Aric-Unterwegs

Aric-Unterwegs Kontaktinformationen, Karte und Wegbeschreibungen, Kontaktformulare, Öffnungszeiten, Dienstleistungen, Bewertungen, Fotos, Videos und Ankündigungen von Aric-Unterwegs, Kunst, Berlin.

🇬🇧 Your German Connection: News, Culture & Career Guide.
🇩🇪 Dein Tor nach Deutschland: Nachrichten, Kultur & Karriere-Tipps.
​🚀 Start your journey with us! | Dein Weg beginnt hier!

‎🇩🇪 ဂျာမနီမှာ ပစ္စည်းဝယ်ရတာ ဘာလို့ စိတ်အချရဆုံးလဲ❓‎‎✨ ​ဂျာမနီနိုင်ငံမှာ ဈေးဝယ်တယ်ဆိုတာ ငွေကုန်ကျသက်သက်မဟုတ်ဘဲ စားသုံးသူ ...
17/09/2026

‎🇩🇪 ဂျာမနီမှာ ပစ္စည်းဝယ်ရတာ ဘာလို့ စိတ်အချရဆုံးလဲ❓
‎
‎✨ ​ဂျာမနီနိုင်ငံမှာ ဈေးဝယ်တယ်ဆိုတာ ငွေကုန်ကျသက်သက်မဟုတ်ဘဲ စားသုံးသူ အခွင့်အရေး အပြည့်အဝရရှိမှု ကိုပါ လက်ဝယ်ပိုင်ဆိုင်ခွင့် ရရှိတယ်ဆိုတာ သိကြပြီးပြီလား။ ဂျာမနီမှာ ပစ္စည်းတွေ၊ ကားတွေ ဝယ်ဖူးတယ်ဆိုရင်တော့ သိကြမှာပေါ့။ Made in Germany ဆိုတဲ့ ပစ္စည်း အချို့ကိုလဲ သုံးဖူးကြမှာပါ။ အဲ့ပစ္စည်းရဲ့ Quality ကို တခြား Chinese made နဲ့ ယှဉ်ရင် အသိအသာကြီး ကွဲပြား‌ေနတာမျိုး‌ကို‌ေရာ သတိထားဖူးကြလား 🤔⚡
‎
‎🇲🇲 မြန်မာနိုင်ငံမှာလိုမျိုး ကောင်းကောင်း၊မကောင်းကောင်း ပစ္စည်းတစ်ခုခုဝယ်ပြီးရင် အာမခံ အပြည့်အဝမရတာမျိုး တို့ဆိုရင် စိုးရိမ်ပူပန်ပြီး ‌အ‌ေသအချာ ရွေးချယ်ဆုံးဖြတ်ရပါတယ်။ အဲ့တာတောင် အတုတွေများနေတဲ့ ခေတ်ကြီးမှာ အစစ်ဆိုတာကို အကောင်းဆုံးရှာဖွေရသလို ပြန်ပြီး လဲလှယ်မှာကလဲ အခက်တွေ့စေပါတယ်။ တစ်ခုခုဆို ပြန်မရတော့ဘူးဆိုတဲ့ စိုးရိမ်ပူပန်မှုမျိုးမလိုဘဲ အာမခံချက်အပြည့်နဲ့ ရပ်တည်ပေးနေတဲ့ ဂျာမန်တို့ရဲ့ ဈေးကွက်ယဉ်ကျေးမှုနဲ့ လက်တွေ့လုပ်ဆောင်ပုံတွေကို တစ်စိတ်တစ်ပိုင်းအနေနဲ့ မျှဝေပေးလိုက်ပါတယ် ။
‎
‎​၁။ ဥပဒေအရ အာမခံချက်✔️
‎
‎​ဂျာမနီနိုင်ငံမှာ ပစ္စည်းအသစ်တစ်ခု ဝယ်လိုက်တာနဲ့ ဥပဒေအရ အာမခံချက် ၂ နှစ် အလိုအလျောက် ပါဝင်ပြီးသား ဖြစ်ပါတယ်။ ‎​ဝယ်ပြီး ပထမ ၁ လအတွင်း ပစ္စည်းမှာ ချို့ယွင်းချက်တစ်စုံတစ်ရာ တွေ့ရှိပါက ဒါဟာ ပစ္စည်းမူလကတည်းက ပါလာတာလို့ ဥပဒေက ယူဆပြီး အပြည့်အဝ တာဝန်ယူပေးရပါတယ်။
‎​ထို့အပြင် ထုတ်လုပ်သူကိုယ်တိုင် ပေးအပ်တဲ့ Garantie ကလည်း အချို့ပစ္စည်းတွေမှာ ၁ နှစ်ကနေ ၅ နှစ်အထိ ထပ်မံ အာမခံပေးလေ့ရှိပါတယ်။ တချို့တွေဆိုရင် အကျိီ‌ေတွမှာလည်း အာမခံတွေနဲ့။ ဒါပေမဲ့ လျော့ဈေးနဲ့ရတာတွေတော့ မပါဘူးပေါ့ 💁‍♂️
‎
‎​၂။ အီးမေးလ်တစ်စောင်နဲ့ ဖြေရှင်းပေးတဲ့ Customer Service 📜
‎
‎📝​ ပစ္စည်းတစ်ခုက ထင်ထားသလို အလုပ်မလုပ်ဘူး၊ သို့မဟုတ် ချို့ယွင်းချက်ရှိနေရင် ဂျာမန်တွေ လုပ်လေ့ရှိတာက ဆိုင်ကို အပြေးအလွှားသွားပြီး အော်ဟစ်ဆွေးနွေးတာမျိုး မဟုတ်ပါဘူး။ ​တရားဝင်အီးမေးလ် ပို့ဆောင်ပြီး တိုင်ကြားလို့ရပါတယ်။ အမှာစာနံပါတ်၊ ဖြစ်စဉ်ကို ရှင်းလင်းထားတဲ့ စာသားနဲ့ အထောက်အထား ဓာတ်ပုံ၊ ဗီဒီယိုတွေကို ပူးတွဲပြီး Customer Service ထံ အီးမေးလ် ပို့လိုက်ရုံပါပဲ။ ​ဂျာမန် ကုမ္ပဏီအများစုဟာ ပရော်ဖက်ရှင်နယ်ကျကျ ပြန်လည်ဖြေကြားပေးပြီး
‎​ပြန်လည်ပြင်ဆင်ပေးခြင်း၊ ​အသစ်လဲလှယ်ပေးခြင်း ​သို့မဟုတ် လုံးဝအလုပ်မဖြစ်တော့ပါက ငွေအားလုံးကို အပြည့်အဝ ပြန်လည်လွှဲပြောင်းပေးခြင်းကို ဥပဒေစံချိန်စံညွှန်းအတိုင်း ရှင်းရှင်းလင်းလင်း လုပ်ဆောင်ပေးကြပါတယ် 📩
‎
‎​၃။ ဂျာမန်တို့ရဲ့ ဈေးကွက်ယဉ်ကျေးမှုနောက်ကွယ်က ယုံကြည်မှု 🪙
‎
‎​ဒီလို စနစ်ကျတာဟာ စားသုံးသူတွေကို အကာအကွယ်ပေးရုံတင်မကဘဲ ကုမ္ပဏီတွေဘက်ကလည်း အရည်အသွေးအပေါ် တာဝန်အရှိဆုံး ရပ်တည်ပြနေတာ ဖြစ်ပါတယ်။ ငွေနဲ့ညီမျှတဲ့ တန်ဖိုးနဲ့ ဝန်ဆောင်မှုကို မရရင် ပြန်အမ်းမယ် ဆိုတဲ့ Unwritten Rule ဟာ ဂျာမန် E-Commerce နဲ့ လက်လီဈေးကွက်တွေရဲ့ အဓိက ယုံကြည်မှုတည်ဆောက်ပုံပါပဲ 💪
‎
🇩🇪‎ ဂျာမနီမှာ နေထိုင်သူဖြစ်စေ၊ ဈေးဝယ်ယူသူဖြစ်စေ ကိုယ့်ရဲ့ Consumer Rights တွေကို သိထားပြီး စာရွက်စာတမ်းနဲ့ Email အထောက်အထားတွေကို စနစ်တကျ ကိုင်တွယ်တတ်မယ်ဆိုရင် ဘယ်လို ပစ္စည်းမျိုးမှာမဆို စိတ်အချရဆုံးနဲ့ အကျိုးအမြတ်အရှိဆုံး ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ် ❣️
‎
‎သင့်ရဲ့ ခရီးစဉ်အကြောင်း ပိုမိုသိရှိလိုပါက Page ကို Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်!
‎ #ဂျာမနီ

