Snow's Vlog

Snow's Vlog Visual Storyteller

28/08/2024
28/08/2024
မြို့ ငယ်လေးရဲ့ လမ်းမပေါ်မှာ လမ်းလျှောက်နေတယ်.လမ်းမရဲ့ ဘေး တစ်ဘက် စီဘက်မှာ နှစ်ထပ်အိမ်လေးတွေ. လမ်းမပေါ်ကနေ တဆင့် အိမ်တွေကိ...
15/06/2024

မြို့ ငယ်လေးရဲ့ လမ်းမပေါ်မှာ လမ်းလျှောက်နေတယ်.လမ်းမရဲ့ ဘေး တစ်ဘက် စီဘက်မှာ နှစ်ထပ်အိမ်လေးတွေ. လမ်းမပေါ်ကနေ တဆင့် အိမ်တွေကို ကျော်ပြီး လှမ်းကြည့်ရင် ၊အနောက်မှာ မြစ်၊ ဟိုဘက်ကမ်းကို ကူးလို့ ရတဲ့ ဆိပ်ကမ်း၇ှိတယ်၊ အိမ်လေးတွေ ရဲ့ အောက်မှာ ဈေးဆိုင်လေးတွေ ခင်းထားတယ်။ အသီးအရွက် အစုံ၊ တစ်ချို့ အိမ်ရဲ့ အောက်မှာ ငါးဆိုင်ငယ်လေးရှိတယ်။အိမ်တစ်အိမ်ရှေ့ မှာရပ်လိုက်ပြီး မှို ငယ်လေးတွေ ၀ယ်တယ်။ ဆိုင်ရှင်က အရမ်းသဘောကောင်းပြီး မှိုတွေ အများကြီးထည့်ပေးလိုက်တယ်။ တခြားအပို ဟင်းသီးဟင်းရွက် တွေလည်း ပေးတယ်။ အိမ်ဆိုင်လေးက နှစ်ထပ်အိမ်၊ အောက်မှာ ပျဉ်ထောင်နဲ့ အပေါ်မှာ က အုတ်နဲ့ ဆောက်ထားတဲ့ အိမ်လေးတွေ။ကျမ အဲဒီနေရာကို ဘယ်လို ဖြစ်ပြီးရောက်လာမှန်း မသိဘူး။ အိမ်ကို ဘယ်လို ပြန်ရမလဲ လို့ မေးမိတယ်။ ဈေးရောင်းသူ အဒေါ်ကြီးက ပြောတယ် ဒီလမ်းအတိုင်းတည့်တည့် ပဲသွားပါတဲ့။လမ်းမကြီးဘက်ကို လှမ်းကြီးတော့ လမ်းကလည်း ဖြူးနေတာပဲ။ လမ်းပေါ်မှာလည်း သွားလာနေတဲ့သူ တစ်ယောက်မှတောင် မတွေ့ ရဘူး။လမ်းနဲ နဲဆက်လျှောက်သွားတယ်။ ငါးရောင်းတဲ့ အိမ်တွေ့ တယ်။ ငါးက ရေငံငါး ဖြူဖြူ ရှည်ရှည်လေး၊ အကျည်းခွံ မပါ၊ သူ ကလည်းငါးကို ဈေးတန်တန်လေးနဲ့ ရောင်းပေးပြန်တယ်။ ခြင်းထဲမှာ အရွက်တွေကော ငါးတွေကော အပြည့်ပဲ။ သူ့ ကိုလည်း ထပ်မေးကြည့်တယ်၊ ငါ့အိမ်ကို ဘယ်လိုပြန်ရမလဲလို့ ၊ ဟိုးဘက်မြစ်ကို ကူးပြီး ပြန်လို့ ရတယ်။ ဒါပေမယ့် ဒီအတိုင်းတည့်တည့်ပဲသွားပါတဲ့၊ လှမ်းကြည့်လိုက်တော့ လမ်းမက ကြီးက ဖြူးနေတာပဲ၊ လမ်းပေါ်မှာ ကားတွေလည်း မရှိဘူး။လူတွေလည်း မရှိဘူး။ လမ်း ပေါ်မှာ လမ်း လျှောက်နေရင်း အမျိုးသမီး တယောက်က သူ့ အိမ်ပေါ်တက်လာဖို့ ဖိတ်တယ်။သူ့ ရဲ့ အိမ်ပေါ်ကို တက်လိုက်တာ ပြတင်းပေါက်တံခါးဖွင့်ထားတဲ့ နေရာမှာ မတ်တပ်ရပ်လိုက်မိတယ်။ ပြတင်းပေါက်ကနေ ကြည့်လိုက်တာ အရမ်းကို လှပြီး အရောင်စုံတဲ့ အလင်းတန်းတွေနဲ့  အရောင်တွေကို စကြာဝဋ္ဌာမှာ တွေ့ လိုက်ရတယ်။ လှလိုက်တာ ကြယ်တွေအများကြီး တဖွားဖွားနဲ့ ပျံနေတာရယ်၊ အရောင်စုံ အလင်းတန်းတွေကလည်း တဖွားဖွား မိုးပေါ်ကို ပျံပြီး တောက်ပပြီး လှလိုက်တာ၊ ဘယ်လောက်တောင်လှလိုက်တဲ့ ကောင်းကင်ကြီးလည်းဟယ် လို့ ပြောမိပြီး ဆက်ကြည့်နေမိတယ်။ အရောင်စုံ မီးတန်းတွေ တဖွားဖွားပွင့်ပြီး ဟိုး အပေါ်ကိုပျံတက်သွားတာ မြင်ရတာ စိတ်ထဲ မှာ အေးငြိမ်းချမ်းသာ ခြင်း၊ ပြီးပြည့်စုံခြင်းဆိုတဲ့ ခံစားချက်တွေကို ခံစားနေရတယ်။ ကြည့်လို့ မ၀တဲ့ လှလိုက်တဲ့ ကောင်းကင်ကြီးရယ် ဆက်ကြည့်နေမိတယ်၊ အိမ်မက်က နိုးလာတယ်၊ နှလုံးသားထဲမှာ ပြီးပြည့်စုံ ပျော်ရွှင်တဲ့ အဲဒီအရသာ ကို ခံစားနေရဆဲပဲ။ သိပ်လှတဲ့ စကြာဝဋ္ဌာမြင်ကွင်းကို ကြည့်လို့ မ၀သေးဘူး၊ မျက်လုံးကို ပြန်မှိတ်ပြီး အိမ်မက်ကမ္ဘာထဲကို ပြန်ဝင်တယ်။ အရောင်တွေ တလက်လက်တောက်ပနေတဲ့ ဂလက်ဇီကောင်းကင်ကြီး ကို ဆက်ကြည့်နေမိတယ်။

Adresse

Friesenstrasse
Berlin
10965

Benachrichtigungen

Erfahren Sie als Erste/r von Neuigkeiten und Aktionen: Wir schicken Ihnen eine E-Mail, wenn Snow's Vlog etwas veröffentlicht. Ihre E-Mail-Adresse wird für keinen anderen Zweck verwendet, und Sie können sich jederzeit abmelden.

Service Kontaktieren

Nachricht an Snow's Vlog senden:

Verknüpfungen

Teilen