KhineZar

KhineZar Khine Zar Thwe | Security Engineer & Writer. Providing technical insights and community leadership. Business Contact: [email protected] | +81 08058120292

Developmental Delay ဖြစ်တဲ့ကိုတာရာလေးအတွက် Japan မှာပြင်ဆင်ပေးမှုခိုင်ဇာတို့မိခင်တွေကကလေးတွေကိုအကောင်းဆုံးမျှော်လင့်ကြတာ...
01/08/2026

Developmental Delay ဖြစ်တဲ့ကိုတာရာလေးအတွက် Japan မှာပြင်ဆင်ပေးမှု

ခိုင်ဇာတို့မိခင်တွေကကလေးတွေကိုအကောင်းဆုံးမျှော်လင့်ကြတာချည်းပါပဲ ကျန်းမာစေချင်တယ် သွက်လက်စေချင်တယ်လိမ္မာစေချင်တယ် ပျော်ရွှင်စေချင်တယ် အစရှိသဖြငိ့ပေါ့
ခိုင်ဇာကအသက်၃၅ မှသားဦးလေးမွေးထားတာဆိုတော့ စိုးရိမ်ရတာအစုံပါပဲ အစားအသောက်အရမ်းရွေးတဲ့ကိုယ်ကနေမွေးလာမဲ့ကလေးလေးက ကျန်းရောကျန်းမာပါ့မလား အခြားဘာတွေများပါလားအုံးမလဲအစရှိသဖြင့်ပါပဲ
ခုခေတ်ကြီးကလည်းမိဘတွေက gentle parenting တွေ training တွေကြိုတင်ပြင်ဆင်မှုတွေကလည်းနေရာတိုင်းမှာမို့ အမျိုးမျိုး လေ့လာရပေမယ့်ကလေးတွေဆိုသည်မှာလည်းတစ်ယောက်တစ်မျိုးဖြစ်တာကြောင့် ပုံသေနည်းဆိုတာလည်းခက်ပါတယ်
ကံကောင်းစွာပဲတာရာလေးက ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာပါတယ် ဒါပေမယ့် ၆ လလောက်ကတည်းက သတိထားမိတာကတော့တာရာလေးရဲ့ development ကိစ္စပါပဲ သားလေးကအရမ်းအေးတဲ့ကလေးလေးဆိုတော့ ငိုတာမရှိ လှုပ်တာအတော်နည်းပါတယ် ကိုယ့်ဘာသာမှောကိတက်တာဆိုလည်း၈လ လောက်မှပါ လေးဘက်သွားတာလည်း ၁ နှစ်လောက်မှစသွားပြီး လမ်းလျောက်တာကတော့ ၁ နှစ်နဲ့ ၄ လမှပါအခုလည်း မကြာခင် ၂ နှစ်ပြည့်တော့မှာဆိုပေမယ့် စကားက အပါး မားမား အဖွား အတဲတဲ ပန် ဒါပဲပြောတက်ပါတယ်
မြို့နယ်မှာ ၁ နှစ်ခွဲဆေးစစ်တဲ့အခါ တာရာလေးကမေးတာလေးတွေလိုက်မလုပ်တက်ပါဘူး ခွေးလေးဘယ်မှာလဲဆိုတာလက်ထောက်ပြဆိုလည်းသူက ၁ နှစ်နဲ့ ၆ လမှလမထောက်ပြတက်ပါဘူး လက်ညှိုးညွှန်ရာကိုလည်းလိုက်မကြည့်တက်ပါဘူး အဲ့တာနဲ့ သူတို့ဆီမှာလည်း ၂ နှစ်ကျရင်တိုးတက်မှုပြန်စစ်ဖို့ မှတ်ချက်နဲ့ ကိုတာရာလေးဖြစ်ပါတယ်
အကုန်လုံးမှာအရမ်းနောက်ကျတယ်လူတွေနဲ့မဆော့ဘူးဆိုတော့ မိဘတွေအနဲ့စိတ်ပူရတာအစုံပါပဲ
- တာရာလေးက ပုံမှန်ကလေးလေးရောဟုတ်ရဲ့လား
- တာရာလေးသာ Autism ဆိုရင်မိခင်ဖြစ်တဲ့ကိုယ်ကဘယ်လိုaction ယူရမလဲ
- သားလေးကစကားမပြောတာကနားမကြားတာများလား

အစရှိသဖြင့်ပါပဲ ခိုင်ဇာ့လိုပဲစိတ်ထဲခံစားရတဲ့မိခင်တွေရှိရင် ကလေးအတွက်ခိုင်ဇာလုပ်ပေးခဲ့တာလေးတွေမှီငြမ်းလို့ရအောင်ဒီစာလေးကိုရေးပေးပါတယ်

