We Love Poem-Myanmar

We Love Poem-Myanmar I have a dream.

"တော်ဝင်နှင်း "နှင်းငွေရီမုံမြ ဖြူလွလွပုလဲသွယ်  ဟန်ချီတင့်တယ်။ယဉ်လွန်းတဲ့ပန်းစံပယ်မျက်ကွယ်မှာသူပြုံး။နှုတ်ခမ်းလွှာနီကြင်...
13/03/2026

"တော်ဝင်နှင်း "

နှင်းငွေရီမုံမြ
ဖြူလွလွပုလဲသွယ်
ဟန်ချီတင့်တယ်။

ယဉ်လွန်းတဲ့ပန်းစံပယ်
မျက်ကွယ်မှာသူပြုံး။

နှုတ်ခမ်းလွှာနီကြင်ကြင်နဲ့
ပါးပြင်ဝယ်မြရေစီးပါလို့
မြင်ပြီးသူလည်ပြန်ငေးရတယ်
တွေးလို့မဆုံး။ ။

တြိချိုး နွယ်ဦးမောင်(သို့)
13/3/2026

"ခေါင်ရန်းပန်း" ရိုးတံညွတ်သွယ် ပွင့်ချပ်ရယ်နုကြည်လှ ကတ္တီပါစ။ အရောင်သွေးစို့ပမာရနံ့သာမစွမ်းသာ ခန္ဓာဟာမြ။       ။ဒွေးချို...
23/02/2026

"ခေါင်ရန်းပန်း"

ရိုးတံညွတ်သွယ်
ပွင့်ချပ်ရယ်နုကြည်လှ
ကတ္တီပါစ။

အရောင်သွေးစို့ပမာ
ရနံ့သာမစွမ်းသာ
ခန္ဓာဟာမြ။ ။

ဒွေးချိုး နွယ်ဦးမောင်(သို့)
21/2/2026

"ချစ်သက်"  အမှောင်လျှံလှတဲ့သန်းခေါင်ယံညမှာ အရက်မပါ၊ဆေးလိပ်မဖွာဘဲညိုပြာပြာမျက်ဝန်းရွဲတို့ကြောင့်ရီဝေနေခဲ့တယ်။အဖြူရောင်အပြ...
27/01/2026

"ချစ်သက်"

အမှောင်လျှံလှတဲ့သန်းခေါင်ယံညမှာ
အရက်မပါ၊ဆေးလိပ်မဖွာဘဲ
ညိုပြာပြာမျက်ဝန်းရွဲတို့ကြောင့်ရီဝေနေခဲ့တယ်။
အဖြူရောင်အပြုံးတစ်ပွင့်နဲ့
ဝိုင်းစက်စက်မျက်နှာလေးက
ကိုယ့်နံဘေးနေ့သားတကျ။
လှလွန်းသောပန်းကလေး
လည်တိုင်ဖွေးဖွေးလေး
လေနုအေးခတ်တိုင်း
ကိုယ့်ရင်ထဲပန်းတစ်ထောင်ပွင့်တယ်။
ညအမှောင်ကိုသူ့ကိုယ်ရောင်ဖြိုခွင်းခဲ့။
ကံချင်းဆက်လေး
ဖြတ်ဖို့ခက်တဲ့ဆံယဉ်မျှင်လေး
ငါ့ရဲ့ရမ္မက်တဏှာဟာ
သူ့လက်ချောင်းနုနုလေးတွေမှာတည်သတဲ့။
တယုတယပါပဲအသက်ရာ။
ဘဒ္ဒကမ္ဘာမှာ
ကိုယ်ဟာအမြိုက်တရားကိုရှာတွေ့ခဲ့တယ်ထင်ပါရဲ့။

မော်ဒန် နွယ်ဦးမောင်(သို့)
Jan27/26



" မြရိပ်ချို "ကိုယ်ထည်ဟာကြီးမား အသားမှာ ခပ်ညိုညို ဆံသားစိမ်းစို။မိုးကြီးလည်းသူမယိုလေဖြိုလည်းသူမလဲ။လောက၏အသက်သခင် သစ်ပင်အိ...
11/12/2025

