းနှင့် လွှမ်းခြုံနိုင်စွမ်း ရှိပါသည်။

၂။ ERICORE Downconductor ၏ ထူးခြားချက်

မိုးကြိုးပစ်ချလိုက်‌ သော အခါ လျှပ်စီးကြောင်းသည် အလွန်မြင့်မားသည့် Frequency (High-frequency transient) အနေဖြင့် စီးဆင်းပါသည်။ သာမန် ကြေးကြိုးတွေကို အသုံးပြုပါက Inductance ကြောင့် ဘေးပတ်ဝန်းကျင်ရှိ သံထည်များ၊ လျှပ်စစ်ပစ္စည်းများကို လျှပ်စစ်ကူးစက်တာ (Side Flashing) ဖြစ်နိုင်ပါသည်။
Ericore Cable သည် Coaxial design (အလွှာပေါင်းများစွာ) နှင့် လုပ်ထားတာကြောင့် အဆိုပါ Side flashing အန္တရာယ်ကို လုံးဝ ကာကွယ်ပေးနိုင်ပြီး လျှပ်စစ်ဓာတ်အားကို မြေကြီးထဲသို့ တိုက်ရိုက် ရောက်အောင် ပို့ဆောင်ပေးပါသည်။

၃။ Earth Resistance (မြေခ ခုခံမှု)

မိုးကြိုးလွှဲ စနစ်တစ်ခုမှာ အရေးအကြီးဆုံးက Grounding ပါ။ မြေကြီး၏ ခုခံမှု (Resistance)သည် အလွန်နည်းနေဖို့ လိုအပ်ပါသည်။
များသောအားဖြင့် 10\Omega (10 Ohms) ထက် နည်းရပါမည်။
ခုခံမှု နည်းလေလေ၊ မိုးကြိုးစွမ်းအင်က မြေကြီးထဲကို မြန်မြန် ပျံ့နှံ့သွားလေလေ ဖြစ်ပါသည်။ ထို့ကြောင့် မြေကြီးထဲမှာ Grounding Rod တွေကို တစ်ခုထက်မက သုံးပြီး တစ်ခုနှင့်တစ်ခု Parallel (အပြိုင်) ချိတ်ဆက်ထားခြင်း ဖြစ်ပါသည်။

ထိန်းသိမ်းစစ်ဆေးခြင်း (Maintenance)

ဒီစနစ်ကို အမြဲတမ်း အလုပ်လုပ်နိုင် ဖို့အတွက် အောက်ပါတို့ကို ပုံမှန် စစ်ဆေးသင့်ရပါမည်။

Lightning Event Counter

မိုးကြိုးပစ်ခံရသည့် အကြိမ်ရေကို ကြည့်ပြီး Terminal နှင့် ကြိုးများ၏ အခြေအနေကို စစ်ဆေး‌ ပေးရပါမည်။

Earth Pit Testing

တစ်နှစ်တစ်ကြိမ် (သို့မဟုတ်) မိုးရာသီ မတိုင်ခင်မှာ Earth Tester နှင့် မြေခခုခံမှုကို တိုင်းတာရပါမည်။

Connections

အဆက်အသွယ်တွေများ ချေးတက်တာ (Corrosion) ရှိမရှိ စစ်ဆေးရပါမည်။

COPY ယူမည်ဆိုပါက ပေးပါရန်
#လေးစားစွာဖြင့်

၂၂နှစ်ကြာ ဝေးကွာခဲ့ သော Gunners တို့၏ ပျော်ရွှင်ဖွယ် ညချမ်း ..အာစင်ဝင်းဂါး ခောတ် ‌လောက်ပေါ့ ကျတော် အထက်တန်းကျောင်းတက်ချိ...
19/05/2026

၂၂နှစ်ကြာ ဝေးကွာခဲ့ သော Gunners တို့၏ ပျော်ရွှင်ဖွယ် ညချမ်း ..
အာစင်ဝင်းဂါး ခောတ် ‌လောက်ပေါ့ ကျတော် အထက်တန်းကျောင်းတက်ချိန် ၉တန်းလောက်မှာဆရာကြီးနှင့် လှိုင်သာယာ လက်ဖက်ရည် တစ်နေရာမှာ စပြီး ဒီအသင်းကို စကြည့်ဖြင့် ခဲ့ပါတယ်။
အဲ့အချိန် လောက် ဘောပွဲကို စပြီးကြည့်ဖြင့်ခဲ့ပေမယ့် ငယ်သူငယ်ချင်းတွေက တော့ ကိုယ့်ထက် စောပြီး ဘောလုံးပွဲ ကြည့်တာ ဝါသနာ ပါကြတော့ အသီးသီး သူ့တို့ အသင်းကိုယ်စီ နဲ့ပေါ့ ..တချိူ့က မန်ယူ /တချိူ့က မန်စီးတီး/လီဗာဘူး/ချဲ့စီး စသဖြင့် ကိုယ်ဆီ အသင်းတွေ ရှိကြတယ်။
ကိုယ့်ကတော့ ဘောလုံးပွဲကို ကြည့်ဖြင့်အောင် /ဝါသနာ ပါအောင် ဆွဲဆောင် ခံ ခဲ့ရတာတော့ အာစင်ဝင်းဂါး၏ အာဆယ်နယ် အသင်းပါပဲ။အဲအချိန်က စပြီး အားပေးခဲ့တာ ဒီနှစ်တော့ ကိုယ့် အသင်းက လုပ်ပြနိုင်ခဲ့ပြီးကွာ။
ပျော်ရွှင်စရာ ညချမ်းပါ။
#ဒီလိုည မှာ ဘောလုံးအတူ ကြည့်ခဲ့ဖူးတဲ့ #ဆရာကြီးကို သတိရလိုက်တာ။ အခုတော့ ကိုယ့်၏ ဆရာကြီး မရှိတော့ဘူး ဒီညကတော့ ဝမ်းသာ/ဝမ်းနည်း ပေါ့ဗျာ။


住所

Chuo-ku, Tokyo

ウェブサイト

アラート

Chris By R&Eがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する