အဲ့တော့ဘာတွေပြင်ဆင်ပေးဖြစ်ပါသလဲဆိုရင်
၁၊ body လှုပ်ရှားမှုနည်းတဲ့အတွက်တာရာလေးကို ၈ လသားကတည်း ရေကူးသင်တန်းတက်စေပါတယ် အတော်များများကအရမ်းစောတယ် ရေကူးတာကြီးမှသင်လည်းရတယ်ပြောကြပေမယ့် ကျွန်မသူ့ကိုသင်ချင်တာကရေကူးမဟုတ်ပဲ ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့ မိဘနဲ့ bonding အတွက်ပါ ဂျပန်မှာ ၃ နှစ်အောက်ကလေးတွေဟာ မိဘတွေနဲ့အတူတူရေကူးပြီးဆော့လို့ရတဲ့ သင်တန်းလေးတွေရှိတာမို့ အဲ့တာလေးထားပေးဖြစ်ပါတယ် သားလေးကအဲ့မှာသူ့ရဲ့ခြေထောက်လှုပ်ရှားမှုတွေ sensory development ရပြီးသိသိသာသာတိုးတက်လာပါတယ်

၂၊ introvert နှစ်ယောက်ကနေမွေးလာတဲ့သားလေးမို့ အိမ်ထဲမှာပဲနေတာများပါတယ် ဒါပေမယ့်သတိထားပြီး ပိတ်ရက်တွေမှာအပြင်အမြဲထွက်ပေးဖို့ကြိုးစားရပါတယ် သားလေးကပစ္စည်းတွေကစားစရာတွေစိတ်ဝင်စားပေမယ့် လူတွေကိုရှောင်ပါတယ် လူတွေကိုမကြည့် သူ့ကိုကပ်တာလည်းမကြိုက်ပါဘူး အဲ့တော့ပိတိရက်တွေမှာသူငယ်ချင်းအိမ်လည်ပေးတာ ပန်းခြံထဲသွားဆော့တာတွေလုပ်ပေးပါတယ်

၃၊ ၁ နှစ်၆ လနောက်ပိုင်းမှာတော့ Nursery school မှာ အမြဲ consultation session ယူပါတယ် သားလေးရဲ့ဖွံ့ဖြိုးမှုကိုဆရာဆရာမတွေလည်းပြောပြ သူတို့ဆီက မှတ်ချက်တွေကိုနားထောင်အိမ်မှာလည်းလိုက်ကျင့်ပေးပါတယ် တာရာလေး၆ လတကည်းကစာဖတ်တဲ့အကျင့်ရှိတော့ ညတိုင်းစာဖတ်ပေမယ့် ကျောင်းကစာဖတ်တဲ့ ပွဲတွေမှာဆို သူလိုက်နားမထောင်ပါဘူး အိမ်မှာဆိုလည်းသူကသူကြိုက်တဲ့စာအုပ်လေးတွေအမြဲဖတ်တာမို့ ကျောင်းကစာအုပ်မျိုးလေးတွေပါကြည့်ပြီး အိမ်မှာဝယိပေးဖတ်ပေးပါတယ်

၄၊ ၁နှစ်နဲ့ ၉ လမှာထိုင်းသွားဖြစ်တော့ ကိုယိလည်းစိတ်ရှင်းချင်တာနဲ့ ဘန်ကောက်မှာ ကလေးငယ်ဖွံ့ဖြိုးတိုးတက်မှုကိုအဓိကထားပြီး သုသေသနစာတန်းတွေပါရှိတဲ့ဆရာဝန်ကိုသေချာရှာပြီး တာရာလေးအကြောင်းတိုငိပင်ဆွေးနွေးပါတယ် အဓိက ကသားလေးအတွက်ဘာတွေကြိုလုပ်ပေးဖို့လိုမလဲကတော့အဓိကပါပဲ ၁ နာရီကျော်ကြာကလေးရောကိုယ်တွေနဲ့ရော consultation အပြီးမှာမှတ်ချက်က သားလေးက speech delay ဖြစ်နေတာပါ စိုးရိမ်နေတာမျိုးမဟုတ်ပဲ language ၃ မျိုးလောကိရောနေလို့ကလေးကသေချာမပြောနိုင်ပဲ စကားလုံးမထွက်တာလို့ပြောပါတယ် ကိုယိတွေကိုလည်းသေသေချာချာအိမ်မှာသုံးတဲ့စကားဆို မြန်မာစာဆိုမြန်မာစာပဲပြော ဆိုတာမျိုးအကြံပေးပါတယ် ပြီးတော့ speech therapy ယူခိုင်းပါတယ် ၂ နှစ်အရွယ်မှာအဲ့တာကနောက်ကျရင် toddler tantrums ကပိုဆိုးလာနိုင်တာမို့ မိဘတွေ action ယူတာကောင်းပါတယ်လို့မှတိချက်ရပါတယ်ဒါပေမယ့် ထိုင်းကခနပဲသွားတာမို့ ဂျပန်မှာပဲယူမယ်ဆိုပြီးမယူဖြစ်ခဲ့ပါဘူး
၅၊ ဂျပန်ပြန်ရောက်တော့ ထိုင်းမှာလုပ်လာတဲ့ကိစ္စကိုရပ်ကွက်က ကျန်းမာရေးစင်တာကိုတိုင်ပင်ပြီး ကလေးအတွက် speech training ယူဖို့အကြံတောငိးတဲ့အခါ သူတို့က မြို့နယ်က စကားပြောနောက်ကျတဲ့ကလေးတွေအတွကိသီးသန့်ပြုလုပိပေးတဲ့ program တစ်ခုကို referral ပေးပါတယ်
၆၊ July လကုန်ထဲမှာbooking ယူလို့ရတာနဲ့ တာရာလေးရောဖေဖေရောမေမေရော စစိဆေးဖို့သွားရပါတယိ ၁ နာရီလောကိစစ်ဆေးပြီးချိန်မှာတော့ ချက်ချင်းရတဲ့ feedback ကတော့ သားလေးကလူတွေစိတ်မဝင်စားတာကပြဿနာပါပဲ လူတွေကိုစိတိမဝင်စားတဲ့အခါ လူတွေပြောတဲ့စကားဟာသူ့အတွက် input မဟုတ်တော့ပဲ input မရှိတဲ့သူက စကားမပြောဘူးဖြစ်သွားတာပါပဲ language confusion တွေဘာတွေထက် ကလေးကလူအပေါ်စိတ်ဝင်စားမှုမရှိတာကြောင့်ဖြစ်ရတာပါပဲ