" မြရိပ်ချို "

ကိုယ်ထည်ဟာကြီးမား
အသားမှာ ခပ်ညိုညို
ဆံသားစိမ်းစို။
မိုးကြီးလည်းသူမယို
လေဖြိုလည်းသူမလဲ။
လောက၏အသက်သခင်
သစ်ပင်အိုပဲ။ ။

အပူဒဏ်ကိုသူခံစား
လူများအတွက် အသက်ကူ။
သူဌေးလောင်းလား,နွားကျောင်းသား
မခွဲခြားသူ။
အေးမြရိပ်ဆောင်ကြဉ်းယူ
သုခနိဗ္ဗာန်ထူပေး။
သင်တို့လိုရာယူကြပေးဖို့
သူဝန်မလေး။ ။

အသီးကိုအလှူပြုလို့
ရွက်နုကို တို့မြှုပ်စေ
အသားကိုချွေ။
လိုရာပုံသွင်းပါလေ
ငုတ်တိုပေ ကျန်သည့်ဆဲဆဲ။
ထိုမျှနှင့်မတင်းတိမ်က
ထင်းလုပ်ရန်ခွဲ။ ။

အချိုးတွဲ နွယ်ဦးမောင်(သို့)
11/30/2025


"သာမညလူ" ခေါင်လယ်ကယို အိမ်အိုအိုလေးဟာဖြင့်မိုးစိုလို့ရွှဲ။တစ်ခါတလေပေပေါ့ လေပြည်ညင်းအားက ခေါင်ဖျားကိုခွဲ။       ။ထရံအကာနံ...
03/12/2025

"သာမညလူ"

ခေါင်လယ်ကယို
အိမ်အိုအိုလေးဟာဖြင့်
မိုးစိုလို့ရွှဲ။
တစ်ခါတလေပေပေါ့
လေပြည်ညင်းအားက
ခေါင်ဖျားကိုခွဲ။ ။

ထရံအကာ
နံရံမှာကြယ်တာရာတွေနှင့်
စန္ဒာလမင်း။
အိမ်ခြေရင်းမှာလ
ခြေနင်းရင် သတိထောက်ရတယ်
ကြမ်းပေါက်ကျွံဆင်း။ ။

ဝမ်းရေးဝမ်းစာ
ကွန်ပစ်ကာ ရှာစား။
ဇာတာများညံ့လေသလား
တစ်နေညို တစ်ခါရသည်က
တစ်ဆုပ်စာငါး။ ။

လယ်ခင်းမယ် စားဖွယ်စိုက်ပြန်တော့
ဖြိုးလိုက်တဲ့ ရွှေသီးနှံ
ပိုးထိုးပြည့်လျှံ။
ပြောစမှတ်တွင်ကျန်
ဆိုးလိုက်တဲ့ကံပေလား။
နွေလယ်မှာမိုးသည်းမြိုင်တော့
ချည့်နဲ့ယိုင်အိမ်အိုလေးမှာ
ပြိုလဲလျက်သား။ ။

စုတ်ချာချာ ပျဉ်တဲရယ်နဲ့
မွဲလွန်းတဲ့အကြောင်းကံ
ဘဝအမှန်။
သို့စေကာငါ့၏ထံ
အပူပန်မရှိ။
အဆုတ်တွက်လေ
အသက်ဆက်ရေနှင့်
ပထဝီမြေကြီးပေါ်၌
ငါရှင်နေ၏ ။ ။

အချိုးတွဲ နွယ်ဦးမောင်(သို့)
24/11/2025




10/10/2025

" ထင်ကျန်ရစ်စေ"

လူ့လောကထံ ၊ ရောက်ကြပြန်
ရုပ်နာမ်ရယ်ရ ၊ ခန္ဓာစ၍
တစပြင်တွင်း ၊ ဂူမသွင်းမီ
စိတ်တွင်းလိုအင် ၊ ပြည့်ဝလျှင်လေ
ထိုပြင်မတွေး ၊ လူမှုရေးလည်း
ငါတွေးငါတတ် ၊ ငါရှာတတ်လို့
စဥ်ဆက်ကြီးပွား ၊ ငါခံစားရ
စီးပွားအမြတ် ၊ ငါ့အတွက်ဟု
အတ္တဟိတ ၊ ကြည့်ရှုကြသော
တစ်ဘဝစံ ၊ လူသာမန်တို့။