‎🌸 Durch die Blume sprechen‎‎🇩🇪 သွယ်ဝိုက်သွယ်ဝိုက်ပြီး အလှပဆုံးပြောတတ်ကြတဲ့ ဂျာမန်တို့ရဲ့ ယဉ်ကျေးမှု ကို သိကြပြီးပြီလား❓...
16/09/2026

‎🌸 Durch die Blume sprechen
‎
‎🇩🇪 သွယ်ဝိုက်သွယ်ဝိုက်ပြီး အလှပဆုံးပြောတတ်ကြတဲ့ ဂျာမန်တို့ရဲ့ ယဉ်ကျေးမှု ကို သိကြပြီးပြီလား❓
‎
‎🇲🇲 မြန်မာနိုင်ငံမှာလဲ တစ်ယောက်ယောက်က ကိုယ်မသွားချင်၊ မလုပ်ချင်တဲ့ဟာကို အတင်းလုပ်ခိုင်းနေရင် "ငါမလုပ်ချင်ဘူး၊ မသွားချင်ဘူး"လို့ တိုက်ရိုက်မပြောကြဘဲ "ငါ တစ်ခုခု သွားစရာရှိလို့ မအားလို့ပါ" ဆိုပြီး လှလှပပလေးနဲ့ သွယ်ဝိုက်ပြောဆိုလေ့ရှိကြတယ်မလား။ ဥရောပနိုင်ငံဖြစ်တဲ့ မျက်နှာကြီးခပ်တည်တည်နဲ့ ဂျာမနီမှာတောင် အပြောအဆိုကို ပျားရည်လို တစ်စိတ်တစ်ပိုင်းအနေနဲ့ပြောလေ့ရှိကြပါသေးတယ်နော်။ တွေ့ရှိချက်အရ ဂျာမန်ဘာသာစကားမှာ "durch die Blume" (ပန်းလေးတွေကတစ်ဆင့် ၊ ပန်းတွေကြားထဲကနေ) ဆိုတဲ့ နာမည်ကျော် Idiom တစ်ခုရှိပါတယ်။ ဒီအသုံးအနှုန်းလေးရဲ့ နောက်ခံသမိုင်းကြောင်းနဲ့ ဂျာမန်လူမျိုးတွေရဲ့ သွယ်ဝိုက်ပြောဆိုတတ်တဲ့ ယဉ်ကျေးမှုပုံစံလေးကို မျှဝေပေးလိုက်ပါတယ်
‎
‎🌷 "Durch die Blume sprechen" ဆိုတာ ဘာကိုဆိုလိုတာလဲ?
‎
‎တစ်စုံတစ်ယောက်က ကိုယ့်ကို တစ်ခုခုသွားဖို့လာရောက်ဖိတ်ခေါ်တယ်။ ဒါပေမဲ့ ကိုယ်က မသွားချင်လို့ ရိုင်းစိုင်းပြတ်သားစွာ မျက်နှာပျက်စရာ ငြင်းဆိုမယ့်အစား၊ သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်စေမယ့် အရာတစ်ခုကို တိုက်ရိုက်မပြောဘဲ သွယ်ဝိုက်၍၊ ယဉ်ကျေးသိမ်မွေ့စွာနဲ့ အလှပဆုံး ပုံစံမျိုးဖြင့် ညွှန်ပြပြောဆိုခြင်း ကို ဆိုလိုတာ ဖြစ်ပါတယ်။
‎
‎🎓 ဒီ Idiom လေး ပေါ်‌ေပါက်လာပုံက တော်တော်လေး ဆန်းကြယ်ပါတယ်‌ေနာ်။ ရှေးခေတ် ဥရောပယဉ်ကျေးမှုတွေမှာ ပန်းတွေကို အသုံးပြုပြီး ခံစားချက်တွေကို သဝဏ်လွှာပါးကြသလို၊ စကားလုံးကြမ်းကြမ်းတွေကို တိုက်ရိုက်မသုံးဘဲ ပန်းပွင့်လေးတွေလို နူးညံ့သိမ်မွေ့တဲ့ ပုံစံနဲ့ အဓိပ္ပာယ်ဖော် ပြောဆိုရာကနေ ဒီစကားပုံပေါ်ပေါက်လာခဲ့တာလို့ အချက်အလက်များအရ တွေ့ရှိရပါတယ်။
‎
‎☕ ဂျာမန်တို့ရဲ့ နေ့စဉ်ဘဝထဲက သွယ်ဝိုက်ပြောဆိုမှု ယဉ်ကျေးမှု
‎
‎ဂျာမန်လူမျိုးတွေဟာ အရာရာကို တည့်တည့်ပြောတတ်တယ် လို့ နာမည်ကျော်ပေမယ့်၊ လူအများရှေ့မှာ တစ်ဖက်သားကို အရှက်မကွဲစေချင်တဲ့အခါ၊ ဒါမှမဟုတ် သူတစ်ပါးရဲ့ စိတ်နှလုံးကို မထိခိုက်စေချင်တဲ့ Empathy ကို ရှေ့ထားတဲ့အခါမျိုးမှာ ဒီလို "durch die Blume" ပြောဆိုတဲ့ အလေ့အထကို သုံးတတ်ကြပါတယ် 🌺
‎
‎ဥပမာအားဖြင့် တစ်စုံတစ်ဦးရဲ့ အကြံဉာဏ် သို့မဟုတ် အပြုအမူကို မကြိုက်ဘူးဆိုရင် တန်းပြီး "မင်းလုပ်တာ မကောင်းဘူး" လို့ တိုက်ရိုက်မပြောဘဲ အခြားထောင့်တစ်ခုကနေ သွယ်ဝိုက်ပြီး သတိပေးတာမျိုး၊ လှလှပပလေး ငြင်းဆိုတတ်ကြတာမျိုးတွေ ရှိပါတယ် 🙅
‎
‎📝 ဘာသာစကားတစ်ခုကို လေ့လာတယ်ဆိုတာ သဒ္ဒါစည်းမျဉ်းတွေနဲ့ စာမေးပွဲ တွေကို ဖြေဆိုဖို့သက်သက် မဟုတ်ပါဘူး။ အဲ့ဒီလူမျိုးတွေရဲ့ နှလုံးသားနဲ့ ယဉ်ကျေးမှုနောက်ခံ တွေကို နားလည်သဘောပေါက်ခြင်းကသာ ဘာသာစကားကို ပိုမိုအသက်ဝင်စေပြီး တကယ့်လက်တွေ့ဘဝမှာ အဆင်ပြေချောမွေ့စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ Culture လေးကို တစ်စိတ်တပိုင်းအနေနဲ့ တင်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။ အားလုံးဘဲ Viele Glück ပါ‌ ✨🇩🇪
‎
‎သင့်ရဲ့ ခရီးစဉ်အကြောင်း ပိုမိုသိရှိလိုပါက Page ကို Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်!
‎ #ဂျာမနီ

‎🇩🇪 Berlinမြို့ရဲ့ ကောင်းကင်ယံကို ဧရာမ သတ္တဝါကြီးတွေ သိမ်းပိုက်လိုက်တဲ့ Festival of Giant Kites ပွဲတော်အကြောင်း 🪁‎‎✨ Ber...
14/09/2026