အခုကတော့ နောက်လထဲမှာ မြို့နယ် center ကfeedback အပြည့်နဲ့ နောက်လုပ်ရမဲ့ recommendation ပေးမှာမို့ အဖြေစောင့်နေတုန်းပါပဲ
ကလေးတွေကတစ်ယောက်နဲ့တစ်ယောက်မတူတာမို့ နယ်ပယ်ကပညာရှင်တွေနဲ့တိုငိပင်တာအကောင်းဆုံးပါပဲ ဂျပန်နေပြီးမိမိကလေးလေးရဲ့ developmental ကိုစိတ်ပူတဲ့မေမေတို့တွေလည်း reference လုပ်လို့ရအောင်ဝေမျှပေးတာပါ

ဂျပန်ရပ်ကွက်ကျန်းမာရေးရုံးတွေက မြို့နယ်တိုင်းမှာရှိသလို အကုန်လုံးကလည်းအခမဲ့လုပ်ပေးတာမို့ ကိုယ်ကကိုယ့်ကလေးအတွက်တစ်ခုခုစိတ်ပူတာစိတ်အဆင်မပြေတာမရှိိရင်တိုင်ပင်ဖို့လည်းတိုက်တွန်းချင်ပါတယ်သားသမီးတိုင်းကျန်းမာရွှင်လန်းစွာကြီးပြင်းလာနိုင်ကြပါစေ ❣️

Today, I had the opportunity to present at Google I/O Extended 2026, organized by GDG Yangon  My talk was 'From Policy t...
26/07/2026

Today, I had the opportunity to present at Google I/O Extended 2026, organized by GDG Yangon My talk was 'From Policy to Protection: Implementing Google Workspace DLP with Chrome Enterprise Premium.'
I hope everyone enjoyed the session! You can find the link to today's presentation in comment.

ပြီးခဲ့တဲ့ တနင်္လာနေ့က Myanmar Data Tech အတွက် Non-Engineer တွေကိုရည်ရွယ်ပြီး Workshop လေးတစ်ခုလုပ်ပေးဖြစ်ပါတယ် Member o...
25/07/2026

ပြီးခဲ့တဲ့ တနင်္လာနေ့က Myanmar Data Tech အတွက် Non-Engineer တွေကိုရည်ရွယ်ပြီး Workshop လေးတစ်ခုလုပ်ပေးဖြစ်ပါတယ် Member only event ပဲမို့ အပြင်လူတွေကိုမဖိတ်ဖြစ်ပေမယ့် ပြန်ကြည့်လို့ရအောင် youtube မှာပြန်တင်ပေးထားပါတယ်

🌟Beyond the Prompt: A Hands-On Skills Workshop for MMDT members Recording Posted on YouTube 🌟

MMDT ကနေ ပြုလုပ်တဲ့ Beyond the Prompt: A Hands-On Skills Workshop for MMDT members ဟာ ဒီအပတ် တနင်္လာ နေ့မှာဘဲ အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီဖြစ်ပါတယ် ။

ဒီ Workshop ကို တက်တက်ကြွကြွနဲ့ တက်ရောက်လာပေးတဲ့ MMDT member အားလုံးကို ကျေးဇူး တင်ပါတယ်။