ဒီမြေ၌စံ ၊ ဒီရေကန်သုံး
နိုင်ငံအကျိုး ၊ မသယ်ပိုးဘဲ
ကိုယ်ကျိုးရှာဖွေ ၊ နေကြပေလျှင်
စုတေချိန်ခါ ၊ ဘဝနာစွ။

လူဟူသမျှ ၊ ကိုယ့်ဘဝမှ
အမိမြေအား ၊ အကျိုးများအောင်
စိတ်ထားမြတ်မြတ် ၊ ဓားတစ်လက်နှယ်
ထားလျှက်ကိုယ်စီ ၊ လုံ့လတည်က
ရာသီနွမ်းလျ ၊ အိုနာရ၍
မရဏလမ်း ၊ လျှောက်ရစမ်းလေ
ဥဒါန်းမကျေ ၊ ရှိနေပေလိမ့်။

ထိုသို့အသိ ၊ ကိုယ့်၌ရှိလျှင်
မိမိနိုင်ငံ ၊ ငါ့နိုင်ငံဟု
နိုင်ငံအကျိုး ၊ စီးပွားတိုးအောင်
စိတ်ကျိုးနွံစွာ ၊ ထမ်းပိုးပါ
ဇရာနှင့်နှိုင်း ၊ ခန္ဓာကိုင်းလည်း
သမိုင်းမသေ ၊ ဂုဏ်သရေမှာ
ခရေပွင့်နှယ် ၊ ကြွေလွင့်ပြယ်တောင်
အစွယ်မကျိုး ၊ ပိုးမထိုးပဲ
အခိုးရနံ့ ၊ ထုံသင်းပျံ့မည်။

နွယ်ဦးမောင်(သို့)





09/10/2025

"ဆောင်းလယ်"

အရုဏ်ဦးခါ
မှုန်ရီပြာထွန်း။
အေးစိမ့်စိမ့်လေနုခွင်း၍
ဆံခြည်မျှင်သွေးကြောတွင်းက
ချမ်းတင်းလို့လွန်း။

တောင်စွယ်မှခပ်ရေးရေး
တိမ်စိုင်တွေဖွေးဖွေးလွင်
ဣဋ္ဌာရုံထင်။
နှင်းနုတို့ရောယှက်စဥ်
လေချိုပင်သွေး။
နေခြည်ရောင်နီမခွင်းနိုင်ဘု
နှင်းဖုံးလို့လေး။

နွယ်ဦးမောင်(သို့)

07/10/2025

" ည၏အမျိုးသမီး "

ညဧကရီရဲ့ ညှို့ယူဖမ်းစားမှုအောက်
ထိပ်ထားဟာ တောက်ပနေ။
ငါသည်တောင်းဝိညာဥ်၌ မွှေ့လျော်။
ညပန်းရုံထိပ်ထား သူသိပ်မာယာများသည်း။
ဖြူနုနုအဆင်း ၊ သင်းမြမြရနံ့ ၊ ဝင်းပပအခတ်တို့ဖြင့်
ဖြေးညင်းစွာ သတ်တတ်သူ။

နွယ်ဦးမောင်(သို့)




" ကျွံ "မှိုင်းညို့ညို့နှလုံးသားတစ်စုံဟာလေစိမ်းဒဏ်ကြောင့် တစ်ဆက်ဆက်တုန်ရီနေလေတယ်။ဖြတ်လို့မရနိုင်ခြင်းဟာ ငါ့လည်ပတ်ကြိုးမိ...
25/06/2025

" ကျွံ "