‎🇩🇪 Berlinမြို့ရဲ့ ကောင်းကင်ယံကို ဧရာမ သတ္တဝါကြီးတွေ သိမ်းပိုက်လိုက်တဲ့ Festival of Giant Kites ပွဲတော်အကြောင်း 🪁
‎
‎✨ Berlin မြို့ရဲ့ နာမည်ကျော် လူထုအနားယူရာ ဧရိယာတစ်ခုဖြစ်တဲ့ Tempelhofer Feld ရဲ့ ကောင်းကင်ယံမှာ ခြေထောက်အရှည်ကြီးတွေနဲ့ ရေဘဝဲကြီးတွေ၊ အရောင်တောက်တောက် ဧရာမ ပုတီးကောင် တွေနဲ့ စူပါဟီးရိုးပုံစံ စွန်ကြီးတွေ ပျံဝဲနေတာကို မြင်ဖူးကြလား? ဒါကတော့ Berlin မြို့ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး နှစ်စဉ်ပွဲတော်တွေထဲက တစ်ခုဖြစ်တဲ့ Festival of Giant Kites လို့ ခေါ်တဲ့ ဧရာမစွန်ပွဲတော်ပါပဲ 🪁
‎
‎🤔 ဘာလို့ ဒီလို ဧရာမစွန်ပွဲတော်ကြီးကို လုပ်ကြတာလဲ?
‎
‎🐾 ဒီပွဲတော်ကို ကျင်းပရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြို့ပြဘဝရဲ့ ရှုပ်ထွေးပူပန်မှုတွေနဲ့ စက်မှုလုပ်ငန်းတွေကြားမှာ ပင်ပန်းနေကြတဲ့ မြို့ခံတွေနဲ့ မိသားစုတွေအတွက် စိတ်ဖိစီးမှုတွေ ဖြေလျှော့စရာ နေရာတစ်ခု ဖန်တီးပေးဖို့ပါပဲ။ ဥရောပတစ်ဝန်းက ကျွမ်းကျင်ဆရာတွေနဲ့ စိတ်တူကိုယ်တူ ဝါသနာရှင်တွေ စုဝေးပြီး သူတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေကို ထုတ်ပြကြသလို၊ လူမျိုးမရွေး၊ အသက်အရွယ်မရွေး လူထုတစ်ရပ်လုံး ပျော်ပျော်ရွှင်ရွှင်နဲ့ အတူတကွ ဆုံတွေ့နိုင်မယ့် လူမှုအသိုက်အဝန်းတစ်ခုကို တည်ဆောက်ဖို့ ရည်ရွယ်ပြီး လုပ်ကြတာဖြစ်ပါတယ် 🌿
‎
‎🎊 ပွဲတော်ရဲ့ ထူးခြားချက်တွေကတော့ အလျား မီတာ ၅၀ ကျော်အထိ ရှည်လျားတဲ့ ဧရာမစွန်ထူးစွန်မြတ်တွေကို ဘာလင်ကောင်းကင်ယံမှာ လွှတ်တင်ပြသကြပါတယ်။ ဥရောပနဲ့ ကမ္ဘာ့ချန်ပီယံ စွန်ကျွမ်းကျင်သူတွေရဲ့ စတန့်ပြကွက်တွေ လည်း ပါဝင်တာမို့ ကလေး၊ လူကြီး‌မ‌ေရွး ကြိုက်ကြတဲ့ ပွဲတော်လေးဘဲ ဖြစ်ပါတယ်။ လူငယ်တွေနဲ့ ကလေးတွေအတွက်လည်း ကိုယ်တိုင်စွန်လုပ်လို့ရတဲ့ Workshop တွေ၊ ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ သေးငယ်တဲ့ မီးရှူးမီးပန်းပစ်ဖောက်မှုတွေ ကိုစည်ကားသိုက်မြိုက်စွာ ကျင်းပကြပါတယ် 🎆
‎
‎🏆 တကယ်လို့ ဂျာမနီကို ရောက်ဖြစ်မယ်၊ ဒါမှမဟုတ် Berlin မှာ နေထိုင်ဖြစ်မယ်ဆိုရင် သဘာဝလေညင်းခံရင်း ဧရာမစွန်လှလှလေးတွေကို ငေးကြည့်ရမယ့် ဒီပွဲတော်လေးကို လက်လွတ်မခံသင့်ပါဘူးနော် 🪁🌿
‎
‎သင့်ရဲ့ ခရီးစဉ်အကြောင်း ပိုမိုသိရှိလိုပါက Page ကို Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်!
‎ #ဂျာမနီ

ဂျာမနီနိုင်ငံရဲ့ Scholarshipက ဘယ်လိုတွေရှိတာလဲ ❓‎‎🇩🇪 ဂျာမနီနိုင်ငံဟာ ပညာရေးနဲ့ပတ်သတ်လာရင် ထိပ်တန်းနိုင်ငံတစ်နိုင်ငံထဲက အ...
12/09/2026

ဂျာမနီနိုင်ငံရဲ့ Scholarshipက ဘယ်လိုတွေရှိတာလဲ ❓
‎
‎🇩🇪 ဂျာမနီနိုင်ငံဟာ ပညာရေးနဲ့ပတ်သတ်လာရင် ထိပ်တန်းနိုင်ငံတစ်နိုင်ငံထဲက အမြင့်ဆုံးနိုင်ငံဘဲဖြစ်ပါတယ်။ အစိုးရကျောင်းတွေကို ကျောင်းလခ အနေနဲ့ Free ပေးလေ့ရှိပြီး Non-EU တွေပါ လာရောက် ပညာသင်နိုင်ပါတယ်။ ဂျာမနီရဲ့ ပညာရေးကို လေ့လာလိုက်စားနေတယ်ဆိုရင် Scholarship နဲ့ပတ်သတ်ပြီး DAAD က တော့ နာမည်ကြီးတဲ့ society တစ်ခုဘဲဖြစ်ပါတယ်။ ဒါဆို DAAD ကဘဲ Scholarship တွေပေးတာလား။ တခြား ဘယ်ဟာ တွေက‌ေကာ ရနိုင်သေးလဲဆိုတာ သိမှတ်ထားသလောက် တင်ပြပေးပါမယ် 🎓✨
‎
‎Deutschlandstipendium
‎
‎🏆နိုင်ငံတော် ပညာသင်ဆု အစီအစဉ်တစ်ခုဖြစ်ပြီး ဂျာမနီအစိုးရနဲ့ ပုဂ္ဂလိက ကုမ္ပဏီ‌ေတွနဲ့ အလှူရှင်တွေ ပူးပေါင်းပြီး ထောက်ပံ့ပေးတဲ့ Program တစ်ခုပဲ ဖြစ်ပါတယ်။ နိုင်ငံသားနဲ့ မိသားစုဝင်ငွေ အခြေအနေကို မကြည့်ဘဲ ကျောင်းစာတော်ရုံသာမက လူမှုရေးရာ လှုပ်ရှားမှုတွေ၊လိုအပ်ချက်တွေကို ပြည့်စုံမှုရှိတဲ့ ကျောင်းသားတွေကို တစ်လလျှင် ယူရို ၃၀၀လောက် နှုန်းနဲ့ အနည်းဆုံး တစ်နှစ် သို့မဟုတ် ကျောင်းပြီးသည်အထိ ထောက်ပံ့ပေးပါတယ်။ ယူရို ၃၀၀ လောက်ဆို‌ေပမဲ့ Mini Job လေးတွေကို လုပ်ရင်းလဲ မိမိရဲ့ ဝင်ငွေကို တစ်နိုင်တစ်ပိုင် ရှာဖွေနိုင်ပါသေးတယ်နော်။ Non-EU ကျောင်းသားတွေလည်း ဂျာမန်တက္ကသိုလ်တစ်ခုခုမှာ တရားဝင် တက်ရောက်ခွင့်ရတာနဲ့ လျှောက်ထားနိုင်ပါတယ် 💫✨
‎
‎​Political Foundations
‎
‎✨နိုင်ငံရေး ဖောင်ဒေးရှင်း ပညာသင်ဆုများလဲရှိပါသေးတယ်။ ဂျာမနီနိုင်ငံရဲ့ အဓိက နိုင်ငံရေးပါတီတွေနဲ့ ချိတ်ဆက်ထားတဲ့ ဖောင်ဒေးရှင်းကြီးတွေ အနေနဲ့ Heinrich Böll Foundation, Konrad-Adenauer-Stiftung, Friedrich Ebert Stiftung စသည်ဖြင့်) အဲ့လို Foundation တွေက ပံ့ပိုးပေးတာ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းတွေဟာ Master နဲ့ ပါရဂူဘွဲ့ (PhD) ကျောင်းသားတွေကို အဓိကထား ကူညီပေးလေ့ရှိပြီး၊ ပညာရည်ထူးချွန်မှုအပြင် လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ သဘာဝပတ်ဝန်းကျင် သို့မဟုတ် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့ဖူးသူတွေကို အထူးဦးစားပေး ရွေးချယ်တတ်ကြပါတယ်။ Non EU ကျောင်းသားများအတွက်လည်း လျှောက်ထားခွင့် ပေးထားပါတယ် 🏆💫
‎
‎​Erasmus
‎
‎🇪🇺ဥရောပသမဂ္ဂရဲ့ ရန်ပုံငွေနဲ့ လည်ပတ်တဲ့ အစီအစဉ်ဖြစ်ပြီး ဥရောပတိုက်အတွင်းက တက္ကသိုလ်တွေအချင်းချင်း ချိတ်ဆက်ကာ Student Exchange program တွေနဲ့ Joint Master's Degree တွေအတွက် အဓိက ထောက်ပံ့ပေးပါတယ်။ ဂျာမနီနိုင်ငံတဦးတည်းတင် မဟုတ်ဘဲ ဥရောပနိုင်ငံပေါင်းစုံမှာ လှည့်လည်ပညာသင်ကြားခွင့်နဲ့အတူ လစဉ် ထောက်ပံ့ကြေးတွေကိုပါ ပေးအပ်ချီးမြှင့်ပါတယ် 🎉✨
‎
‎University-Specific Scholarships
‎
‎🇩🇪ဂျာမနီနိုင်ငံရှိ ပြည်နယ်တက္ကသိုလ်တွေနဲ့ အဆင့်မြင့်ပညာကျောင်းတွေက ၎င်းတို့ကျောင်းသားတွေအတွက် သီးသန့် ဘတ်ဂျက်ခွဲာကာ ပံ့ပိုးပေးတဲ့ ပညာသင်ဆုတွေ ဖြစ်ပါတယ်။ ဥပမာအားဖြင့် Technical University of Munich (TUM)၊ Heidelberg University နဲ့ University of Hamburg လို ကျောင်းကြီးတွေမှာ ကျောင်းသားတွေအတွက် Semester Grants တွေ၊ ပညာရည်ချွန်ဆုတွေကို သီးသန့်စီစဉ်ပေးထားတတ်ပြီး DAAD လောက် ရုန်းကန်ရခက်ခဲခြင်း မရှိဘဲ ကျောင်းဝင်ခွင့်ရတာနဲ့ တိုက်ရိုက် လျှောက်ထားနိုင်ပါတယ် ⚡✨
‎
‎🎓 ဂျာမနီနိုင်ငံမှာ ပညာသင်ဆုဆိုတာ စာတော်ရုံနဲ့တင် ရတာမျိုးမဟုတ်ဘဲ ကိုယ်က ဘယ်လောက်ထိ တက်ကြွလဲ၊ လူ့အသိုက်အဝန်းအတွက် ဘယ်လို အကျိုးပြုခဲ့လဲ ဆိုတဲ့ အချက်တွေကို အလွန်အမင်း အလေးပေး စိစစ်လေ့ရှိပါတယ်။ scholarship လျှောက််မယ်ဆိုလည်း ပုံမှန်နည်းတူ ဂျာမန်ဘာသာစကားတတ်‌ေမြာက်‌ေကြာင်း ဒါမှမဟုတ် IELTS, SAT စတာတွေလဲ လိုအပ်ပါ‌ေသးတယ်။ အသေးစိတ်ကိုတော့ စုံစမ်းကြည့်ကြပါ။ ကိုယ်နဲ့ ကိုက်ညီမယ့် လမ်းကြောင်းကို ကြိုတင်လေ့လာပြီး လိုအပ်တဲ့ အထောက်အထားတွေကို စောစော ပြင်ဆင်ထားဖို့တော့ တိုက်တွန်းချင်ပါတယ် 🥰
‎
‎သင့်ရဲ့ ခရီးစဉ်အကြောင်း ပိုမိုသိရှိလိုပါက Page ကို Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်!
‎ #ဂျာမနီ
‎