တက်ရောက်လာခဲ့တဲ့ သူတွေ အနေနဲ့လည်း AI tools ကို နေ့စဉ်ဘဝမှာ အသုံးချတဲ့ အခါမှာ Prompt တွေ ဘဲမေးပြီး အသုံးချတာမျိုး မဟုတ်ဘဲနဲ့ Skills ဖိုင်တွေကို တည်ဆောက်ပြီး AI ကို ဒီထက်ပိုပြီး အကျိုးရှိရှိ နဲ့ အသုံးချနိုင်တဲ့ နည်းလမ်းတွေကို ရရှိသွားမယ်လို့ ယုံကြည်ပါတယ် ။

နည်းပညာသမားမဟုတ်တဲ့ MMDT အဖွဲ့ဝင်တွေအတွက် စဉ်းစားပေးပြီး Context Engineering အကြောင်းတွေ၊ AI Skills တွေကိုဘယ်လို တည်ဆောက်ကြမလဲ၊ AI ကို နေ့စဉ်ဘဝမှာ တစ်ဆင့်မြှင့်ပြီး ဘယ်လို အသုံးချကြမလဲ ဆိုတာကို သေသေချာချာ ရှင်းပြပေးသွားတဲ့ MMDT ရဲ့ core member တစ်ဦးဖြစ်တဲ့ Ma KhineZar ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ် ။

Event ကို တက်ရောက်ခွင့် မရလိုက်တဲ့ သူတွေအတွက် Recording ကိုတော့ YouTube မှာ တင်ပေးထားပါတယ်။ YouTube link ကိုလည်း comment မှာ ချပေးထားပါတယ် ။

အားလုံးနဲ့ နောက် Event တွေမှာ ထပ်ဆုံပါမယ်။🥰

လာမဲ့ ၂၆ ရက််နေ့ကျရင် Google Developer Group Yangon က ပြုလုပ်ကျင်းပမဲ့ Google I/O Extended Yangon 2026 မှာ Google Worksp...
22/07/2026

လာမဲ့ ၂၆ ရက််နေ့ကျရင် Google Developer Group Yangon က ပြုလုပ်ကျင်းပမဲ့ Google I/O Extended Yangon 2026 မှာ Google Workspace ကိုသုံးနေတဲ့ Enterprise တွေမှာ Google ရဲ့နည်းပညာတွေကိုသုံးပြီး Enterprise တွေရဲ့ Data Loss Prevention ကိုဘယ်လိုသုံးပြီးကာကွယ်ကြမလဲ Enterprise AI Usage တွေမှာဒေတာတွေမပေါက်ကြားအောင် ဘယ်လိုမျိုးကုမ္ပဏီတွေကကာကွယ်လို့ရလဲဆိုတာလေးတွေကိုအဓိကထားပြီးဆွေးနွေးပေးသွားမှာမို့စိတ်ပါဝင်စားရင် Registeration လုပ်လို့ရပါတယ်

https://www.facebook.com/share/1DKSaeF1nz/

မခိုင်ဇာသွယ်သည် Data Protection နဲ့ endpoint security ပိုင်းတွင် အတွေ့အကြုံများစွာရှိသော enterprise security engineer တစ်ဦးဖြစ်ပါတယ်။ ထို့အပြင် data exfiltration risks များကို စီမံခြင်း ၊ security monitoring workflow များတည်ဆောက်ခြင်းတို့ကို လုပ်ဆောင်နေပါတယ် ။ ပြောင်းလဲနေသော AI နည်းပညာများကို အမြဲလေ့လာနေသူတစ်ဦးလည်းဖြစ်ပါတယ်။ နည်းပညာနယ်ပယ်တွင်လည်း တက်ကြွစွာ ခေါင်းဆောင်နိုင်သူတစ်ဦးဖြစ်ပြီး volunteer အနေဖြင့်လည်း လှုပ်ရှားမှုများလည်းရှိပါတယ်။

20 ရက်နေ့ ညကျရင် Myanmar Data Tech members တွေထဲက non engineer members တွေအတွက် Skills တွေတည်ဆောက်တဲ့ workshop လေးတစ်ခုလ...
15/07/2026

20 ရက်နေ့ ညကျရင် Myanmar Data Tech members တွေထဲက non engineer members တွေအတွက် Skills တွေတည်ဆောက်တဲ့ workshop လေးတစ်ခုလုပ်ပေးဖို့ပြငိဆင်ထားပါတယ် များသောအားဖြင့် AI ကိုမေးပြီးလုပ်နေတာတွေကို အချိန်မြန်မြန်နဲ့ ထပ်ခါထပ်ခါအလုပ်တွေသက်သာအောင် ကူညီပေးနိုင်ဖို့ရည်ရွယ်ပါတယ်

