05/19/2026
OACETT certification process ကို စိတ်ဝင်စားတဲ့သူတွေအတွက် Associate Member ကနေ Certified Member (C.Tech / C.E.T.) ဖြစ်တဲ့အထိ ကိုယ်တိုင်ဖြတ်သန်းခဲ့တဲ့ process ကို knowledge sharing အနေနဲ့ မျှဝေပေးချင်ပါတယ်
(Applicant တစ်ယောက်နဲ့တစ်ယောက် assessment requirement က education နဲ့ experience ပေါ်မူတည်ပြီး မတူနိုင်ပါဘူးနော်
Part -1 အနေနဲ့ Associate member ကနေ Certified member process ကို အရင် ရှင်းပြသွားပါမယ်
Step 1 — OACETT Associate Member လျှောက်ခြင်း
ပထမဆုံး OACETT Associate Member အနေနဲ့ apply လုပ်ရပါတယ်။
ပုံမှန်လိုအပ်တတ်တဲ့ documents တွေက —
• Diploma / Degree Certificate
• Official & Unofficial Transcript
• Resume
• Job Description
• ID documents
• Canada မှာရှိတဲ့ status proof (Visa / PR / Citizenship)
• English Language Qualification
• Professional References
English မဟုတ်တဲ့ documents တွေဆို translation / notarization လိုနိုင်ပါတယ်
Documents submit လုပ်ပြီးရင် OACETT က ကိုယ့် academic background နဲ့ work experience ကို assessment လုပ်ပါတယ်။
Step 2 — Academic & Experience Assessment
ဒီအဆင့်မှာ OACETT က ကိုယ့် background က
✅ C.Tech pathway လား
ဒါမှမဟုတ်
✅ C.E.T pathway လား ဆိုတာ determine လုပ်ပေးပါတယ်။
လူတော်တော်များများက C.Tech နဲ့ C.E.T ကို ကိုယ်ရွေးလို့ရတယ်ထင်ကြပေမယ့် တကယ်တော့ OACETT assessment ပေါ်မူတည်တာပါ
Assessment လုပ်တဲ့အခါ —
• Education length
• Subjects studied
• Technical responsibility
• Work experience level တို့ကိုကြည့်ပြီး pathway assign လုပ်ပါတယ်။
C.Tech နဲ့ C.E.T ဘာကွာလဲ?
✅ C.Tech (Certified Technician)
ပုံမှန်အားဖြင့် —
• 2-year technician diploma
• Technician level responsibilities
• Support / implementation focused roles ရှိသူတွေကို assign လုပ်တတ်ပါတယ်။
✅ C.E.T. (Certified Engineering Technologist)
ပုံမှန်အားဖြင့် —
• 3-year technologist diploma or degree-equivalent education
• Higher technical responsibility
• Design, analysis, coordination, problem-solving work ရှိသူတွေကို assign လုပ်တတ်ပါတယ်။
Internationally educated applicants တွေအတွက်တော့ ကိုယ့် education ကို Canadian standard နဲ့ compare လုပ်ပြီး pathway determine လုပ်ပေးတာပါ
Hera ရဲ့ Pathway → C.E.T.
Hera ရဲ့ assessment result အရ OACETT က C.E.T pathway assign ပေးခဲ့ပါတယ်
Requirement list ထဲမှာ —
✅ English Language Benchmark
✅ Graduation from a 3-Year Acceptable Academic Program
✅ Minimum 2 Years of Acceptable Work Experience at Technologist Level
✅ Professional Practice Exam (PPE)
✅ Technology Report Proposal
✅Technology Report တို့ပါဝင်ပါတယ်။
Step 3 — PPE (Professional Practice Exam)
Eligibility approval ရပြီးမှ PPE exam register လုပ်လို့ရတာပါ 😊
အခု PPE exam က online on-demand system ဖြစ်တဲ့အတွက် fixed exam date မရှိတော့ပါဘူး။
Eligibility ရပြီးတာနဲ့ anytime register လုပ်ပြီး ကိုယ်အဆင်ပြေတဲ့နေ့ online ဖြေလို့ရပါတယ်
Step 4 — Technology Report
C.E.T applicants တချို့အတွက် —
• Technology Report Proposal
• Technology Report တင်ရပါတယ်။
ဒီ report က ကိုယ့် technical/project experience အပေါ်အခြေခံပြီးရေးရတာဖြစ်ပြီး
technical knowledge, problem-solving skill, communication ability နဲ့ professional competency တွေကို demonstrate လုပ်ရတာပါ
Final Step — Certified Member
Assign ပေးထားတဲ့ requirements အားလုံး complete ဖြစ်သွားရင် —
✅ Academic requirement
✅ Work experience
✅ PPE exam
✅ Technology report (if assigned)
✅ Reference & document review
ပြီးတဲ့အခါ Official Certified Member designation ရရှိနိုင်ပါတယ်
ဆိုလိုတာက —• C.Tech ဒါမှမဟုတ်• C.E.T. designation ကို officially အသုံးပြုလို့ရသွားတာပါ
International students နဲ့ internationally educated professionals တွေအတွက် ဒီ process က အချိန်ယူရပေမယ့် Canada မှာ professional recognition ရဖို့ အရေးကြီးတဲ့ journey တစ်ခုလို့ ထင်ပါတယ် 🇨🇦😊
Part-2 မှာ
ဘယ် diploma/degree တွေ accept ဖြစ်လဲ?
Job description ဆိုတာဘာလဲ?
Professional reference ကဘာလဲ?
English language requirement ကဘာလိုတာလဲ?
Part -3 မှာ
PPE / IEPPE Exam ဆိုတာဘာလဲ?
PPE နဲ့ IEPPE ကဘာကွာလဲ?
ဘယ်အချိန် register လုပ်လို့ရလဲ?
Study Package ကဘာတွေပါလဲ?
OACETT PPE / IEPPE ကို Self-Study ဘယ်လိုလုပ်သင့်လဲ?
ဆက်ရေးသွားပေးမှာမလို့ စောင့်ဖတ်ပေးပါနော်
If the path to what you want seems too easy, then you are on the wrong path.
(မင်းသွားချင်တဲ့ လမ်းကြောင်းက လွယ်လွန်းနေရင် မင်းလမ်းကြောင်းက မှားနေပြီ)
Hera diary in Maple Land 🍁
Keep on going and Keep smiling 😊