‎🇩🇪 ဂျာမနီမှာအခုဖြစ်ပျက်နေတဲ့ ရွေးကောက်ပွဲရလဒ် 🏆‎‎​ဂျာမနီနိုင်ငံရေးလောကမှာ အထိတ်တလန့်နဲ့ စောင့်ကြည့်စရာ ဖြစ်လာတာကတော့ Sa...
10/09/2026

‎🇩🇪 ဂျာမနီမှာအခုဖြစ်ပျက်နေတဲ့ ရွေးကောက်ပွဲရလဒ် 🏆
‎
‎​ဂျာမနီနိုင်ငံရေးလောကမှာ အထိတ်တလန့်နဲ့ စောင့်ကြည့်စရာ ဖြစ်လာတာကတော့ Saxony-Anhalt ပြည်နယ်ရွေးကောက်ပွဲ ရလဒ်ပါပဲ။ မဲဆန္ဒရှင်တွေရဲ့ ဆုံးဖြတ်ချက်က နိုင်ငံရေးလေ့လာသူတွေကိုပါ တွေးတောစရာတွေ အများကြီး ပေးသွားခဲ့ပါပြီ။ ဒီရွေးကောက်ပွဲမှာ AfD ပါတီက မဲ 44.5% အထိ ရရှိပြီး ပထမနေရာကို ရပ်တည်နိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ 2021 ရွေးကောက်ပွဲတွေတုန်းက 20% ကျော်ဝန်းကျင်သာ ရှိခဲ့ရာကနေ ၄၊ ၅ နှစ်အတွင်း ဒီလို အရှိန်အဟုန်နဲ့ တက်လာတာက သာမန်ကိစ္စတစ်ခု မဟုတ်တော့ပါဘူး 💫
‎
‎လက်ရှိ အာဏာရ CDU ပါတီကတော့ 18.5% နဲ့ ဒုတိယနေရာမှာသာ ရှိနေပါတော့တယ်။ ဒီလို ရလဒ်မျိုးထွက်လာတာကို မြင်လိုက်တာနဲ့ "ဂျာမန်တွေ အစွန်းရောက်ကုန်ကြပြီ" ဆိုပြီး စကားတစ်ခွန်းတည်းနဲ့ အလွယ်တကူ တံဆိပ်ကပ်လိုက်ဖို့ မဖြစ်နိုင်ပါဘူး။ လူ ၁၀၀ မှာ ၄၄ ယောက်ကျော်က ဘာကြောင့် ဒီဘက်ကို တိမ်းညွတ်သွားကြရတာလဲဆိုတဲ့ အကြောင်းရင်းကို အနက်ရှိုင်းဆုံးကနေ နားလည်ဖို့ လိုပါတယ်။ မဲဆန္ဒရှင်တွေရဲ့ ဒီလိုဆုံးဖြတ်ချက်တွေနောက်မှာ အကြောင်းရင်းတွေ အများကြီး ရှိနေပါတယ် ⚡
‎
‎​နေ့စဉ်ဘဝကို ထိခိုက်လာတဲ့ Migration ပြဿနာ ​စီးပွားရေး တုံ့ဆိုင်းမှုနဲ့ နေထိုင်စားရိတ်ကြီးမြင့်လာမှု ​စွမ်းအင်ဈေးနှုန်းတွေ (Energy prices) မြင့်တက်လာတာ ​လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ၊ ​အဓိက Mainstream ပါတီတွေအပေါ် ယုံကြည်မှု တဖြည်းဖြည်း ကျဆင်းလာတာတွေဟာ ဒီမဲဆန္ဒရှင်တွေရဲ့ ဆုံးဖြတ်ချက်ကို တိုက်ရိုက် ရိုက်ခတ်နေပါတယ်။ နိုင်ငံပြန်လည်ပေါင်းစည်းပြီး နှစ်ပေါင်း ၃၀ ကျော်လာပြီဖြစ်ပေမဲ့ East Germany နဲ့ အနောက်ဘက်ခြမ်းကြားက စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေးအမြင် ကွာခြားချက်တွေက အခုထိ လုံးဝ မပျောက်သေးပါဘူး။ ဒီဒေသခံတွေရဲ့ ခံစားချက်နဲ့ လိုအပ်ချက်တွေကို လက်ရှိအစိုးရနဲ့ အဓိကပါတီတွေက ဘယ်လောက်အထိ ဖြည့်ဆည်းပေးနိုင်ခဲ့လဲဆိုတဲ့ မေးခွန်းကလည်း အဖြေရှာရမယ့် အချက်တစ်ခု ဖြစ်ပါတယ် ‼️
‎
‎တစ်ဖက်မှာ AfD က မဲအများဆုံး 44.5% ရသွားပေမဲ့ ချက်ချင်းအုပ်ချုပ်နိုင်တော့မလားဆိုရင် မသေချာသေးပါဘူး။ ဂျာမနီနိုင်ငံရဲ့ စနစ်အရ အစိုးရဖွဲ့ဖို့ဆိုတာ Parliamentary Majority နဲ့ Coalition က အဓိကကျတယ်လို့မြင်မိပါတယ်။ လက်ရှိမှာ တခြားသော Mainstream ပါတီအများစုက AfD နဲ့ ညွန့်ပေါင်းမဖွဲ့ဘူးဆိုတဲ့ မူဝါဒရှိနေသေးတာကြောင့် ရလဒ်တစ်ခုတည်းနဲ့ အစိုးရဖြစ်လာဖို့ကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ဒီလို ရလဒ်တွေဟာ သူတို့နိုင်ငံရေးနဲ့ သူတို့ပဲ ဆိုပြီး ဂျာမနီမှာ နေထိုင်နေကြတဲ့ နိုင်ငံခြားသားတွေ လျစ်လျူရှုထားလို့ မရတော့ပါဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံရေးပါတီတွေရဲ့ အနိုင်အရှုံးနဲ့ မဲရလဒ်တွေဟာ နောက်ဆုံးမှာ Migration Policy ၊ ခိုလှုံခွင့် ၊ လူမှုဖူလုံရေး အကျိုးခံစားခွင့်၊ နိုင်ငံသားဖြစ်ခွင့် နဲ့ နေ့စဉ်ဘဝ လွတ်လပ်ခွင့်တွေအပေါ် တိုက်ရိုက် သက်ရောက်လာနိုင်လို့ပါပဲ။ ဒါပေမဲ့လည်း မိန့်ခွန်းတစ်ခုမှာ အရည်အချင်းရှိတဲ့သူတွေကို ကြိုဆိုပြီးသားပါဆိုပြီး ဖိတ်ခေါ်ထားတာကိုလဲ တွေ့ထားပါတယ် 🎓✨
‎
‎ Saxony-Anhalt မှာ ဖြစ်ပျက်သွားတဲ့ ကိစ္စဟာ AfD ပါတီတစ်ခုတည်းရဲ့ အောင်မြင်မှု သက်သက်မဟုတ်ဘဲ Mainstream နိုင်ငံရေးပါတီတွေအတွက် ပြည်သူတွေရဲ့ မကျေနပ်ချက်တွေကို ဘယ်လို တုံ့ပြန်ဖြေရှင်းကြမလဲဆိုတဲ့ အချက်ပြခေါင်းလောင်းသံတစ်ခု ဖြစ်ပါတယ်။ ဒါဟာ တစ်ပြည်နယ်တည်းရဲ့ ဖြစ်ရပ်လား၊ ဒါမှမဟုတ် ဂျာမနီနိုင်ငံရေးရဲ့ အခန်းကဏ္ဍအသစ်တစ်ခုရဲ့ အစလားဆိုတာကို ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ် 👀✨
‎
‎သင့်ရဲ့ ခရီးစဉ်အကြောင်း ပိုမိုသိရှိလိုပါက Page ကို Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်!
‎ #ဂျာမနီ
‎