👋 Hello…… Hello….. အားလုံးဘဲ မင်္ဂလာပါရှင့် ။

✨ MMDT ကနေ နောက်ထပ်စိတ်လှုပ်ရှားစရာကောင်းတဲ့ Event လေးတစ်ခုကို ယူဆောင်လာပါပြီ။

✨ ဒီ Event ကလည်း MMDT ရဲ့အဖွဲ့ဝင်တွေအတွက် သီးသန့် ပြုလုပ်ပေးသွားမှာဘဲဖြစ်ပါတယ်။

✨ လာမယ့် July 20 ရက်နေ့မှာ “ Beyond the Prompt: A Hands-On Skills Workshop for MMDT Members” ဆိုတဲ့ Event လေးတစ်ခုကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီ Event လေးကို ဦးဆောင်ပေးမယ့် Speaker ကတော့ MMDT ရဲ့ Core Member တစ်​ယောက်လည်းဖြစ်တဲ့ Ma KhineZar ဘဲဖြစ်ပါတယ်။

✨ ဒီ Event ကတော့ Engineering background မဟုတ်တဲ့ အဖွဲ့ဝင်တွေအတွက် ရည်ရွယ်ပါတယ်။

✨ ဒီ Event ကို တက်ရောက်ဖို့အတွက်ဆိုလို့ရှိရင် Requirement အနေနဲ့ Chrome Browser နဲ့ Claude ကို install လုပ်ထားပေးဖို့ လိုအပ်ပါမယ်။

✨ အဲဒါအပြင် Event လေးက Hands On Workshop လေးဖြစ်တဲ့အတွက် တက်ရောက်လာသူတွေ အနေနဲ့ ကွန်ပျူတာ လေးနဲ့ တက်ရောက်ဖို့လိုပါမယ်ရှင့်။

✨ အားလုံးဘဲ Event မှာ ဆုံကြပါမယ်။

Ready !!!!
05/07/2026

Ready !!!!

နည်းပညာလောကထဲကို ခြေလှမ်းစလှမ်းဖို့ ပြင်ဆင်နေပေမယ့် CV နဲ့ Portfolio ကို ဘယ်လိုစပြင်ရမှန်း မသိဘဲ ဝေခွဲမရ ဖြစ်နေပါသလား? 🤔✨

Tech Career ကို စိတ်ဝင်စားသူတွေနဲ့ ကျောင်းပြီးကာစ လူငယ်တွေအတွက် နည်းပညာနယ်ပယ်အသီးသီးက ကျွမ်းကျင်ပညာရှင်တွေ ကိုယ်တိုင် CV နဲ့ Portfolio ပြင်ဆင်ပုံတွေကို ဝေမျှပေးမယ့် Weekend Webinar Series တစ်ခု မကြာခင် လာတော့မှာပါ! 🚀

ဒီအစီအစဉ်မှာ ခေါင်းစဉ်ကြီး (၅) ခုဖြစ်တဲ့
- Product (Web/Mobile)
- Systems & Cloud
- Data & AI
- UI/UX Design
- Academic and Research
စတဲ့ Focused Tracks တွေအလိုက် အလုပ်ရွေးချယ်ခံရမှုအလားအလာ အကောင်းဆုံးဖြစ်စေမယ့် Portfolio တည်ဆောက်နည်းတွေကို တစ်ပတ်ချင်းစီအလိုက် အသေးစိတ် ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

Speaker တွေက ဘယ်သူတွေဖြစ်မလဲဆိုတာနဲ့ ဘယ်လို Register လုပ်ရမလဲဆိုတာကို သိဖို့အတွက် Women in AI Myanmar Page ကို အနီးကပ် စောင့်ကြည့်ပေးကြပါဦးနော်။ 👀💡

WAI Myanmar ရဲ့ Telegram channel https://t.me/womeninaimyanmar ကိုလည်း subscribe လုပ်ထားနိုင်ပါတယ်ရှင်။





ဒီရက်ပိုင်း AYA သတင်းတွေ Japan ဘက်မှာဆိုလည်း KDDI ဘက်က ကိုယ်ရေးအချက်အလတ်တွေပေါက်ကြားတဲံသတင်းတွေကြားနေရတုန်း ဒီနေ့ရုံးတွင...
26/06/2026

ဒီရက်ပိုင်း AYA သတင်းတွေ Japan ဘက်မှာဆိုလည်း KDDI ဘက်က ကိုယ်ရေးအချက်အလတ်တွေပေါက်ကြားတဲံသတင်းတွေကြားနေရတုန်း ဒီနေ့ရုံးတွင်းမှာ sharing တစ်ခုကနေလေ့လာစရာလေးဖြစ်လို့စာလေးရေးမယ်စိတ်ကူးမိပါတယ်