မှိုင်းညို့ညို့နှလုံးသားတစ်စုံဟာ
လေစိမ်းဒဏ်ကြောင့် တစ်ဆက်ဆက်တုန်ရီနေလေတယ်။
ဖြတ်လို့မရနိုင်ခြင်းဟာ ငါ့လည်ပတ်ကြိုးမို့လား။
ငါဟာလူမဟုတ်ခဲ့ဘူးလား။
သံယောဇဉ်ကြိုး တပတ်လား။
ဒါပေမယ့် ဒီကြိုးဟာ ငါကိုယ်တိုင်ချည်ခဲ့တာပဲ
မဟုတ်လား။
မိုးတိမ်တောင်တွေရွေ့လျားလာတဲ့အောက်မှာ
ငါ့ခန္ဓာဟာအမှောင်ကြသွားခဲ့။
ရွာချင်ရွာပါစေ ၊ စိုချင်စိုပါစေ။
ငါဟာလေလွင့်သူပဲ။
ဦးညွှတ်စရာ သခင်မရှိတော့တဲ့အခါ
လွတ်မြောက်မှုရသွားလေသလော။
သခင်မဲ့သွားတဲ့ခွေးဟာ မရှိခဲ့တဲ့ခွေးထက်
ပိုအားငယ်နေလိမ့်မယ်။
သံယောဇဉ်တို့ ကျွံနှင့်ပြီ။
သြော်.....ငါလဲအတူတူ။
မပိုင်ခဲ့ခြင်းမတိုင်မီ ငါလဲဆိုင်ခဲ့ပါရဲ့။
သို့သော် အပြင်လူတစ်ယောက်အနေနဲ့
နွေးထွေးမှုကိုငေးကြည့်ခွင့်သာကျန်တော့သည်။
နာကျင်မှုတဲ့လား။
စာလုံးပေါင်းရန်ခက်ခဲမိ။
လုပ်ရပ်တိုင်း၌ နာကျင်မှုသည်
ပြုလုပ်ရသည့် အကြောင်းရာပေါ်တွင်သာ
တည်နေမြဲ။
ဒါ့ကြောင့် ငါ........။

နွယ်ဦးမောင်(သို့)

22/06/2025

ရွှေရောင် ဆယ်စုနှစ်များ

နေဝင်ချိန်‌ပေါင်းတစ်ထောင်ကို
ငါတွေ့တယ် ။
ငါ့ရဲ့ ပန်းချီကားတွေဟာ
အပြာရင့်ရောင် နောက်ခံဆေးတွေနဲ့။
ဘဝတွေခက်ခဲပုံများ
တစ်နေ့တာ ဒုက္ခကိုတောင် စာစီမရ။
လူတွေနဲ့ အလက်ဂျစ်ဖြစ်သလို
ဝင်ရိုးစွန်းတွေဆီငါပြေးခဲ့။
ကြယ်အစုအဝေးတွေထိ ငါငေးခဲ့။
ဘေးမိထားတဲ့ အနာဂတ်တွေမှာ
ငါတို့အိမ်မက်တွေဟာ ဝေးခဲ့။
ကန္တာရတိုင်းပြည်ဟာ
ငါတို့ဝမ်းနည်းမှုများနဲ့ စိုစွတ်ခဲ့။
နာကျည်းမှုဝတ္ထုတွေဟာ
ဘဝဆိုတဲ့ခေါင်းစဉ်အောက်မှာ
တသီတသန်းကို ရောက်ခဲ့ရပေါ့။
ငါတို့က
ကိုယ်ပိုင်အရောင်တွေကို
ကုပ်ကပ်တွယ်ရင်း
ပျော်နေကြရတာပဲမလား။
ဒီလိုဘဝသေတွေအကြောင်း
စာအုပ်ထုတ်တဲ့အခါ
ရှိတ်စပီးယားတောင်
ငိုလိမ့်မယ် ။
တကယ်တော့လဲ
ရနံသင်းတဲ့မြေစာပင်တွေပါပဲ။

ကားရို့စ်

Address

Myanmar
Yagon, NSW

Telephone

+959767962989

Website

Alerts

Be the first to know and let us send you an email when We Love Poem-Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to We Love Poem-Myanmar:

Shortcuts

Share

Category