‎🇩🇪 ဂျာမနီနိုင်ငံမှာ ယာယီနေထိုင်ခွင့်အကြောင်း‎‎✨ အခု ဂျာမနီကို ရောက်နေတဲ့ Au pair သို့မဟုတ် Volunteer လေးတွေရဲ့ Visa ‌က ...
09/09/2026

‎🇩🇪 ဂျာမနီနိုင်ငံမှာ ယာယီနေထိုင်ခွင့်အကြောင်း
‎
‎✨ အခု ဂျာမနီကို ရောက်နေတဲ့ Au pair သို့မဟုတ် Volunteer လေးတွေရဲ့ Visa ‌က တဆင့် Ausbildung ကိုပြောင်းတော့မယ်ဆိုရင် ဒီအချက်လေးက သင့်အတွက်ပါ‌ေနာ်။ ပထမ ဂျာမနီရောက်လာတဲ့ Visa သက်တမ်းကလဲ ကုန်တော့မယ်။ နောက်ထပ် Ausbildung စလုပ်ရမဲ့ ရက်ကလဲ မရောက်သေးဘူး။ တစ်လလောက် ထပ်စောင့်ရဦးမယ် ဆိုရင် ဘယ်လိုလုပ်ကြမလဲ၊ တို့အမိမြန်မာပြည်ကိုဘဲ ပြန်လာကြမှာလားဟင်❓
‎
‎🇩🇪 ဂျာမနီနိုင်ငံကို Visa တစ်ခုခုနဲ့ ရောက်နေရင်းကနေ ကိုယ့်ရဲ့ အနာဂတ် ရည်မှန်းချက်ဖြစ်တဲ့ Ausbildung တစ်ခုကို ပြောင်းလဲလျှောက်လှမ်းတော့မယ့် အချိန်မှာ ဗီဇာသက်တမ်းက ကုန်ဆုံးတော့မယ်၊ ဒါပေမဲ့ Ausbildung စတင်ဖို့ သို့မဟုတ် စာချုပ်ချုပ်ဆိုဖို့က တစ်လလောက် လိုနေသေးတယ်ဆိုရင် စိုးရိမ်စရာမလိုပါဘူး။ ဂျာမနီနိုင်ငံရဲ့ ဥပဒေအရ ယာယီနေထိုင်ခွင့် ရယူနိုင်မယ့် လမ်းကြောင်းတွေ ရှိပါတယ် 💫
‎
‎ဒါဆို Fiktionsbescheinigung ဆိုတဲ့ ယာယီနေထိုင်ခွင့် လက်မှတ်ဆိုတာ ဘာလဲ 🤔
‎
‎လက်ရှိ Visa သက်တမ်းမကုန်ဆုံးခင် ဂျာမနီနိုင်ငံမှာ သက်ဆိုင်ရာ နိုင်ငံခြားသားများ ထိန်းသိမ်းရေးရုံးသို့ သွားရောက်ကာ Ausbildung လျှောက်ထားဆဲဖြစ်ကြောင်း သို့မဟုတ် အင်တာဗျူးဖြေဆိုနေဆဲဖြစ်ကြောင်း တရားဝင် အထောက်အထားပြသပါက Fiktionsbescheinigung လို့ခေါ်တဲ့ ယာယီနေထိုင်ခွင့် လက်မှတ်ကို ထုတ်ပေးပါတယ်။ ဒီလက်မှတ်က ကိုယ့်ရဲ့ ဗီဇာသက်တမ်း တရားဝင် ဆက်လက်ရှိနေသေးကြောင်း သက်သေခံပေးပါတယ် 🐾
‎
‎🏆 အကယ်၍ အဲ့ဒီယာယီကာလအတွင်းမှာ Ausbildung နေရာရရှိသွားပြီး ကုမ္ပဏီနဲ့ တရားဝင် စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီဆိုရင်လည်း မြန်မာနိုင်ငံကို ပြန်စရာမလိုဘဲ ဂျာမနီနိုင်ငံထဲမှာတင် လက်ရှိ Visa ကနေ Ausbildung Visa သို့ တိုက်ရိုက် ပြောင်းလဲလျှောက်ထားနိုင်ပါတယ်။ ကြိုတင်ပြင်ဆင်ထားရမည့် အချက်များကိုသိမှတ်သလောက်ဖော်ပြပေးပါမယ်။ လက်ရှိ ဗီဇာသက်တမ်း မကုန်ဆုံးမီ အစောပိုင်းကတည်းက နိုင်ငံခြားသားများရုံးထံ ချိန်းဆိုမှုကို ကြိုတင်ယူထားဖို့ အလွန်အရေးကြီးပါတယ်။ Ausbildung လျှောက်ထားနေကြောင်း ပြသတဲ့ ကုမ္ပဏီတွေရဲ့ တုံ့ပြန်ချက် အီးမေးလ်များ၊ အင်တာဗျူးခေါ်စာများ၊ ဘာသာစကား လက်မှတ် B1၊ B2 နဲ့ ငွေကြေးလုံလောက်မှု အထောက်အထားတွေကို အသင့်ပြင်ထားရပါမယ် 🎓✨
‎
‎ဂျာမနီနိုင်ငံရဲ့ ရွှေ့ပြောင်းနေထိုင်မှု ဥပဒေတွေက လမ်းကြောင်းပြောင်းလဲချင်တဲ့သူတွေအတွက် အခွင့်အလမ်းပေးထားပေမဲ့ အဓိကကတော့ အချိန်မီ ကြိုတင်ပြင်ဆင်မှု လုပ်ဖို့နဲ့ သက်ဆိုင်ရာ ရုံးလုပ်ငန်းတွေကို အချိန်နှင့်တပြေးညီ လုပ်ဆောင်ဖို့ပါဘဲနော်။
‎
‎လက်ရှိ Visa လေး ကုန်သွားရင်လည်း အမိပြည်ကို ပြန်လာစရာမလိုတော့ဘူး။ မကုန်ခင်ကတည်းက ယာယီနေထိုင်ခွင့်လေး ဆက်လျှောက်ထားလို့ရပါပြီနော် 😍