Security Engineeringမှာကနယ်ပယ်အစုံမို့ လူတွေကသူတို့ကျွမ်းကျင်ရာနယ်ပယ်ကိုအားစိုက်လုပ်ကြရတာပါ ခိုင်ဇာတို့Team ကတော့ second line team မို့
၁)​ရုံးတွင်းကဝန်ထမ်းတွေကို Cyber Securityတွေကလာနိုင်တဲ့အန္တာရယ်မဖြစ်အောင်ကာကွယ်ဖို့
၂)​ရုံးကဒေတာကိုပြင်ပကိုမပေါက်ကြားအောင် (ခုနောက်ပိုင်းကတော့ရုံးတွင်းဒေတာတွေကိုယ်ရေးအချက်အလတ်တွေကို AI တွေကယူမသုံးဖို့)
၃) ကိုယ့်ရဲ့ဆားဗစ်ကိုသုံးတဲ့user တွေရဲ့ဒေတာတွေကိုမထိခိုက်အောင်
၄) အထူးသဖြင့်အခုခေတ်ကာလမှာတော့ ဝန်ထမ်းတွေရဲ့ productivity speed ကိုမထိခိုက်စေပဲသူတို့တွေလုံလုံခြုံခြုံအလုပ်လုပ်ပေးနိုင်အောင်ကာကွယ်ပေးရတာတွေလုပ်ရတဲ့Team ပါ

ဒီနေ့ သူကတော့အများကြီးပြောသွားပေမယ့်ခိုင်ဇာကတော့ဒီနေ့ သူပြောတဲ့ထဲကတစ်ချက် "secure by default" ကို ကိုယ်ရဲ့၂နှစ်သားလေးကိုထိန်းတဲ့အတွေ့အကြုံနဲ့ယှဉ်ပြီးစာလေးပြန်ရေးထားပါတယ် (အသေးစိတ်ကတော့substack မှာရေးထားပါတယ် )

သူကတော့ security engineering အတွက်ဝေမျှပေးတာဖြစ်ပေမယ့် ကိုယ်ကကတော့နားထောင်နေရင်း သားလေးထိန်းဖို့rule တစ်ခုအဖြစ်စိတ်ထဲပဲမြင်နေပါတယ် အထူးသဖြင့်၂နှစ်သားလေးအရွယ် toddler stage ကိုထိန်းရတာက secure by default ကအတော်အရေးကြီးပါတယ် ကလေးဖြစ်တဲ့အတွက်ဘယ်တစ်ခုကပိုကောင်းလဲကိုဆိုတာကိုသူတို့မဆုံးဖြတ်နိုင်သေးပါဘူး အဲ့တာ မိဘအနေနဲ့ secure by default လုပ်ပေးထားဖို့ကနံပါတ်၁ပါပဲ
- ကလေးနေတဲ့ပတ်ဝန်းကျင်မှာအန္တာရယ်တဲ့အချွန်အတက်တွေနားကိုမသွားပါနဲ့လိုအော်ပြီးတားနေမဲ့အစားအဲ့တာတွေကိုမရှိအောင်ကာကွယ်ပေးထားမယ်
- တံခါးတွေလိုက်ဖွင့်အကုန်ပြုတ်ကုန်မယ်လို့မလုပ်နဲ့လို့အော်နေမဲ့အစား မဖွင့်စေချင်တဲ့တံခါးတွေကို child lockထားထားလိုက်မယ်
- မီးဖိုချောင်ထဲကိုဝင်ခွင့်ပိတ်မဲ့အစားသူဝင်တဲ့အချိန်သူမှီတဲ့ပစ္စည်းတွေကိုပြန်စီစဉ်ထားတာမျိုးပေါ့လေ အစရှိသဖြင့်ပေါ့

လူဆိုတော့သင်ယူစရာတွေနေ့စဉ်ရှိတာမို့ ကိုယ်အလုပ်လုပ်နေရင်းလည်း parenting ရော security engineering ရောအတူတူလေ့လာနိုင်လိုက်တာမို့ ကိုယ့်ဘာသာသဘောကျလို့ပြန်လည်ဝေမျှပေးလိုက်ရပါတယ်

ဒီနေ့ရုံးအတွင်းမှာပြောနေကြလို့သတင်းဖတ်ကြည့်မိတာ KDDIက ဆိုက်ဘာတိုက်ခိုက်မှုခံခဲ့ရပြီး၊ သူတို့နဲ့ ချိတ်ဆက်ထားတဲ့ အင်တာနက်ဝ...
24/06/2026

