13/03/2026
အိမ်မက် ခရီးသည်
ယိုင်နဲ့နေတဲ့ ခြေလှမ်းတွေကို အားပြုလို့
လမ်းလျှောက်ထွက်ခဲ့တယ်
စမှတ်ကို ပြန်ကြည့်တော့...
မိုင်ထောင်ချီရဲ့ကြား ဝေဝါးသွားခဲ့ပြီ
ဒီအကွာအဝေးတွေကြားမှာ
ဆုံးရှုံးမှုတွေကို တန်ဖိုးကြီးကြီးပေးပြီး
ခရီးစရိတ်အဖြစ် ဝယ်ယူခဲ့ရတယ်။
အခုတော့...
မျက်စိရှေ့က မြင်ကွင်းတွေဟာ အရောင်မရှိတော့သလို
နားထဲရိုက်ခက်လာသော အသံတွေဟာလည်း အဓိပ္ပာယ်မဲ့လို့။
စည်ကားလှတဲ့ လူအုပ်ကြီးထဲမှာ
ငါဟာ... ကိုယ့်အရိပ်ကိုယ် ပုခုန်းဖက်ထားရင်း….
ဘယ်မှာ အဆုံးသတ်မလဲ မသိတဲ့
နွေကန္တာရလယ်….
ငါ့ဝိညာဉ်ကို နဂါးငွေ့တန်းရဲ့အပေါ်
ခဏချိတ်ဆွဲထားပြီး
နေဝင်ဆည်းဆာနဲ့ ညဉ့်နက်နက်တွေမှာ
ခံနိုင်ရည်ရှိအောင်လို့
ပေးပါ…ဆားငံရည်ခပ်ပြင်းပြင်းတစ်ခွက်
တစ်ယောက်တည်း စကားတွေပြောချင်လို့