သင့်ရဲ့ ခရီးစဉ်အကြောင်း ပိုမိုသိရှိလိုပါက Page ကို Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်!
‎ #ဂျာမနီ

Glück oder Pech ? 🇩🇪🍀‎‎ကံကောင်းခြင်းလား💫၊ ကံဆိုးခြင်းလား😈 ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ယုံကြည်မှုတစ်ချို့ကို ဖော်ပြပေးချင်ပါ...
07/09/2026

Glück oder Pech ? 🇩🇪🍀
‎
‎ကံကောင်းခြင်းလား💫၊ ကံဆိုးခြင်းလား😈 ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ယုံကြည်မှုတစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။ ဂျာမနီရောက်သွားရင်လည်း အစိမ်းသက်သက် မဖြစ်ရ‌​လေအောင်‌ တစ်စိတ်တစ်ပိုင်းအနေနဲ့ သိမှတ်သလောက်ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဂျာမနီနိုင်ငံနဲ့ ဥရောပယဉ်ကျေးမှုတွေမှာ ရိုးရာဓလေ့နဲ့ နေ့စဉ်ဘဝနဲ့ ဆက်စပ်နေတဲ့ စိတ်ဝင်စားစရာ အယူအဆတွေ အများကြီးရှိပါတယ်။
‎
‎​၁။ မြင်းခွာ
‎
‎မြင်းခွာကို အိမ်တံခါးဝအထက်မှာ ချိတ်ဆွဲထားရင် ကံကောင်းခြင်းနဲ့ စည်းစိမ်ဥစ္စာ ဝင် ရောက်လာတယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမဲ့ မြင်းခွာရဲ့ အခေါင်းပေါက် အနေအထားက အပေါ်ကိုလှည့်နေရင် ကံကောင်းခြင်းတွေ စုဆောင်းမိတယ်လို့ ယူဆကြပြီး၊ အောက်ဘက်ကို လှည့်နေရင်တော့ ကံကောင်းခြင်းတွေ စီးကျကုန်မယ်လို့ အချို့က ယုံကြည်ကြပါတယ်။ တချို့ယဉ်ကျေးမှုတွေမှာတော့ မြင်းခွာက မကောင်းဆိုးဝါးကို အိမ်ထဲမဝင်နိုင်စေရန် အဆောင်အနေနဲ့ အိမ်ရှေ့တွင် ချိတ်ဆွဲ ကာကွယ်ထားလေ့လဲရှိပါသေးတယ် 😈🚫
‎
‎​၂။ မှန်ကွဲခြင်း
‎
‎မှန်တစ်ချပ် မတော်တဆ ကွဲသွားရင် ကံဆိုးမိုးမှောင်ကျမယ် ဆိုတဲ့ ရှေးဟောင်းအယူအဆ ဂျာမနီမှာ ရှိပါတယ်။ ရှေးခေတ်က မှန်ဟာ အလွန်တရာ ရှားပါးပြီး တန်ဖိုးကြီးမားတာကြောင့် အစောင့်အရှောက် သတိထားမိစေဖို့ ဒီလို အယူအဆကို ထွင်ခဲ့ကြတာ ဖြစ်ပါတယ်။‌ ဒါပေမဲ့လည်း အယူအဆ အချို့တွေက အခုထိ လက်တွေ့လိုလို ယူဆနေကြတုန်းဘဲဖြစ်ပါတယ် 🪞
‎
‎​၃။ သောကြာနေ့ နံပါတ် ၁၃
‎
‎သောကြာနေ့နဲ့ နံပါတ် ၁၃ တိုက်ဆိုင်တဲ့ရက်မှာ မကောင်းတာတွေ ဖြစ်တတ်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမဲ့ အစိုးရရဲ့ အာမခံစာရင်းဇယားအချို့ တွေအရ ဒီလိုရက်မျိုးမှာ ပုံမှန်ရက်တွေထက် မတော်တဆမှုတွေ ပိုများတယ်ဆိုတာကို လုံးဝ မထောက်ခံထားပါဘူး။ ဒါကြောင့် ဒါဟာ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အစွဲအလမ်းတစ်ခု သက်သက်သာ ဖြစ်ပါတယ်လို့ဆိုထားပါတယ်။ ဒါပေမဲ့ တချို့တွေကတော့ တော်တော်ကြောက်ကြပါတယ် 1️⃣3️⃣
‎
‎​၄။ ကံကောင်းစေသော ဝက်ရုပ်ကလေး 🐷
‎
‎ဝက်ရုပ်ငယ်လေးတွေ အထူးသဖြင့် နှစ်သစ်ကူးအချိန်တွေမှာ ပေးကမ်းတာဟာ ကံကောင်းခြင်းနဲ့ ငွေကြေးတွေကို ယူဆောင်လာတယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် ငွေစုရင် ဝက်ရုပ်စုဗူးလေးနဲ့ စုကြတာဖြစ်ကြပါတယ်။ ဂျာမန်ဘာသာစကားမှာ Schwein haben ဆိုတဲ့ စကားပုံရှိပြီး ကံကောင်းသွားတယ် လို့လည်း အဓိပ္ပာယ်ရပါတယ်။ ရှေးခေတ်က ဝက်ပိုင်ဆိုင်သူဟာ ချမ်းသာသူကို ကိုယ်စားပြုတာကြောင့် ဒီလို အသုံးအနှုန်း ပေါ်လာရခြင်း ဖြစ်ပါတယ် 🐽
‎
‎​၅။ အမည်း‌ေရာင်ကြောင် 🐾
‎
‎အမည်းရောင်ကြောင်က ကိုယ့်ရှေ့ကနေ ဖြတ်သွားရင် မကောင်းဆိုးရွားရဲ့ သင်္ကေတဖြစ်ပြီး ကံဆိုးစေတယ်လို့ အယူအဆရှိပါတယ်။ ဒါပေမဲ့ ကြောင်ရဲ့ ဘယ်ဘက်ကနေ ဖြတ်သွားတာက တစ်မျိုး၊ ညာဘက်ကနေ ဖြတ်သွားတာက တစ်မျိုး အဓိပ္ပာယ် ကွဲပြားတတ်ပြီး ယနေ့ခေတ် လူငယ်တွေကြားမှာတော့ ဒါဟာ ရိုးရာပုံပြင်တစ်ခုအနေနဲ့သာ ကျန်ရှိပါတော့တယ်။ မြန်မာပြည်မှာတော့ ကြောင်မြင်တိုင်းချစ်ကြပါတယ်နော်။ တချို့တွေရဲ့ယုံကြည်ချက်အရတော့ ကြောက်နက်က အလောင်းကိုကျော်သွားရင် ဖုတ်ဝင်တယ်ဆိုပြီးလည်း ပြောကြပါသေးတယ် 🥲
‎
‎​၆။ လေးရွက်ပါ Clover 🍀
‎
‎အရွက်လေးရွက်ပါတဲ့ Clover ကို ရှာတွေ့ရင် ဘဝမှာ အထူးကံကောင်းစေတယ်လို့ ယူဆကြပါတယ်။ သာမန်အားဖြင့် ကလောပန်းတွေက သုံးရွက်သာ ပါရှိတတ်ပြီး အရွက်လေးရွက်ပါဖို့ဆိုတာ အလွန်တရာ ရှားပါးတာကြောင့် ရှာတွေ့သူဟာ ကံကောင်းသူလို့ သတ်မှတ်ကြခြင်း ဖြစ်ပါတယ်လို့ ယုံကြည်ကြတာဘဲဖြစ်ပါတယ် ✨
‎
‎သင့်ရဲ့ ခရီးစဉ်အကြောင်း ပိုမိုသိရှိလိုပါက Page ကို Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်!
‎ #ဂျာမနီ

‎DAAD 🏆 အ‌ကြောင်း 🎓✨‎‎ဂျာမနီမှာ University တက်ဖို့ စဉ်းစားနေပြီဆိုရင် DAAD ဆိုတဲ့နာမည်ကို ‌မြင်ဖူးကြမှာပါ။ DAAD ဆိုတာ Un...
06/09/2026