ဒီနေ့ရုံးအတွင်းမှာပြောနေကြလို့သတင်းဖတ်ကြည့်မိတာ KDDIက ဆိုက်ဘာတိုက်ခိုက်မှုခံခဲ့ရပြီး၊ သူတို့နဲ့ ချိတ်ဆက်ထားတဲ့ အင်တာနက်ဝန်ဆောင်မှုပေးတဲ့ (ISP) ၆ ခုရဲ့ သုံးစွဲသူတွေရဲ့ Email Address နဲ့ Password စုစုပေါင်း အများဆုံး ၁၄.၂၂ သန်း လောက်ပေါက်ကြားသွားနိုင်ခြေရှိကြောင်းPress Release လုပ်သွားပါတယ် မူရင်းသတင်းကို comment မှာထည့်ပေးထားပါတယ် KDDI က ကုမ္ပဏီကြီးဖြစ်တာကြောင့် အဲ့ပမာဏက ဂျပန်မှာရှိနေတဲ့ လူ ၁၀ မှာ ၁ ယောက်ထိခိုက်တယ်လို့တောင်ပြောလို့ရတဲ့ ပမာဏပါ ကိုယ်က တကယ်လို့ အောက်က အီးမေးတွေသုံးတာမျိုးရှိရင် password ပြောင်းထားတာအကောင်းဆုံးပါပဲ

- STNet, Inc. (Pikara Hikari, Pikara Mobile/ Oshigoto Pikara
- KDDI Web Communications Inc. (CPI Rental Server)
- JCOM Co., Ltd. J:COM NET အီးမေးလ်နှင့် TV Operator)
- Chubu Telecommunications Co., Inc. (ctc)(Commufa Hikari /Business Commufa )
- Nifty Corporation ( email )
- BIGLOBE Inc. (BIGLOBE အီးမေးလ်)

အခြားဆက်စပ်နေတဲ့ AU/ Povo service လိုမျိုးတွေကတော့သက်သက် manage လုပ်တာမို့ အခုဒေတာပေါက်ကြားမှုမှာမပါဘူးလို့ကြေငြထားပါတယ်

Women in AI - Myanmar က Mom in Tech program နဲ့အပြိုင် နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ program လေးတွေစနေပြီမို့ နည်းပညာန...
18/06/2026

Women in AI - Myanmar က Mom in Tech program နဲ့အပြိုင် နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ program လေးတွေစနေပြီမို့ နည်းပညာနယ်ပယ်က အစ်မတွေညီမတွေ လျောက်ထားဖို့ ဖိတ်ခေါ်ချင်ပါတယ် ❣️

နည်းပညာနယ်ပယ်မှာ ကြိုးစားလှုပ်ရှားနေကြတဲ့
ညီမလေးတို့၊ အစ်မတို့ရှင့်…

လုပ်ငန်းခွင်မှာ အမျိုးသမီးတစ်ယောက်အနေနဲ့ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေကို ဖြတ်ကျော်တဲ့အခါ ကိုယ့်ထက် အတွေ့အကြုံရှိတဲ့ အစ်မတွေဆီကနေ အကြံဉာဏ်ကောင်းတွေ၊ လက်တွေ့အသုံးချလို့ရမယ့် Practical Tools တွေနဲ့ နွေးထွေးတဲ့ အားပေးစကားတွေ ရနိုင်မယ်ဆိုရင် ဘယ်လောက်တောင် ခွန်အားဖြစ်လိုက်မလဲနော်။

ဒါကြောင့် အမျိုးသမီးတွေ အချင်းချင်း ဖေးမကူညီပြီး Empower လုပ်ပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ “Older Sister to Younger Sister Advice” ဆိုတဲ့ Theme လေးနဲ့ WAI Myanmar ရဲ့ Podcast Series ထဲက အစီအစဉ်တစ်ခုအနေနဲ့ Panel Discussion လေး တစ်ခုကို ကျင်းပပြုလုပ်သွားဖို့ ပြင်ဆင်နေပါတယ်။

ဒီပွဲလေးအတွက် ညီမလေးတွေကို မိမိကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေ၊ လုပ်ငန်းခွင် အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ခဲ့သလဲဆိုတဲ့ Tips တွေနဲ့ လက်တွေ့အသုံးချလို့ရမယ့် အကြံဉာဏ်တွေကို လာရောက်ဝေမျှပေးမယ့် Volunteer Speaker အစ်မတွေကို ဖိတ်ခေါ်ချင်ပါတယ်ရှင်။

ဒီအစီအစဉ်လေးမှာ ပါဝင်အားဖြည့်ပေးချင်တဲ့ Speaker (Panelist) တွေအနေနဲ့ အောက်ပါ နယ်ပယ်အသီးသီးကနေ ပါဝင်နိုင်ပါတယ်…

Field Categories: UI/UX, Coding, AI, Programming, CyberSecurity, Business Analysis, Data Engineering စတဲ့ Tech Field ပေါင်းစုံကနေ ဖိတ်ခေါ်ပါတယ်။

Experience & Background: Industry ထဲမှာဖြစ်ဖြစ်၊ Academic ပိုင်းမှာဖြစ်ဖြစ် လုပ်သက်အတွေ့အကြုံ (Early Career, 5 Years, 10 Years) အမျိုးမျိုးရှိတဲ့ အစ်မတွေ ပါဝင်နိုင်ပါတယ်။