‎DAAD 🏆 အ‌ကြောင်း 🎓✨
‎
‎ဂျာမနီမှာ University တက်ဖို့ စဉ်းစားနေပြီဆိုရင် DAAD ဆိုတဲ့နာမည်ကို ‌မြင်ဖူးကြမှာပါ။ DAAD ဆိုတာ University တစ်ခုလား၊ ပညာသင်ဆုတစ်ခုလား ဒါမှမဟုတ် ဂျာမနီအစိုးရရဲ့ အဖွဲ့အစည်းတစ်ခုလား ဆိုတာကို‌ ခွဲခွဲခြားခြားသိသွားအောင် ပြောပြပေးသွားပါမယ်။
‎
‎တကယ်တော့ DAAD ဟာ Deutscher Akademischer Austauschdienst (German Academic Exchange Service) ဖြစ်ပြီး ဂျာမနီနဲ့ နိုင်ငံတကာအကြား ပညာရေးကို မြှင့်တင်ပေးနေတဲ့ အရေးကြီးတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ် 🎓🌍
‎
‎ထိုအဖွဲ့အစည်းမှ Scholarship တွေကို နှစ်စဉ်၊ လစဉ် ပေးလေ့တွေရှိပါတယ်။ Master, PhD နဲ့ Research Program တွေကို ဂျာမနီမှာ ဆက်လက်သင်ယူချင်တဲ့ ကျောင်းသားတွေအတွက် DAAD က ပညာသင်ဆုအစီအစဉ်များစွာကို ပံ့ပိုးပေးထားပါတယ်။ ဒါကြောင့် ဂျာမနီမှာ Scholarship နဲ့ ပညာသင်ဖို့ စိတ်ကူးရှိရင် DAAD Scholarship Database ကို သိထားတာ အရမ်းအသုံးဝင်ပါတယ်။ Scholarship တွေလည်း လျှောက်ကြည့်နိုင်ပြီး ကျောင်းစရိတ်ကိုလည်း သိသိသာသာ ချွေတာနိုင်မှာမို့လို့ပါ ✨🤩
‎
‎ ဂျာမနီတက္ကသိုလ်တွေကို ရှာဖွေဖို့လည်း ကူညီပေးတယ်နော်။ ဒါပေမဲ့ DAAD ဟာ University တစ်ခုမဟုတ်ပါဘူး။ ဂျာမနီနိုင်ငံရဲ့ အဆင့်မြင့်ပညာရေးအဖွဲ့အစည်းတွေ၊ တက္ကသိုလ်တွေ ပူးပေါင်းပါဝင်ထားတဲ့ အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံတကာကျောင်းသားတွေအတွက် ဂျာမနီတစ်ဝန်းက Study Program တွေကို ရှာဖွေစူးစမ်းနိုင်အောင် အချက်အလက်တွေ ပံ့ပိုးပေးပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့ Major က ဘယ် University မှာရှိလဲ၊ ဘယ်လို Program တွေ ရှိလဲဆိုတာ ရှာဖွေဖို့လည်း DAAD ရဲ့ အချက်အလက်တွေကလည်း အထောက်အကူဖြစ်စေပါတယ် 🔎✨
‎
‎Intermational ကျောင်းသားတွေအတွက် လည်း လမ်းညွှန်ပေးတယ်။ ဂျာမနီမှာ ပညာသင်ဖို့ဆိုတာ University ရွေးတာတစ်ခုတည်းနဲ့ မပြီးသေးပါဘူး။ ဘယ် Program ကို ရွေးမလဲ၊
‎ဘယ်လို လျှောက်ထားရမလဲ၊ Admission Requirement တွေက ဘာတွေလဲ၊ ဂျာမနီမှာ ပညာရေးစနစ်က ဘယ်လိုလဲ ဆိုတာတွေကို သိထားရပါမယ်။ စတဲ့ မေးခွန်းတွေရှိလာတဲ့အခါ DAAD ရဲ့ အချက်အလက်တွေက ဂျာမနီမှာ ပညာသင်ဖို့ ပြင်ဆင်နေသူတွေအတွက် အရေးကြီးတဲ့ လမ်းညွှန်တစ်ခု ဖြစ်လာနိုင်ပါတယ် 🎓✨
‎
‎DAAD နဲ့ပတ်သတ်တဲ့ Scholarship အချို့ကိုဖော်ပြပေးသွားပါမယ်။ လျှောက်မဲ့အပိုင်းကိုတော့ ကိုယ့်ဘာသာလုပ်ကြပါဗျာ။
‎
‎https://www.daad.de/en/
‎
‎သင့်ရဲ့ ခရီးစဉ်အကြောင်း ပိုမိုသိရှိလိုပါက Page ကို Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်!
‎ #ဂျာမနီ
‎
‎

‎🇩🇪ဂျာမနီနိုင်ငံရဲ့ ပြတင်းပေါက်ပြသနာ 🪟‎‎မြန်မာနိုင်ငံမှာဆို ပြတင်းပေါက်ဖွင့်မယ်ဆိုရင်‎လက်ကိုင်ကို ဆွဲ၊တွန်း၊ဖွင့် ဆိုတာလ...
02/09/2026

‎🇩🇪ဂျာမနီနိုင်ငံရဲ့ ပြတင်းပေါက်ပြသနာ 🪟
‎
‎မြန်မာနိုင်ငံမှာဆို ပြတင်းပေါက်ဖွင့်မယ်ဆိုရင်
‎လက်ကိုင်ကို ဆွဲ၊တွန်း၊ဖွင့် ဆိုတာလောက်နဲ့ ပြီးသွားတတ်ပါတယ်။ ခင်ဗျားတို့က ဆိုင်တွေမှာ Push ဆိုရင် ဆွဲပြီး Pull ဆိုရင် တွန်းတတ်ကြတယ်မလား 😆။ ဂျာမနီရောက်လာရင်လည်း အဓိက ကြုံရမဲ့ ပြသနာတစ်ခုက ပြတင်းပေါက်ဖွင့်တာပါဘဲ။ ပြတင်းပေါက်လက်ကိုင်ကို လှည့်လိုက်တာနဲ့ ပြတင်းပေါက်က အပေါ်ဘက်ကနေ အနည်းငယ်ပဲ ပွင့်လာတာ၊ တစ်ခါတလေ ဘေးကို အပြည့်ပွင့်လာတာ တွေ ကြုံရနိုင်ပါတယ်။ဟာဘယ်လို‌ေတွတောင် ဖွင့်လို့ရတာလဲ ဆိုပြီး မျက်စိလည်သွားတတ်ပါတယ် 😵‍💫
‎
‎ဂျာမနီမှာ အိမ်တွေ၊ ရုံးတွေမှာ Dreh-Kipp-Fenster လို့ခေါ်တဲ့ ပြတင်းပေါက်ပုံစံကို အများကြီးတွေ့ရပါတယ်။ဒီပြတင်းပေါက်တွေက လက်ကိုင် တစ်ခုတည်းနဲ့ ဖွင့်ပုံ မျိုးစုံရှိပါတယ်နော် 💫
‎
‎1. လက်ကိုင်ကို အောက်တည့်တည့်မှာထားတဲ့အခါ ပြတင်းပေါက်က ပိတ်ထားတဲ့အခြေအနေ ဖြစ်ပါတယ်။ အရင်ဆုံး လက်ကိုင်ကို လှည့်ဖို့အတွက် ပြတင်းပေါက်ကို အတင်းဆွဲတာမျိုး မလုပ်ပါနဲ့✨
‎
‎2. လက်ကိုင်ကို ဘေးဘက် 90° လှည့်လိုက်ရင်‌ေကာ ဘာဖြစ်သွားမယ်ထင်လဲ။ လက်ကိုင်ကို ဘေးဘက်အနေအထားရောက်အောင် လှည့်ပြီး ပြတင်းပေါက်ကို ကိုယ့်ဘက်ဆွဲလိုက်ရင် ပြတင်း‌‌ေပါက် ဘေးကို အပြည့်ဖွင့်နိုင်ပါတယ်။ ‎လေဝင်လေထွက်ကောင်းကောင်းရချင်တဲ့အချိန်၊ ပြတင်းပေါက်ကို အပြည့်ဖွင့်ချင်တဲ့အချိန်မှာ ဒီနည်းကို အသုံးပြုနိုင်ပါတယ် 🪟⚡
‎
‎3. လက်ကိုင်ကို အပေါ်ဘက် 180° လှည့်လိုက်ရင်ကော? ပြတင်းပေါက်ရဲ့ အပေါ်ဘက်က အနည်းငယ် ဟလာပြီး လေဝင်နိုင်တယ်။ အခန်းထဲ လေထုလဲလှယ်နိုင်တယ်။ ပြတင်းပေါက်ကို အပြည့်မဖွင့်ဘဲ လေဝင်လေထွက်လုပ်နိုင်တယ်။ပြီးတော့ မိုးရွာလည်း မိုးစင်လာနိုင်ခြေ အလွန်နည်းပါတယ်။ ....ဆိုတဲ့ အားသာချက်တွေ ရှိကြပါတယ် 💦🪟
‎
‎ မြန်မာနိုင်ငံကနေ ဂျာမနီကို ပထမဆုံးလာမယ့်သူတွေအတွက် ဒီအရာလေးက တော်တော်‌ေလး အရေးကြီးပါတယ်နော်။ နိုင်ငံအသစ်တစ်ခုကို ရောက်တဲ့အခါ ကြီးကြီးမားမား အရာတွေထက် နေ့စဉ်ဘဝမှာ အသုံးပြုရတဲ့ သေးသေးလေးတွေက ပိုပြီးအခက်တွေ့စေနိုင်ပါတယ် 💫
‎
‎သင့်ရဲ့ ခရီးစဉ်အကြောင်း ပိုမိုသိရှိလိုပါက Page ကို Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်!
‎ #ဂျာမနီ
‎
‎

‎🇩🇪ဂျာမနီမှာ ပလတ်ပေါက်တွေကို ဘာလို့ အဝိုင်းပုံလုပ်ထားတာလဲ? 🤔‎‎ဂျာမနီနိုင်ငံရဲ့ လမ်းမတွေပေါ် လမ်းလျှောက်ဖူးရင်ဖြစ်ဖြစ်၊ ဓ...
01/09/2026

‎🇩🇪ဂျာမနီမှာ ပလတ်ပေါက်တွေကို ဘာလို့ အဝိုင်းပုံလုပ်ထားတာလဲ? 🤔
‎
‎ဂျာမနီနိုင်ငံရဲ့ လမ်းမတွေပေါ် လမ်းလျှောက်ဖူးရင်ဖြစ်ဖြစ်၊ ဓာတ်ပုံတွေကြည့်ဖူးရင်ဖြစ်ဖြစ် လမ်းပေါ်က ပလတ်ပေါက်ဖြစ်ဖြစ်၊ အိမ်ထဲက ပလတ်ပေါက်ဖြစ်ဖြစ် အများအားဖြင့် အဝိုင်းပုံဖြစ်နေတာ သတိထားမိကြမှာပါ 👀
‎
‎အဝိုင်းဆိုတော့ ကြည့်ရတာလှလို့လားလို့ထင်မိနိုင်ပါတယ်။ တကယ်တော့ အလှအပအတွက် မဟုတ်ပါဘူး။ ဒီပုံစံနောက်ကွယ်မှာ အရေးကြီးတဲ့ Engineering အကြောင်းပြချက်တစ်ခုရှိပါတယ် 🧠⚙️
‎
‎အဝိုင်းပုံရဲ့ အားသာချက်က ရေမြောင်းအဖုံးက အဝိုင်းဖြစ်နေရင် ဘယ်ဘက်ကိုပဲလှည့်လှည့် အဖုံးရဲ့အကျယ်က အမြဲတမ်း တူနေပါတယ်။ ဒါကြောင့် အဖုံးကို ဘယ်လိုပဲ လှည့်လိုက်ပါစေ အပေါက်ထဲကို လုံးဝ ထိုးကျသွားဖို့ မရှိပါဘူးနော်။ စတုရန်း၊ ထောင့်မှန်စတုဂံပုံတွေကျတော့ ဘေးနှစ်ဘက်အနံထက်၊ ထောင့်ဖြတ်စွန်းနှစ်ခုကို တိုင်းလိုက်တဲ့အလျားက ပိုပြီး ရှည်နေပါတယ်။ အဲ့ဒီတော့ အဖုံးကို မတော်တဆ လှည့်မိပြီး စောင်းသွားတဲ့အခါ အဲ့ဒီပိုရှည်နေတဲ့ ထောင့်ဖြတ်နေရာက အပေါက်ရဲ့ အကျယ်ထဲကို တိုးဝင်သွားနိုင်တဲ့အတွက် အပေါက်ထဲကို ကျွံကျသွားတတ်ပါတယ် ⚡
‎
‎
‎နောက်ထပ်‌ေကာ ဘာကောင်းကွက်ရှိသေးလဲ?
‎
‎အဝိုင်းပုံစံဟာ ဖိအားကိုလည်း ပိုကောင်းကောင်း ဖြန့်ဝေပေးနိုင်ပါတယ်။ လမ်းပေါ်မှာ ကားတွေ၊ ထရပ်ကားတွေ ဖြတ်သန်းသွားတဲ့အခါ Manhole Cover ပေါ်ကို အလေးချိန်နဲ့ ဖိအားတွေ ကျရောက်ပါတယ်။ အဝိုင်းပုံစံက ဖိအားကို အစွန်းတစ်နေရာတည်းမှာ စုမနေစေဘဲ ပတ်ပတ်လည်ကို ဖြန့်ဝေပေးနိုင်တာကြောင့် ခိုင်ခံ့မှုအတွက်လည်း အားသာချက်ရှိပါတယ်။အလုပ်သမားတွေအတွက်လည်း အဆင်ပြေတယ်။ Manhole Cover တွေက တော်တော်လေးလေးပါတယ်။ အဝိုင်းပုံဖြစ်တဲ့အတွက် လက်နဲ့ အလေးချိန်အပြည့်မသယ်ဘဲ လှိမ့်ပြီး ရွှေ့နိုင်တာ ကလည်း အားသာချက်တစ်ခုပါနော် ⭕
‎
‎
‎🔐လုံခြုံရေး၊ ခိုင်ခံ့မှု ၊ အသုံးပြုရလွယ်ကူမှု တို့အတွက် အဓိကထား ရည်ရွယ်ပြီး နည်းပညာရှင်တွေက ပြုလုပ်ထားတာမို့လို့ တကယ်ကိုပြောင်မြောက်တဲ့ နည်းပညာလို့တောင် တင်စားရနိုင်ပါတယ်နော် 🤖
‎
‎ဒါဆို ဂျာမနီမှာပဲ အဝိုင်းပလတ်ပေါက်တွေရှိတာလားဆိုတော့လဲ မဟုတ်ပါဘူးနော်။ Manhole Cover တွေကို အဝိုင်းပုံပြုလုပ်တာက ဂျာမနီတစ်နိုင်ငံတည်းရဲ့ ထူးခြားချက်မဟုတ်ဘဲ ကမ္ဘာတစ်ဝှမ်းမှာ အများကြီးတွေ့ရတဲ့ Engineering Design တစ်ခု ဖြစ်ပါတယ်။ တစ်ခါတလေ ကိုယ့်အနားမှာ နေ့တိုင်းမြင်နေရတဲ့ ပလတ်ပေါက်အဖုံးတစ်ခု လောက်ကိုပဲ သတိထားကြည့်လိုက်ရင် အဲ့ဒီနောက်ကွယ်မှာ လုံခြုံရေး၊ ရူပဗေဒနဲ့ အင်ဂျင်နီယာပညာ တွေ ပေါင်းစပ်ထားတာကို တွေ့ရနိုင်ပါတယ် ⚛️
‎
‎ဒါကြောင့် နောက်တစ်ခါ လမ်းပေါ်မှာ အဝိုင်းပလတ်ပေါက်အဖုံး တစ်ခုတွေ့ရင် အဝိုင်းဆိုတာ ရိုးရိုး Design မဟုတ်ဘူးနော်လို့ တွေးမိသွားနိုင်ပါတယ် 🇩🇪
‎သင့်ရဲ့ ခရီးစဉ်အကြောင်း ပိုမိုသိရှိလိုပါက Page ကို Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်!
‎ #ဂျာမနီ
‎
‎

Adresse

Berlin
11291

Website

Benachrichtigungen

Erfahren Sie als Erste/r von Neuigkeiten und Aktionen: Wir schicken Ihnen eine E-Mail, wenn Aric-Unterwegs etwas veröffentlicht. Ihre E-Mail-Adresse wird für keinen anderen Zweck verwendet, und Sie können sich jederzeit abmelden.

Verknüpfungen

Teilen

Kategorie