WAI Myanmar’s Podcast Series အစီအစဉ်ရဲ့ Panelist နေရာလေးက Limited ဖြစ်တာကြောင့် ပါဝင်လျှောက်ထားသူတွေထဲကမှ Category အလိုက် သေချာရွေးချယ်ပြီး ပြန်လည်ဆက်သွယ်ပေးသွားမှာ ဖြစ်ပါတယ်ရှင်။

ကိုယ့်ရဲ့ ဖြတ်သန်းမှုအတွေ့အကြုံတွေနဲ့ အကြံဉာဏ်တွေက ညီမလေးတွေရဲ့ Career ခရီးလမ်းအတွက် အလင်းရောင်တစ်ခု၊ ခွန်အားတစ်ခု ဖြစ်စေချင်တယ်ဆိုရင်တော့ အောက်က Form လေးကိုဖြည့်ပြီး Speaker အဖြစ် ပါဝင်ပေးဖို့ မေတ္တာရပ်ခံ ဖိတ်ခေါ်ချင်ပါတယ်ရှင်။

Speaker Application Form Link:
https://forms.gle/gRVvQnKW2gTj8qKG7

FB မှာတော့စာတွေသိပ်မတင်ဖြစ်ပေမယ့် ဒီရက်ပိုင်းစာလေးတွေရေးထားတာလေးတွေ အမြဲ substack မှာတင်ထားပေးပါတယ် မြန်မာလိုပြန်ရေးထားတ...
14/06/2026

FB မှာတော့စာတွေသိပ်မတင်ဖြစ်ပေမယ့် ဒီရက်ပိုင်းစာလေးတွေရေးထားတာလေးတွေ အမြဲ substack မှာတင်ထားပေးပါတယ် မြန်မာလိုပြန်ရေးထားတာလေးတွေကတော့ Myanmar Data Tech community မှာပဲဆွေးနွေးတဲ့ပုံစံလေးနဲ့တင်ပေးဖြစ်ပါတယ်
စာကိုနေ့တိုင်းရေးမယ်ဆိုပြီးအားအပြည့်နဲ့စခဲ့ပေမယ့် အခု ၂ ပတ် ၁၄ ရက်မှာ စာ ၇ ပုဒ်ပဲရေးနိုင်ခဲ့ပါတယ် ဒီတစ်သုတ် ၇ပုဒ်စလုံးကတော့ AI Agent Skills အကြောင်းကိုလေ့လာမိသလောက်ပြန်လည်ဝေမျှထားတာလေးတွေပါ AI Agent Skillsကိုမိတ်ဆက်တာကနေ အသုံးပြုနည်းဉပမာတွေစမ်းပြပြီးရေးထားတာလေးတွေပါ

ဒီညရေးဖြစ်တာကတော့ ဘာလို့ AI Agent Skills တွေကိုဘာလို့သုံးဖို့ပြောနေကြတာလဲဆိုတာကိုဖတ်မိရသလောက်ပြန်လည်ဝေမျှပေးထားပါတယ်

အခုလက်ရှိမှာလူတွေက AI tools တွေကို အခမဲ့အလကားသုံးနေကြတဲ့သူများပါတယ် AI tools တွေက ကုန်ကျစရိတ်တွေဟာ token based နဲ့အလုပ်လုပ်တာပါ အဲ့တော့နောက်ပိုင်းမှာငွေစကားပြောကြေးဆို ကိုယ်က token ဘယ်လောက်နည်းနည်းနဲ့လိုချင်တဲ့အဖြေကိုဘယ်လိုရနိုင်အောင်ဆိုတာအရမ်းအရေးပါလာပါလိမ့်မယ် လုပ်ငန်းခွင်တွေမှာလည်းတကယ်တကယ့်ကသုံးနေကြတာတွေကလည်းကုမ္ပဏီကြီးတွေက အတော်လေးကို discount ပေးပြီးသုံးနေကြတာပါ
ပထမနှစ်ဒုတိယနှစ် တွေမှာကုန်ကျစရိတ်ကိုလူတွေ/ကုမ္ပဏီတွေကဝန်ထုတ်ဝန်ပိုးမဖြစ်လာကြပေမယ့်အချိန်ကြာလာတာနဲ့အမျှကုန်ကျစရိတ်ကိုတွက်လာကြရမှာဖြစ်ပါတယ် အဲ့တော့အသုံးပြုနည်းတွေကိုကိုယ်ကသေချာသိပြီးနားလည်ပြီးသုံးတာနောက်ပိုင်းမှာအဆင်ပြေလာနိုင်တာမို့ ဝေမျှပေးလိုက်ရပါတယ် အသေးစိတ်ကိုဒီမှာဖတ်လို့ရပါတယ်
https://open.substack.com/pub/khinezar/p/day-0007-why-our-ai-strategy-needs?r=1zbc0e&utm_campaign=post&utm_medium=web&showWelcomeOnShare=true

住所

Adachi-ku, Tokyo

アラート

KhineZarがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する